ရွှေ့ပြောင်း လုပ်သားများ အရေးကိစ္စနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အတွက် ရွှေ့ပြောင်း သွားလာခြင်း ဆိုင်ရာ ၅ နှစ်
စီမံကိန်းကို ရေးဆွဲ အကောင်အထည် ဖော်ဆောင် ရွက်သွားဖို့ ရှိတယ်လို့ အလုပ်သမား ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ဆောင်ရွက်ဖို့ အတွက် အလုပ်သမားများ ရွှေ့ပြောင်းမှု၊ စီမံခန့်ခွဲခြင်း စနစ်များ မြှင့်တင်ခြင်းနဲ့ ရွှေ့ပြောင်း အလုပ်သမားများ အတွက် လူမှုရေး ကာကွယ် စောင့်ရှောက်မှု မြှင့်တင်ရေး တို့ကို ဦးစားပေး ဆောင်ရွက် ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဆိုပါ အချက်တွေကို ဆောင်ရွက်ပေး ဖို့အတွက် Labour Migration Policy ရေးဆွဲ ဆောင်ရွက်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။
ဒီလို Labour Migration Policy ရေးဆွဲ ဆောင်ရွက် ရာမှာ ဥပဒေနဲ့ ညီညွတ်ပြီး ဖြစ်နိုင်ချေ ရှိခြင်း၊ ဖြစ်နိုင်ချေ ရှိခြင်း၊ နိုင်ငံတကာသို့ ရှင်းလင်းစွာ ဖော်ပြနိုင်ခြင်းနဲ့ အများ ထောက်ခံ အားပေးမှုတို့ ရရှိအောင်လည်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အခုလက်ရှိ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ လုပ်သား ရေးရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး အနီးစပ်ဆုံး လိုက်လျော ညီထွေ ဖြစ်စေမယ့် Labour Migration Policy ဖြစ်ပေါ်လာဖို့ အတွက် အဓိကထား လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ အာဆီယံ ကြေညာ စာတမ်းမှာ အလုပ်သမား စေလွှတ်တဲ့ နိုင်ငံများနဲ့ လက်ခံတဲ့ နိုင်ငံ များက ဆောင်ရွက်ဖို့တာဝန် ၀တ္တရားများ ပါဝင် ပေမယ့်လည်း အကြောင်း အမျိုးမျိုးကြောင့် အထောက်အထား မရှိဘဲ ပြည်ပနိုင်ငံသို့ သွားရောက် လုပ်ကိုင်နေသူတွေ အတွက် အကျိုးခံစားခွင့် အနေနဲ့ နည်းပါး နေပါတယ်။ ဒါ့ကြောင့် ပြည်တွင်းမှာ ပိုမိုပြီး ပြည့်စုံတဲ့ ရွှေ့ပြောင်း အလုပ်သမား ဆိုင်ရာမူဝါဒ Labour Migration Policy ကို လိုအပ်လျက် ရှိပါတယ်။ အဆိုပါ ပေါ်လစီ ရေးဆွဲပြီး ပါက အလုပ်သမား လက်ခံတဲ့ နိုင်ငံတွေကို အလုပ်သမားများရဲ့ အခွင့်အရေးများ အကာအကွယ် ပေးရေးနဲ့ ရပိုင်ခွင့်တွေ အတွက် တွန်းအားပေး ဆောင်ရွက် သွားနိုင်မှာ ဖြစ်တယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့က မြန်မာ အင်ဖိုတက်မှာ ပြုလုပ်ခဲ့တဲ့ ရွှေ့ပြောင်း လုပ်သားများ အတွက် ဆွေးနွေးခဲ့တဲ့ အလုပ်ရုံ ဆွေးနွေးပွဲမှ သိရပါတယ်။
No comments:
Post a Comment