Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 21 September 2012

အမေရိကန် ကွန်ကရက် ရွှေတံဆိပ် ဆုကို ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် လက်ခံ ရယူခဲ့


အမေရိကန် နိုင်ငံ ၀ါရှင်တန် မြို့တော်၊ Capitol Hill လွှတ်တော် အဆောက်အအုံမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ အမေရိကန်
ကွန်ကရက် လွှတ်တော်က အရပ်သူ၊ အရပ်သားများအား ဂုဏ်ပြု ပေးအပ်တဲ့ ဆုတွေထဲက အမြင့်ဆုံး ဖြစ်တဲ့ အမေရိကန် ကွန်ကရက် ရွှေတံဆိပ် ဆုကို ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်ရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က စက်တင်ဘာလ ၁၉ ရက်နေ့က လက်ခံရယူ ခဲ့တယ်လို့သိရပါတယ်။

အဆိုပါ အခမ်းအနားကို အမေရိကန် လွှတ်တော် အမတ်များ၊ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်နဲ့ အမေရိကန် သမ္မတဟောင်း ကတော် လော်ရာဘုရှ်တို့ တက်ရောက်ခဲ့ ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနဲ့ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသန်းဆွေ တို့လည်း တက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။ အဲ့ဒီ ဆုချီးမြှင့်မှု အခမ်းအနားမှာ ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ရရှိခဲ့တဲ့ ဆုကို အောက်လွှတ်တော် ဥက္ကဌ ဂျွန်ဘိုနာက ပေးအပ် ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အခမ်းအနားမှာ ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်း တစ်ရပ် ပြောကြား ခဲ့ပါတယ်။ အဆိုပါ မိန့်ခွန်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော် ထူထောင်ရေး လုပ်ငန်းစဉ် များမှာ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် များကြောင့် ဖြစ်ပေါ်လာရ ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ ပါတယ်။ ဒါ့အပြင် သမ္မတကြီးရဲ့ ဦးဆောင်မှု နဲ့အတူ သက်တမ်းနုနယ် ပေမယ့်လည်း လျင်မြန်စွာ ရင့်ကျက် လာနေပြီ ဖြစ်တဲ့ ဥပဒေပြု အဖွဲ့အစည်းနဲ့ ဒီမိုကရေစီ တန်ဖိုးတွေကို တန်ဖိုး ထားတဲ့ မြန်မာပြည်သူ ပြည်သား တွေဟာ မြန်မာနိုင်ငံကို ထိုက်သင့်တဲ့ နေရာမှာ တစ်ခုကို ရောက်ရှိနိုင် စေဖို့အတွက် လက်တွဲ ကြိုးပမ်း ရှေ့တိုး ဆောင်ရွက် သွားနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီ အခမ်းအနားကို မြန်မာနိုင်ငံမှ ၀န်ကြီး ဦးအောင်မင်း ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အတွက်လည်း လွန်စွာ အားတက်မိကြောင်း ထည့်သွင်း ပြောကြား ခဲ့ပါတယ်။

အဆိုပါ မိန့်ခွန်း ပြောကြားမှုမှာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးနဲ့ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ် များရဲ့ အနာဂတ် အပေါ်မှာ ယုံကြည်မှုများ ပိုမိုတိုးပွား လာစေပြီး ရှေ့ခရီးမှာ ရင်ဆိုင်ဖြတ်သန်း ရဦးမယ့် အခက်အခဲ အတားအဆီးများ အားလုံးကို ကမ္ဘာ့ မိတ်ဆွေများနဲ့ ကူညီ ပံ့ပိုးမှုနဲ့အောင်မြင်စွာ ကျော်လွှား နိုင်မယ်လို့ ယုံကြည်မှု အကြောင်းတွေ ကိုလည်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အရေး လှုပ်ရှားမှု အရှိန်အဟုန်ကို ဆက်ထိန်း ထားနိုင်ဖို့ အတွက် အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှု အပေါ် မှီခိုဖို့ မသင့်ဘူးလို့ယူဆပြီး ဒီမိုကရေစီ ရှေ့ခရီးကို မိမိတို့ ကိုယ်ပိုင် စွမ်းအားနဲ့သာ ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း မိန့်ခွန်းမှာ ထည့်သွင်း ပြောကြား သွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆုလက်ခံ ရယူအပြီးမှာ အမေရိကန် သမ္မတ အိုဘားမား နဲ့လည်း နာရီဝက်ခန့် သီးသန့်တွေ့ဆုံ ခဲ့တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့