Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 23 September 2012

အညတရ ၏ ကဗျာ

အို အသင်လောက….

သင်သည် …..
ငါ၏ နာကျင်ခြင်းတို့အားပျက်ရယ်ပြုသော်ငြား
ငါ၏ မှန်ကန်သော ခံယူချက်တို့ကိုတော့ ပျောက်ပျက်စေလိမ့်မည်မဟုတ်။

သင်သည် …..
ငါ၏ မာန်မာနတို့အား ရိုက်ချိုးသော်ငြား
ငါ၏ ဦးခေါင်းကား သင့်ထံငုံ့လျှိုးသွားလိမ့်မည်မဟုတ်။

သင်သည် …..
ငါ၏ ယုံကြည်မှုတို့အား နှိမ်နင်းနိုင်သော်ငြား
ငါ၏ ရိုးသားမှုကို သင်နှုတ်ယူနိုင်လိမ့်မည်မဟုတ်။

သင်သည် …..
ငါ၏ မနက်ဖြန်များကို ဖဲ့ခြွေပစ်နိုင်သော်ငြား
ငါ၏ ယနေ့ရှင်သန်ခြင်းကိုကား သတ်ဖြတ်နိုင်လိမ့်မည်မဟုတ်။

သင်သည် …..
ငါ၏ သွေးများကိုခြောက်ခမ်းပျစ်ခဲစေငြား
ငါ၏ ရဲရင့်ခြင်းကို ပျောက်စေနိုင်လိမ့်မည်မဟုတ်။

သင်သည် …..
ငါ၏ နှလုံးသားကိုဆွဲနှုတ်ယူဇီဝိန်ချုပ်စေငြား
ငါ၏ မေတ္တာတရားကိုသင် တားဆီးနိုင်မည်မဟုတ်။

သင်သည် …..
ငါ၏ ယိုစီးနေသော လောဘ၊ ဒေါသ၊ မောဟတရားတို့ကို ပိုပြင်းထန်အောင်ပြုငြား
ငါ၏ သတိတရားတို့ကို သင်အနိုင်ယူနိုင်မည်မဟုတ်။

သင်သည် …..
စိတ်ရှိသလို ငါ့အား 
နှိပ်စက်နိုင်ပါ၏………..။
ညှင်းပန်းနိုင်ပါ၏………..။
နင်းချေနိုင်ပါ၏………..။
အနိုင်ယူနိုင်ပါ၏……….။
သတ်ဖြတ်နိုင်ပါ၏……….။

ပေါ်ထွန်းလာမည့် ပန်းမန်သစ်ပင်တို့
လန်းစွင့်သီးပွင့်ခွင့်အား 
မဖျက်ဆီးဖို့ တစ်ခုသာ သင့်အားငါတောင်း၏။


စာဖတ်သူရင်ထဲကို တစ်ခုခုပေးနိုင်မည်ဟု မျှော်လင့်လျက်...........

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့