မြန်မာ့အလင်း သတင်းစာအား ရောင်စုံ သတင်းစာအဖြစ် ပြောင်းလဲ ထုတ်ဝေ သွားရန် စီစဉ်လျက်နေ
Saturday 22nd September 2012
လက်ရှိ ပြည်တွင်းမှာ ထုတ်ဝေ လျက်ရှိတဲ့ နိုင်ငံပိုင် သတင်းစာ တစ်ခုဖြစ်တဲ့ မြန်မာ့ အလင်း သတင်းစာကို ရောင်စုံ သတင်းစာ အဖြစ် ပြောင်းလဲ ထုတ်ဖို့
စီစဉ်လျက် ရှိတယ်လို့ အဆိုပါ သတင်းစာတိုက်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို မြန်မာ့အလင်း သတင်းစာကို ရောင်စုံ သတင်းစာ အဖြစ် ပြောင်းလဲ ထုတ်ဝေမှု ကိုတော့ ယခုနှစ် အတွင်းမှာပဲ ထုတ်ဝေ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခု လက်ရှိ မှာတော့ ဒီလို ထုတ်ဝေ သွားဖို့ အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများက စီစဉ်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။ အခုလို မြန်မာ့အလင်း သတင်းစာ အပြင် နောက်ပိုင်း မှာလည်း ကြေးမုံနဲ့ The News Light of Myanmar သတင်းစာ တို့ကိုပါ ရောင်စုံ သတင်း အဖြစ် ပြောင်းလဲ ထုတ်ဝေ သွားဖို့ စီစဉ်လျက် ရှိတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ မြန်မာ့ အလင်း သတင်းစာကို ထုတ်ဝေရာမှာ စာမျက်နှာ ၂၀ ကို အဖြူ၊ အမည်းနဲ့ ထုတ်ဝေ လျက်ရှိပြီး အချပ်ပို ကိုတော့ ရောင်စုံနဲ့ ထုတ်ဝေလျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ် အတွင်း ရာဘာ ကုန်ကြမ်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာသန်း ၃၀၀ ကျော် ရရှိခဲ့
Saturday 22nd September 2012
ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွင်း နိုင်ငံခြားကို ရာဘာ တင်ပို့ ရောင်းချမှုမှ အမေရိကန် ဒေါ်လာသန်း ၃၀၀ ကျော် ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ရာဘာ
စိုက်ပျိုး ထုတ်လုပ် သူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ရာဘာ တင်ပို့ကြောင့် နိုင်ငံခြား ၀င်ငွေ သန်း ၃၀၀ ကျော် ရရှိခဲ့တာကြောင့် စိုက်ပျိုးရေး ထွက်ကုန် သီးနှံများ တင်ပို့ရာမှာ ရာဘာဟာ ပဲမျိုးစုံ တင်ပိုမှုပြီးရင် နိုင်ငံခြား ၀င်ငွေ ရရှိမှုမှာ ဒုတိယ နေရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီလို နိုင်ငံခြား ၀င်ငွေ တိုးတက် လာတာ နဲ့အမျှ မြန်မာနိုင်ငံ ရာဘာ စိုက်ပျိုး ထုတ်လုပ်သူများ အသင်းရဲ့ ခန့်မှန်း ထားချက် အရ ၂၀၁၅-၂၀၁၆ ခုနှစ်မှာ ရာဘာ တန်ချိန် နှစ်သိန်း ကျော်နဲ့ ၂၀၁၉-၂၀၂၀ ခုနှစ်မှာ တန်ချိန် သုံးသိန်း ကျော်အထိ အသီးသီး ထွက်ရှိလာဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီလို ရာဘာ အထွက် နှုန်းများ တိုးတက် လာပေမယ့် မြန်မာ့ ရာဘာများမှာ အရည်အသွေး နိမ့်ကျလျက် ရှိနေပြီး ရာဘာ အဆင့်အတန်း မြင့်မားအောင် ဆောင်ရွက်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ယခု လက်ရှိမှာ RSS ခေါ် မှိုင်းခံရာဘာ အမျိုးအစား RSS No.1 နဲ့ RSS No.2 အနည်းငယ်သာ ထွက်ရှိပြီး အများစုမှာ အဆင့်နိမ့် RSS 4, RSS 5 ရာဘာများ ဖြစ်တယ်လို့ သိရပါတယ်။
ယခုဘဏ္ဍာနှစ် လေးလတာ ကာလအတွင်း သမ၀ါယမ ၀န်ကြီးဌာနမှ မြန်မာကျပ်ငွေ သန်းလေးထောင်ကျော် ထုတ်ချေး ပေးခဲ့
Saturday 22nd September 2012
သမ၀ါယမ ၀န်ကြီးဌာန၊ သမ၀ါယမ အသင်းစုချုပ်မှ ယခု ဘဏ္ဍာနှစ် ၂၀၁၂-၂၀၁၃ ခုနှစ် ဧပြီလမှ သြဂုတ်လ အတွင်းမှာ ရန်ကုန်တိုင်း ဒေသကြီးမှာ
တည်ရှိနေတဲ့ သမ၀ါယမ အသင်း ၇၀ ကို မြန်မာ ကျပ်ငွေ သန်းလေးထောင့် သုံးရာကျော် ထုတ်ချေး ပေးခဲ့ပြီး ဖြစ်တယ်လို့ သမ၀ါယမ ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
ဒါ့အပြင် သမ၀ါယမ ၀န်ကြီးဌာနမှ လုပ်ကိုင်နေတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများ ထဲမှာ သမ၀ါယမ အသင်း မဟုတ်တဲ့ အစုအဖွဲ့ များကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ အထိ ၁၈၄၄ ဖွဲ့ကို မြန်မာ ကျပ်ငွေ သန်းတစ်ထောင့် ခြောက်ရာကျော် ထုတ်ချေး ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ထုတ်ချေးရာ မှာတော့ လယ်ယာ စိုက်ပျိုး လုပ်ကိုင် နေသူများ၊ မွေးမြူရေး လုပ်ငန်း လုပ်ကိုင် နေသူများ၊ စက်မှုလက်မှု အသေးစား လုပ်ငန်းနဲ့ အခြေခံ လူတန်းစား များကို ထုတ်ချေးပေး လျက်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ချောင်းသာရှိ ဟိုတယ်များသို့ ခရီးသွား ဧည့်သည်များ ပုံမှန်ဝင်ရောက် လည်ပတ်မှု ရှိနေပြီ ဖြစ်
Saturday 22nd September 2012
ဧရာဝတီတိုင်း ဒေသကြီး အတွင်း သြဂုတ်လမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ မြစ်ရေကြီးခြင်း တို့ကြောင့် ရေကြီး နစ်မြုပ်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး
ပုသိမ်-ချောင်းသာ လမ်းပိုင်းမှာ ရေလွှမ်းမိုး ခံရပြီး ချောင်းသာ ဟိုတယ်များသို့ ခရီးသွား ဧည့်သည် ၀င်ရောက်မှု လုံးဝမရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခု လက်ရှိ မှာတော့ ရေပြန်ကျ သွားပြီ ဖြစ်တဲ့ အတွက် ခရီးသွား ၀င်ရောက်မှုမှာ ပုံမှန်အတိုင်း ၀င်ရောက် မှုရှိနေတာ ဖြစ်တယ်လို့ ချောင်းသာ ဟိုတယ်ဇုန်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
ဒီလို ခရီးသွား ၀င်ရောက်မှု မှာတော့ ယခု ရက်ပိုင်းမှာ ဟိုတယ် တစ်လုံးကို အခန်း ၅ ခန်း ၀န်းကျင်သာ ပုံမှန် ၀င်ရောက်မှု ရှိနေတာ ဖြစ်ပါတယ်။ အောက်တိုဘာ လပိုင်း ရောက်မှသာ ခရီးသွား ၀င်ရောက်မှု ပိုမိုများပြားစွာ ၀င်ရောက် လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၃ ခုနှစ်မှာ ခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက် လာမယ်လို့ ခန့်မှန်းချက် များအရ ချောင်းသာ ဟိုတယ်ဇုန်မှ ဟိုတယ် အခန်း ၂၀၀ ခန့် ထပ်မ တိုးချဲ့ တည်ဆောက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယခုလက်ရှိ မှာတော့ ချောင်းသာ ဟိုတယ် ဇုန်မှာ လိုင်စင် ရရှိပြီးသား ကမ်းခြေ ဟိုတယ် ၁၃ လုံး၊ ကုန်းတွင်းပိုင်း ဟိုတယ် ၂ လုံးနဲ့ တည်းခိုခန်း ၃၁ လုံး ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆောက်အဦး မဆောက်ရသေးတဲ့ မြေနေရာများ မှာလည်း ဆောက်လုပ်ဖို့ အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများနဲ့ ညှိနှိုင်း ဆွေးနွေးမှုများကို ဆောင်ရွက် လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
၁၄ ဘီးပါ ကုန်တင်ယာဉ်များအား တန်ချိန်တိုးမြှင့် တင်ဆောင် ခွင့်ပြု
Saturday 22nd September 2012
ကုန်စည် ပို့ဆောင်ရေး အသိုင်းအ၀ိုင်းမှ ပြောကြားချက် အရ ၁၄ ဘီးကုန်တင် ယာဉ်များကို ယခင်က ယာဉ်နှင့် ကုန်အပါအ၀င် ၂၅ တန် တင်ဆောင်
ခွင့်ပြုခဲ့ရာမှ စက်တင်ဘာလ ၁၆ ရက် နေ့မှ စတင်ကာ တန် ၃၀ သို့ ပြောင်းလဲ တင်ဆောင် ခွင့်ပြုလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၆ ဘီး ကုန်တင်ယာဉ် တွေကိုလည်း ယခင်က ယာဉ်နဲ့ ကုန်အပါအ၀င် ၁၃ တန် တင်ဆောင် ခွင့်ပြုခဲ့ရာမှ အခု စက်တင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ ၁၆ တန် အထိ ပြောင်းလဲ တင်ဆောင်ခွင့် ပြုလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီလို ၁၆ တန်အထိ တင်ဆောင်ခွင့် ပြုလိုက်တဲ့ ၆ ဘီး ကုန်တင်တွေ ယာဉ်တွေ ထဲမှာ ကုန်းလမ်း သယ်ယူ ပို့ဆောင်ရေး ဌာန အောက်မှာရှိတဲ့ ၆ ဘီး ကုန်တင်ယာဉ် တွေတော့ မပါဝင်တော့ဘူးလို့ သိရပါတယ်။ ဒီလို ၁၄ ဘီး ကုန်တင်ယာဉ်နဲ့ ၆ ဘီး ကုန်တင်ယာဉ် တို့ကို တန်ချိန် တိုးမြှင့် တင်ဆောင် ခွင့်ပြု လိုက်တာဟာ ကုန်တင်ယာဉ် လုပ်ငန်း လုပ်နေတဲ့ သူများ အနေနဲ့ အဆင်မပြေမှုတွေ ရှိနေတဲ့ အတွက်ကြောင့် ခေတ်စနစ် နဲ့အညီ တိုးမြှင့် တင်ဆောင် ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
ကျပ် ၅၀၀၀ တန် မိုဘိုင်းလ်ဖုန်း ငွေဖြည့်ကဒ်များ ၀ယ်လိုအား များနေ
Saturday 22nd September 2012
မြန်မာ့ ဆက်သွယ်ရေးမှ စက်တင်ဘာလ ၁၈ ရက်မှ စတင်ပြီး ပြည်သူများ ဖုန်းငွေ ဖြည့်ရာမှာ အစဉ်ပြေစွာ အသုံးပြုနိုင်ဖို့ အတွက် ကျပ်ငါးထောင်တန်
ငွေဖြည့်ကဒ် များကို စတင် ထုတ်ပေးခဲ့ ပါတယ်။ မြန်မာ့ ဆက်သွယ်ရေးနဲ့ ပူးတွဲ လုပ်ကိုင် လျက်ရှိတဲ့ ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုမှ တာဝန် ရှိသူရဲ့ ပြောပြချက် အရ အဆိုပါ ငွေဖြည့် ကဒ်ဟာ စတင် ထုတ်ဝေတဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာပဲ ငွေဖြည့်ကဒ် အရေအတွက် တစ်သိန်းကျော် နီးပါး ရောင်းချ ခဲ့ရတယ်လို့ သိရပါတယ်။ အခုလို ငါးထောင်တန် ငွေဖြည့်ကဒ်ကို မြို့ကြီးတွေမှာ စတင် ရောင်းချ ခဲ့ပေမယ့် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ဒေသတွေမှာပါ ၀ယ်ယူ ရရှိနိုင်ဖို့ အတွက် ဖြန့်ချိလျက် ရှိတယ်လို့ သိရပါတယ်။
ယခု လက်ရှိမှာ အဆိုပါ ငွေဖြည့်ကဒ် ငါးထောင်တန်ကို မြန်မာ့ ဆက်သွယ်ရေးမှ ကုမ္ပဏီ ၃ ခုနဲ့ ချိတ်ဆက်ကာ ကိုယ်စားလှယ် အဖြစ် ရောင်းချပေးတာ ဖြစ်ပြီး ၎င်းတို့မှတစ်ဆင့် ကျန်တဲ့ အရောင်းဆိုင် တွေကို ဖြန့်ဝေပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက် အတွင်းမှာ ကျပ်ငါးထောင်တန် ငွေဖြည့်ကဒ် များဟာ ၀ယ်လိုအား များနေပြီး လက်ခွဲ ရောင်းချနေတဲ့ ဆိုင်ခွဲ အချို့မှာ ကျပ်ငါးထောင့် နှစ်ရာ၊ ငါးထောင့် သုံးရာအထိ ဈေးပေါက် နေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ ကုမ္ပဏီတွေမှ ငွေဖြည့် ကဒ်ပြား များကို ပုံမှန် ဈေးနှုန်းနဲ့ ၀ယ်ယူသူများ ရရှိရန် အတွက် ကဒ်အရေအတွက်ကို ထပ်တိုး ထုတ်သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။
ကားစလစ် ဈေးနှုန်းများမှာ ကျပ်သိန်း ၉၀ ကျော်အထိ မြင့်တက်လာ
Saturday 22nd September 2012
ဗ အက္ခရာ အိုဟောင်း ယာဉ်များကို သက်ဆိုင်ရာမှ အပ်နှံမှုများ လက်ခံပြီး နောက်ပိုင်းမှာ ကားစလစ် ဈေးနှုန်းများဟာ ငွေကျပ် သိန်း ၉၀ ကျော်ထိ မြင့်တက် လာခဲ့တယ်လို့ ဟံသာဝတီ ကားပွဲစားဝန်း အတွင်ရှိ ကားဝယ်ရောင်း အကျိုးတော်ဆောင်များ ထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်း အိုဟောင်း ကားများ အပ်နှံတဲ့ ကားစလစ် ဈေးနှုန်းများဟာ ငွေကျပ်သိန်း ၇၀ ကျော် သာရှိပြီး ယခု ရက်ပိုင်းမှာ ဈေနှုန်းများ စတင် မြင့်တက် လာတာ ဖြစ်ပါတယ်။
ယခုလို ကားစလစ် ဈေးနှုန်းတွေ မြင့်တက် လာတဲ့ အတွက် ကားဈေးနှုန်း များဟာလည်း အနည်းငယ် မြင့်တက် လာတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုလို အောက်ကား ဈေးနှုန်းများ မြင့်တက် လာပေမယ့်လည်း ဈေးကွက် အတွင်းမှာ အမြင့်ကားတွေ ဖြစ်တဲ့ ပရာဒို၊ လန်ခရူဇာ၊ Rap- 4 ၊ ပရိုပေါက်၊ အစရှိတဲ့ ကားများမှာလည်း အ၀ယ်များလျက် ရှိတယ်လို့ သိရပါတယ်။ အမြင့်ကား ဈေးနှုန်းတွေ ကတော့ ပရာဒိုကားများဟာ ငွေကျပ် သိန်း ၄၀၀ ကျော်၊ လန်ခရူဇာကား များဟာ သိန်း ၃၀၀ ကျော်၊ Rap- 4 ကားများဟာ ငွေကျပ်သိန်း ၂၆၀ မှ ၂၇၀ ၀န်းကျင် အထိရှိပြီး ပရိုပေါက်ကား များကတော့ ငွေကျပ် သိန်း ၁၄၀ ခန့်နဲ့ AD ဘမ်ကား ကတော့ သိန်း ၁၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့်ကား ၀ယ်ရောင်း အကျိုးတော်ဆောင် တစ်ဦးရဲ့ ပြောကြားချက် အရ ကားဝယ်တဲ့ သူတွေဟာ ကားများ ၀ယ်ယူပါက ကားဝယ်ရောင်း ဈေးကွက်က ကားတွေထက် Showroom တွေမှာ ရောင်းချတဲ့ ကားတွေကို ပိုမိုဝယ်ယူမှုများ များပြားတယ် လို့လည်းသိရပါတယ်။
Foundation Course on International Transport & Logistics သင်တန်းကို ၃ ရက်ကြာ သင်ကြား သွားမည်
Saturday 22nd September 2012
United Nation Economic and Social commission of Asia Pacific (UNES CAP) မှ သင်ကြားပို့ချတဲ့ Foundation Course on
International Transport & Logistics သင်တန်းကို စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ၃ ရက်ကြာ သင်ကြားပေး လျက်ရှိတယ်လို့ သိရပါတယ်။ ဒီလို သင်ကြားမှု ကိုတော့ ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် ရုံးမှာ သင်ကြားပေး လျက်ရှိတာ ဖြစ်ပါတယ်။
အဆိုပါ သင်တန်း မှာတော့ အပြည်ပြည် ဆိုင်ရာ ထောက်ပံ့ ပို့ဆောင်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ များကို ကဏ္ဍ အလိုက် ဘာသာရပ် ၁၃ ခုနဲ့ သင်ကြား သွားမှာ ဖြစ်ပါတယ်။ ဒီလို သင်ကြားရာ မှာလည်း စီးပွားရေး တက္ကသိုလ်၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ မြန်မာ့ မီးရထား၊ မြန်မာ့ လေကြောင်း၊ မြန်မာ့ကြယ်ငါးပွင့် လုပ်ငန်း၊ MIFFA အစရှိတဲ့ ဌာနများနဲ့ အဖွဲ့အစည်း များမှ တာဝန်ရှိ သူများက သင်ကြား ပေးတာ ဖြစ်ပါတယ်။ အဆိုပါ သင်တန်းများ ဖွင့်လှစ်မှုကို (UNES CAP) မှ ယခင်ကတည်းက ဖွင့်လှစ် ပေးလျက်ရှိပြီး ယခု သင်တန်းဟာ ၂၀၁၂ ခုနှစ်အတွင်း တတိယ အကြိမ်မြောက် ဖွင့်လှစ်တာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment