လူတစ်ယောက်ကိုချစ်ရင် မင်းကိုချစ်ဖို့သူကို အခွင့်အရေး ပေးသင့်တယ်. | for everyone |
၉လပိုင်းမှာ ကျွန်တော် ကုမ္ပဏီတစ်ခုပြောင်းလိုက်တယ်။ အဲကုမ္ပဏီမှာ ရုံးခန်းက
ကျယ်ပြီး အခန်းတွေကန့်ထားလို့ အလုပ်လုပ်သူ အချင်းချင်း မမြင်တွေ့ရဘူး။
ဒါပေမယ့် ဘေးခန်းက ပြောတဲ့တယ်လီဖုန်းသံတိုင်းကိုတော့ ရှင်းရှင်းလင်းလင်းကို ကြားရတယ်...
အဲဒီမှာ ကျွန်တော်ဘယ်ဖက်ဘေးခန်းက လုပ်ဖော်ကိုင်ဖက်က မိန်းမကို အရမ်းကပ်ချွဲတဲ့
ယောကျာင်္းဖြစ်နေတယ်...
မိန်းမ ဒီနေ့ည ငါအသားကင်စားချင်တယ်
မိန်းမ မီးခိုးရောင်အကျီလေး မီးပူတိုက်ပြီးပြီလား
မိန်းမ ငါမင်းလုပ်တဲ့ ကြက်သွန်ကြော်မုန့်စားချင်လိုက်တာ
အသံက တိုးလွန်းပေမယ့် ညင်သာပျော့ပျောင်းပြီး ချွဲပြစ်နေတယ်... ဒီယောကျာင်္းကတော့
သူမိန်းမကို ချွဲလိုက်တာလွန်ရောလို့ ကျွန်တော်တိတ်တိတ်လေး ကြိတ်ပြုံးနေမိတယ်..
ယောကျာင်္းကတစ်ချက်ချွဲလိုက်တာနဲ့ မိန်းမကလည်း ချက်ချင်း ပျော့သွားတော့တာပဲ....
အခေါက်တိုင်း အခေါက်တိုင်း ကျွန်တော် အဲဒီယောကျာင်္းကို တိတ်တိတ်လေး
သတိထားကြည့်မိနေတယ်... သာမာန်လူလတ်ပိုင်းလူငယ်တစ်ယောက်
အနေနဲ့ စီးပွားရေးမှာ ပြောသလောက်ကြီးမအောင်မြင်ပေမယ့် အိမ်ထောင်ရေးမှာတော့
တော်တော်လေးကိုအဆင်ပြေနေတာပဲ... သူမိန်းမကလည်း သူ့ကိုတော်တော်ကိုချစ်တယ်
မိခင်ကသားသမီးတွေကို ချစ်တဲ့အချစ်မျိုး....
သူမိန်းမဆီ ဖုန်းခဏခဏဆက်.. စကားတိုးတိုး တိုးတိုးပြော ပြီးရင်
နောက်ဆုံးတစ်ခွန်းဆိုရင်တော့ သူ့မိန်းမကို ဟိုဟာလုပ်ပေး ဒီဟာလုပ်ပေး တစ်ခုခု
ပူဆာတော့တာပဲ... တကယ့်ကို အလိုလိုက်လွန်းလို့ ဆိုးနေတဲ့ ကလေးဆိုးကြီးလိုပဲ...
အလုပ်ချိန်တစ်လျှောက်လုံး သူစဉ်းစားလို့ရသမျှတွေကို ချက်ချင်းဖုန်းဆက်ပြီး
လုပ်ခိုင်းတော့တာ... ကျွန်တော်သိရသလောက် သူ့မိန်းမကလည်း သူတောင်းဆိုသမျှ
ကြီးကြီးမားမား သေးသေးမွှားမွှားပါမကျန် တစ်ခါမှ ငြင်းပယ်တယ်လို့ မကြားဖူးဘူး
ပျော်ပျော်ရွှင်ရွှင်ကို လုပ်ပေးတာ...
သူနဲ့ခင်ပြီးတဲ့နောက်မှာ သူငယ်ချင်းမင်းက အရမ်းကိုကံကောင်းတာပဲ...
မင်းကိုအရမ်းချစ်အနစ်နာခံတဲ့ မိန်းမရထားတာပဲလို့... ကျွန်တော်
သူ့ကိုအားကျတဲ့အသံနဲ့ ပြောမိတယ်. သူကတော့ ရီရီပြုံးပြုံးပဲ....
ဒီလိုနဲ့ တနင်္ဂနွေနေ့တစ်နေ့မှာ ကျွန်တော် လည်ပင်းနာလို့ ဆေးခန်းသွားပြတော့
မထင်မှတ်ပဲ သူနဲ့သူမိန်းမကိုလည်း ဆေးခန်းမှာ တွေ့လိုက်ရတယ်... သူမိန်းမက
ကျွန်တော်ထင်ထားသလို သွက်သွက်လက်လက် တက်တက်ကြွကြွပုံစံနဲ့ မဟုတ်ပဲ လုံးဝကို
ထင်ထားတာနဲ့ တစ်ခြားစီဖြစ်နေတယ်လေ... ပိန်ပြီးအားအင်တွေလည်း မရှိသလိုပဲ..
သူကတော့ ကျွန်တော့်ကို နှုတ်ဆက်ပြီး သူမိန်းမကိုတွဲလို့ တဖြည်းဖြည်းခြင်း
ထွက်ခွာသွားခဲ့တယ်... ကျွန်တော်ကိုကုပေးတဲ့ ဆရာဝန်နဲ့ သူတို့လင်မယားနဲ့က
အရမ်းရင်းနှီးတော့ ဆရာဝန်ပြောပြမှ ကျွန်တော်သိခဲ့ရတာ သူမိန်းမရောဂါက
ကုလို့မရတော့ဘူးတဲ့ နှစ်နှစ်လောက်ရှိနေပြီ ရောဂါဖြစ်တာကို သိတဲ့အချိန်မှာ
နောက်ကျသွားခဲ့ပြီလေ ၆လလောက်ပဲ ခံနိုင်တော့မယ်... ကံကောင်းတာက သူမိန်းမက
စိတ်ဓာတ်မာတော့ နှစ်နှစ်လောက် အသက်ဆက်ရှင်ခဲ့တယ်.. ဒါပေမယ့်
သူမရဲ့ခုခံစွမ်းနဲ့အမြင်စွမ်းအားတွေကတော့ တဖြည်းဖြည်းနဲ့ သိပ်အခြေအနေ မဟန်တော့ဘူးလေ
ဘယ်လောက်ကြာကြာနေနိုင်မလဲဆိုတာ မသိသေးဘူးလို့ ဆရာဝန်ကသက်ပြင်းချရင်းပြောလာတော
့ ကျွန်တော်လည်း ဘာမှန်းမသိ စိတ်ထဲလေးလံသွားခဲ့မိတယ်...
အဲဒီနေ့ကစပြီး သူမိန်းမဆီဖုန်းဆက်သံကြားတိုင်း ကျွန်တော်စိတ်ထဲကနေ
မထိန်းသိမ်းနိုင်ပဲ ဒေါသတွေထွက်နေမိတယ် ဒီကောင်တော့ တကယ်ပဲ
မိန်းမကဖြင့်သေခါနီးနေပြီ သူကတော့ မနက်ကနေ ညထိ မရပ်မနား သူမိန်းမကို
ခိုင်းစေနေတာပဲ... ဒီကောင် ဒီလောက်တောင် ကျောက်တုံးလိုပဲ အဲလောက် မာကျောရသလား
အသည်းမာရသလားးးးးးးးးး
တစ်နေ့ သူပြက္ခဒိန်က ရက်စွဲတစ်ခုကို ဖောင်တိန်နဲ့ဝိုင်းပြီး ပြောလာတယ်
ကျွန်တော့်မိန်းမ မွေးနေ့ရောက်တော့မှာ မွေးနေ့မှာ မိန်းမကိုဘာဝယ်ပေးရရင်
ကောင်းမလဲလို့ ကျွန်တော်ကို အကြံဥာဏ်တောင်းတယ်....
နှင်းဆီပန်း၊ မွေးနေ့ကိတ်၊ အာ...ဒါတွေလည်း သိပ်ပြီး အသစ်အဆန်းမဟုတ်သေးပါဘူး
စိန်လက်စွပ်ဆိုရင်ရော အင်း ဒါကျတော့ မ၀ယ်နိုင်သေးပါဘူး သူက
တစ်ကိုယ်တည်းစဉ်းစားရင်း ရေရွတ်နေတယ်
ကျွန်တော်လည်း မအောင့်အီးနိုင်တော့ပဲ
သူငယ်ချင်း မင်းဘာမှ မင်းမိန်းမကို ပေးစရာမလိုပါဘူးကွာ နောက်မင်းသာ
မင်းမိန်းမကို မခိုင်းပါနဲ့ကွာ သူကိုအိမ်မှာ နားနားနေနေ နေပါစေလားလို့ နှုတ်က
တစ်ခွန်းထွက်လာတော့တယ်...
သူကတော့ ကျွန်တော်ပြောတာကို ဘာမှမဖြစ်သလိုရီရင်း အာ ဒါတော့မဖြစ်နိုင်ဘူး
ငါ့မိန်းမ ငါမခိုင်းလို့ ဘယ်သူကခိုင်းမှာလဲလို့ ပြန်ပြောတယ်လေ...
ဒါနဲ့ ကျွန်တော်လည်း မင်း ယောကျာင်္းတစ်ယောက်ရောဟုတ်ရဲ့လား မင်းမိန်းမကဖြင့်
သေတော့မယ် မင်းက ဟိုဟာခိုင်း ဒီဟာခိုင်းနဲ့.... မင်းမိန်းမကို
မင်းနည်းနည်းလေးမှ သနားညှာတာစိတ် မရှိဘူးလားလို့ ကျွန်တော်စိတ်ထဲကနေ
ကျိန်ဆဲနေမိတော့တယ်... ကျွန်တော်မျက်ဝန်းမှာလည်း သူကိုအထင်သေးတဲ့
အရိပ်အယောင်တွေ ပြည့်နေတော့တယ်
သူကလည်း ကျွန်တော်စိတ်ကို ချက်ချင်းသိလိုက်တယ်... ရီနေတာကို
ချက်ချင်းရပ်လိုက်ပြီး ကျွန်တော်ကိုပြောလာတယ်.. မင်းက လူတစ်ယောက်ကို ပေးဆပ်မှ
ချစ်တယ်လို့ထင်တာလား တကယ်တော့ လူတစ်ယောက်ဆီက တစ်ခုခု တောင်းဆိုနေတာဟာလည်း
အချစ်ပါပဲ... ငါ့မိန်းမ ရောဂါစဖြစ်တော့ သူ့အတွက်အချိန် သိပ်မကျန်တော့ဘူးဆိုတာ
သိရတယ် သူ့ကို ဘာအိမ်မှုကိစ္စမှ ငါမလုပ်ခိုင်းတော့ဘူး
သူကိုအစားကောင်းကောင်းစားခိုင်းပြီး အိမ်မှာပဲ နားနားနေနေ နေခိုင်းခဲ့တယ်
ဒါပေမယ့် သူစိတ်ဓာတ်တဖြည်းဖြည်းကျလာတယ် တစ်နေ့သူက ငါ့ကိုပြောလာတယ် သူအိမ်မှာ
ဘာတစ်ခုမှမလုပ်ရဘဲ လူပိုလိုပဲ အသက်ရှင်နေရတာ ဘာအဓိပ္ပာယ်မှမရှိဘူး
ဒီလိုမျိုးလူမမာဖြစ်နေရတာထက်စာရင် မြန်မြန်သေသွားတာက ပိုကောင်းလိမ့်မယ်တဲ့...
ငါသူကိုမသေစေချင်သေးဘူး သူလုပ်ပေးတဲ့ အသားကင်၊ ဟင်းချိုပူပူတွေ
ငါစားလို့မ၀သေးပါဘူးလို့ သူကိုပြောလိုက်တယ်... ဒါနဲ့ငါလည်းအရင်တိုင်းပဲ
ငါ့မိန်းမကို ဟိုဟာလုပ်ခိုင်း ဒီဟာလုပ်ခိုင်းတော့တာပဲ.. တစ်နေ့ထက်တစ်နေ့
ငါ့မိန်းမရဲ့ မျက်နှာအရောင်ကလည်း အနီရောင်ြပန်သမ်းလာတယ်... အဲချိန်ကနေစပြီး
ငါနားလည်လိုက်တယ် လူတစ်ယောက်ကိုချစ်တာ ပေးဆပ်မှမဟုတ်ပဲ
တစ်ဖက်လူရဲ့လိုအပ်ခြင်းခံရတွေလည်း လိုအပ်သေးတယ်ဆိုတာ
သိလိုက်ရတယ်...အဲဒါနဲ့ငါလည်း ငါမိန်းမကိုအလုပ်တွေလုပ်ခိုင်းတော့တယ်....
ငါ့ကိုအကျီမီးပူ တိုက်ပေးပါ၊ ငါဟင်းရည်ပူပူလေးသောက်ချင်တယ်၊ စသဖြင့်ပေါ့......
ငါ့မိန်းမကငါ့ကိုပြောတယ် သူနောက်ဆုံးထွက်သက်ရောက်ရင်တောင်
ငါ့တွက်ဟင်းတွေချက်ပေးခဲ့ပြီး ရေခဲသေတ္တာထဲ ထည့်ပေးထားခဲ့မယ်တဲ့...
လူတစ်ယောက်ရဲ့လိုအပ်ခြင်းကိုခံရတာလည်း စိတ်ချမ်းသာခြင်းတစ်မျိုးပါပဲ...
ငါလည်းငါ့မိန်းမကိုစိတ်ချမ်းသာစေချင်တာ တစ်ခုထဲပါပဲ....
ခုဆိုမင်းနားလည်ပြီလားးးးးးး ငါသူ့ကိုချစ်လို့ သူ့ကိုဟိုဟာလုပ်ပေး ဒီဟာလုပ်ပေး
တောင်းဆိုနေရတာပါ... လူတစ်ယောက်ကိုချစ်ရင် မင်းကိုချစ်ဖို့သူကို အခွင့်အရေး
ပေးသင့်တယ်..
သူရဲ့အသံတွေ ကျွန်တော်ကြားယောင်ရင်း အဲဒီ တဒင်ကလေးအတွင်းမှာ ဘယ်လိုဟာကို
အချစ်လို့ခေါ်တယ်ဆိုတာကို ကျွန်တော်သိရှိသွားတော့တယ်... နားလည်သွားတော့တယ်...
တကယ်လို့ မင်းလည်းလူတစ်ယောက်ကို တကယ်ချစ်ရင် တစ်ဖက်လူက
မင်းကိုချစ်ဖို့အခွင့်အရေးလေးတော့ မင်းသူ့ကို ပေးသင့်တယ်

No comments:
Post a Comment