Myanmar Professional Service Co.Ltd မှ ကြီးမှူး ကျင်းပတဲ့ Sweety Home & Living Products Expo 2012 ကို စက်တင်ဘာလ ၂၀ ရက်နေ့မှ
၂၃ ရက်နေ့ အထိ တပ်မတော် ခန်းမမှာ ကျင်းပပြုလုပ် လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ပြပွဲမှာတော့ အီလက်ထရောနစ်နဲ့ အီလက်ထရစ်ကယ် ပစ္စည်းများ၊ ကွန်ပျူတာနဲ့ ဆက်စပ် ပစ္စည်းများ၊ မိုလ်ဘိုင်းနဲ့ ဆော့လ်ဝဲ ပစ္စည်းများ၊ အလှကုန် ပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ အိမ်တွင်း အလှဆင် ပစ္စည်းများ၊ ပရိဘောဂများ၊ ကြွေပြား ကျောက်ပြားနဲ့ ကြမ်းခင်း ပစ္စည်းများ စတဲ့ အသုံးအဆောင် ပစ္စည်းတွေကို ပြသရောင်းချ လျက်ရှိပါတယ်။
ဒါ့အပြင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ ဂိမ်းနဲ့ဆက်စပ် ပစ္စည်းများ၊ စားသုံးကုန် ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများနဲ့ ကျန်းမာရေး ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများမှ ကုမ္ပဏီပေါင်း ၁၀ ခုက ဆိုင်ခန်းပေါင်း ၁၄၅ ခန်းကို ခင်းကျင်း ပြသထားတာ ဖြစ်ပါတယ်။ အဲ့ဒီပြပွဲမှာ ပစ္စည်း အမျိုးအစားများ အလိုက် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း အထိ ဈေးနှုန်း လျှော့ချမှုများကို ပြုလုပ် ရောင်းချ လျက်ရှိတာ ဖြစ်ပါတယ်။ အဆိုပါ ပြပွဲပြုလုပ် ရောင်းချ ရခြင်းမှာ သီတင်းကျွတ် အကြိုကာလ အတွက် နေထိုင်မှု ဆိုင်ရာ အိမ်တွင်း အလှဆင် ပစ္စည်းများနဲ့ ပရိဘောဂ ပစ္စည်းများကို တစ်နေရာတည်းမှာ အမျိုးအစား စုံလင်စွာနဲ့ ခင်းကျင်း ပြသနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment