Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 21 September 2012

i-phone 5အား ပြည်တွင်း၌ သုံးစွဲရန် အဆင်မပြေမှုများ ရှိနေ


စက်တင်ဘာလ ၁၂ ရက်နေ့မှာ Apple ကုမ္ပဏီက စတင် ထုတ်ဝေ လိုက်တဲ့ i-phone 5 အမျိုးအစားဟာ ပြည်တွင်းမှာ အသုံးပြုလိုသူတွေ အတွက် အသုံးပြုဖို့ အဆင်မပြေမှုများ ရှိနေတယ်လို့ ပြည်တွင်းရှိ မိုဘိုင်းဖုန်း ဈေးကွက်မှ သိရပါတယ်။ အခုလို အသုံးပြုဖို့အဆင်မပြေမှု ဖြစ်ရခြင်းမှာ i-phone 5 မှာ ထည့်သွင်း အသုံးပြုထားတဲ့ nano sim card ကြောင့် ပြည်တွင်းမှာ အသုံးပြုဖို့ အဆင်မပြေရခြင်း ဖြစ်ပါတယ်။

ပြည်တွင်းမှာ လက်ရှိ အသုံးပြုနေတဲ့ Sim Card တွေရဲ့ အရွယ်အစားဟာ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ဖုန်း Sim Card အရွယ်အစား ဖြစ်ပေမယ့်လည်း i-phone 5 အတွက်တော့ Sim Card  အရွယ်အစား ကြီးနေတာ ဖြစ်တဲ့အတွက် အသုံးပြုဖို့ အဆင်မပြေ နိုင်ဘူးလို့ ပြည်တွင်းဖုန်း အရောင်းဆိုင် တစ်ခုရဲ့ တာဝန်ခံ ထံမှ သိရပါတယ်။

လက်ရှိ ပြည်တွင်းမှာ သုံးနေတဲ့ Sim Card အရွယ်အစားဟာ Micro Sim  ကဒ် အရွယ်အစား ရှိပြီး ယခု i-phone 5 အမျိုးအစားနဲ့ သင့်တော်မယ့် nano sim ကတ်ဟာ micro sim ကတ်ထက် ၁၅ ရာခိုင်နှုန်းလောက်ပိုမိုသေးငယ် ပါတယ်။ ဒါ့ကြောင့် i-phone 5  ကို ပြည်တွင်းမှာ အသုံးပြုဖို့ အတွက် အဆိုပါSim Card အရွယ်အစားနဲ့ ကိုက်ညီမှု ရှိအောင် ပြုလုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ i-phone 5 ကို စက်တင်ဘာ ၂၁ ရက်နေ့က အမေရိကန် နိုင်ငံမှာ စတင် ရောင်းချခဲ့ပြီး ကြိုတင် မှာယူမှု အနေနဲ့ တစ်ရက် အတွင်းမှာ ဖုန်းအလုံးရေ ၂ သန်း နီးပါးရှိ ခဲ့တယ်လို့ Apple ကုမ္ပဏီရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့