Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 12 January 2013

အမျိုးသမီးများ ဦးဆောင်မှုနှင့် ကျေးရွာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး စီမံချက် ပြုလုပ် ဆောင်ရွက် သွားရန်ရှိ


အမျိုးသမီးများ ဦးဆောင်မှု အခန်းကဏ္ဍနဲ့ ကျေးရွာ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို ဇန်န၀ါရီလ ၁၀
ရက်နေ့က တက္ကသိုလ် ရိပ်သာ လမ်းသစ်ရှိ စက်မှုဝန်ကြီး ဌာန အဆောက်အအုံမှာ ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ တာဝန်ရှိသူရဲ့ ပြောပြချက် အရ အမျိုးသမီးများ ဦးဆောင်မှု အခန်း ကဏ္ဍနဲ့ ကျေးရွာ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် တွံတေး မြို့နယ်ကို ပရောဂျက် ဧရိယာ အဖြစ် သတ်မှတ်ပြီး ပထမဦးဆုံး ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ပြုလုပ်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို သဘာဝ ပတ်ဝန်းကျင်နဲ့ စီးပွားရေး သုတေသန သိပ္ပံ EETI နဲ့ မြန်မာနိုင်ငံ စီးပွားရေး တက္ကသိုလ် ဘွဲ့ရသူများ အသင်း MIEGA တို့မှ ကြီးမှူးပြီး အီတလီ နိုင်ငံ Tuscia ယူနီဗာစတီတို့နဲ့ ပူးပေါင်း လုပ်ဆောင်တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်ရာ မှာလည်း နာဂစ် မုန်တိုင်းကြောင့် ထိခိုက် နစ်နာမှု အများဆုံး ဖြစ်ခဲ့တဲ့ မြို့နယ် တွေထဲမှ တွံတေး မြို့နယ်ကို ပထမဦးဆုံး ပြုလုပ် သွားမှာ ဖြစ်ပြီး အခြား မြို့နယ်တွေ ဖြစ်တဲ့ ဒလ၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တို အစရှိတဲ့ မြို့တွေ ကိုလည်း နှစ်အလိုက် တိုးချဲ့ လုပ်ဆောင် သွားဖို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့