“ချစ်သူနဲ့သာ အတူနေရရင် ထမင်းရည်ပဲ သောက်ရသောက်ရ ဆိုတဲ့ ခေတ်မ ဟုတ်တော့ဘူး”
ယင်းစကားသံမှာ အသက် ၂၄နှစ်အရွယ် အလှပြင ဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦး၏ ဖူးစာရှင် ခံယူချက်ပင်ဖြစ်သည်။
တိုင်းပြည်၏ စီးပွားရေးနှင့် ကိုယ်တိုင် ရုန်းကန်လှုပ်ရှား နေရသော ဘ၀တို့က မိန်းမပျိုတို့ အတွက် ဘ၀ကြင်ဖော်ကို ဆုံးဖြတ် ရွေးချယ်ရာတွင် အတော်အသင့် ရိုက်ခတ်ပြောင်းလဲ အရေးပါလာစေခဲ့သည်။
ယခင်က အမျိုးသမီးတစ်ဦး၏ အိမ်ထောင်ဖက်ကို ရွေးချယ်ရာ တွင် ဆရာဝန်၊ စစ်ဗိုလ်၊ အင်ဂျင်နီ ယာ၊ သင်္ဘောသားတို့ကို အများ ဆုံးရည်မှန်းခဲ့ရာမှ ယခုခေတ်တွင် အမျိုးသမီးတို့စိတ်ကူးထဲမှ ဘ၀ကြင်ဖော်သည် ဘ၀အာမခံချက်ပေးနိုင်မည့် စီးပွားရေးသမားများ ဖြစ်လာသည်။
ယနေ့ အမျိုးသား၊ အမျိုးသမီးများ ဘ၀ကြင်ဖော်ရွေးချယ်မှုပုံစံကို 7Day News က လူတွေ့နှင့် အွန်လိုင်းမှတစ်ဆင့် ကျပန်းကောက်ယူသော အသေးစား စစ်တမ်းများအရ စီးပွားရေးသမားကို မျှော်မှန်းကြသော အမျိုးသမီး
တို့မှာစစ်တမ်း၏ ၆၀ ရာခိုင်နှုန်းခန့်ရှိသည်ကို တွေ့ရသည်။
မည်သို့အသက်မွေးဝမ်းကျောင်းပြုသူကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လိုပါသနည်းဟု မေးမြန်းခဲ့သော မေးခွန်းကို ဖြေကြားသူ အမျိုးသမီးများ၏ ထက်ဝက်ကျော်က စီးပွားရေးသမားဟု ပြန်လည်ဖြေဆိုခဲ့ကြခြင်းဖြစ်သည်။
အင်ဂျင်နီယာနှင့် သင်္ဘောသားများမှာ ဒုတိယအများဆုံး ရည်မှန်းခံရပြီး ဆရာဝန်ကို ရည်မှန်းကြသူမှာ စစ်တမ်းကို ပြန်လည်ဖြေဆိုခဲ့ကြသော အမျိုးသမီး ၁၇၆ ဦးတွင် ရှစ်ဦးသာ ရှိခဲ့သည်။ စစ်ဗိုလ်ကို ရည်မှန်းသူကတော့ ထိုအရေအတွက်တွင် သုံးဦးသာ ပါဝင်လာသည်။ တချို့က ကုမ္ပဏီဝန်ထမ်း၊ လေယာဉ်မှူးတို့ကိုလည်း ရွေးချယ်ကြပြီး စီးပွားရေးသမားမှာတော့ ရွေးချယ်မှုအများဆုံးဖြစ်နေခဲ့ခြင်းဖြစ်သည်။
မိန်းကလေးများအတွက် စိတ်ကူးထားသည့်အိမ်ထောင်ဖက်နှင့် တကယ်ရွေးချယ်ရသည့် အိမ်ထောင်ဖက်တို့ ထပ်တူကျနိုင်ခြေမှာ နည်းပါးသည်ဟုဆိုနိုင်ပြီး နှလုံးသားထက် ဦးနှောက်ကို ဦးစားပေးရွေးချယ်လာကြခြင်းက ပိုများလာသည်။
“ပြည့်စုံတဲ့မိသားစုကနေ ပေါက်ဖွားလာသူအဖို့ကတော့ အိမ်ထောင်ဖက်ကို ပန်းချီဆရာ၊ ဂီတသမား၊ ဒီဇိုင်နာ စသဖြင့် ရွေးယူနိုင်ပေမယ့် သာမန်မိသားစုက ပေါက်ဖွားလာသူတွေကတော့ စီးပွားရေးသမားကို ရွေးချယ်ခြင်းသာ အကောင်းဆုံးဖြစ်ပါလိမ့် မယ်” ဟု အသက် ၂၉ နှစ်အရွယ် ကျောင်းဆရာမတစ်ဦးက ပြောသည်။
စစ်တမ်းအရ အများစုကတော့ ကိုယ့်အပေါ်နားလည်မှု ပေးနိုင်ပြီး စိတ်သဘောထား မွန်မြတ်သည့် အိမ်ထောင်ဖက်မျိုးကိုသာ မျှော်လင့်ကြကာ အရည်အချင်းရှိသည့် အိမ်ထောင်ဖက်ကို ဒုတိယ ဦးစားပေးရွေးချယ်လိုကြသည်။ တတိယလိုက်နေသည့် ရွေးချယ်မှုမှာ ရုပ်ရည်ချောမောသူပင် ဖြစ်သည်။
“စိတ်ကူးထားတဲ့အိမ်ထောင်ဖက်ကတော့ လီမင်ဟိုလို အရပ်ရှည်ပြီး စမတ်ကျတဲ့ချစ်သူပုံစံပဲ” ဟု ၂၄ နှစ်အရွယ် အမျိုးသမီး အရောင်းဝန်ထမ်းတစ်ဦးက သူမ၏ မျှော်လင့်ချက်ကို ပြောသည်။
ထိုရွေးချယ်မှုများမှာ မိမိအနာဂတ်အတွက် မျှော်လင့်ထားခြင်းမျိုးသာဖြစ်ပြီး တကယ်တမ်းတွင်တော့ အိမ်ထောင်ဖက်၏ နားလည်မှု၊ ယုံကြည်မှု၊ ချစ်ခင်မှု၊ သစ္စာရှိမှုတို့ကသာ အမျိုးသမီးများ၏ အဓိကလိုလားချက်ဖြစ် ကြောင်း တွေ့ရသည်။ ချစ်ခင်နားလည်မှုနှင့်အတူ အလုပ်အကိုင်ရှိမှုကိုလည်း တွဲဖက်စဉ်းစားလာကြကာ တချို့ကတော့ ကြိုက်နှစ်သက်မှုကြောင့်မဟုတ်ဘဲ စီးပွားရေး အခြေအနေအရ လက်ထပ်လိုက်ခြင်းများလည်း ရှိသည်။
မိဘစီစဉ်မှုဖြင့် စေ့စပ်ပေးစားသည့် ဓလေ့မှာလည်း ယနေ့ခေတ်တွင် ရှားပါးလာပြီဖြစ်ပြီး အများစုကတော့ ကိုယ်တိုင်ပင် ကြိုက်နှစ်သက်သည့် ဖူးစာရှင်ကို ရှာတွေ့သွားကြကာ မိဘနှင့်အဆင်ပြေ၊ မပြေကို နောက်ဆုံးမှ စဉ်းစားလာကြသည်။ စစ်တမ်းကို ဖြေဆိုသူများ၏ အဖြေကို ခြုံငုံသုံးသပ်ကြည့်လျှင် ချစ်ခြင်းနှင့် ကိုယ်ကျင့်တရားတို့ကို အဓိကလိုအပ်ကြသော်လည်း စီးပွားရေးအခြေအနေကလည်း အဓိကအရေးပါနေသည်ကို တွေ့ရသည်။
ထိုအချက်ကို “အိမ်ထောင်ဖက်ကို ရွေးချယ်ရန်စဉ်းစားသည့်အခါ ၀င်ငွေနှင့်အလုပ်အကိုင်က အရေးပါသလား” ဟူသည့် မေးခွန်းကို အမျိုးသမီး ၁၇၆ ဦးတွင် ၁၄၆ ဦးက အရေးပါသည်ဟု ပြန်လည်ဖြေဆိုခြင်းက သက်သေပြလျက်ရှိသည်။
အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ “ပိုက်ဆံရှိတဲ့လူကိုပဲ အိမ်ထောင်ပြုဖို့ စဉ်းစားကြတာ များပါတယ်။ ဒါပေမဲ့ လူတစ်ယောက်မှာ အဓိကကျတဲ့စိတ်ဓာတ်ကိုတော့ မေ့ထားကြတာများတယ်” ဟု သူမ၏ အမြင်ကို ပြောသည်။
အမျိုးသမီးအများစုတွင် မိမိစိတ်ကူးထားသည့် ဘ၀ကြင်ဖော် ပုံစံကိုယ်စီရှိတတ်ကြပြီး ထိုစိတ်ကူးထဲမှ အိမ်ထောင်ဖက်နှင့် ထပ်တူကျသူကို ရှာဖွေရန် တကူးတက ကြိုးပမ်းမှုမရှိကြောင်း ၎င်းတို့က ဆိုသည်။ အများစုပြန်ဖြေသည်ကတော့ “ဖူးစာ” နှင့် “ကံတရား” ပင် ဖြစ်သည်။ ထို့နောက် စိတ်ကူးထဲမှ ဖူးစာရှင်နှင့် ဆုံတွေ့ခြင်းမရှိသေးကြောင်းလည်း ဖြေဆိုထားကြသည်။
“ကိုယ့်ပတ်ဝန်းကျင်က အများစုကတော့ ပိုက်ဆံရှိတဲ့၊ တင်တောင်းနိုင်တဲ့လူကို ယူကြတာများတယ်” ဟု ၃၆ နှစ်အရွယ် အင်တာနက်ဆိုင်ပိုင်ရှင် မအေးအေးခိုင်က ပြောသည်။
စစ်တမ်းတွင် ထည့်သွင်းမေးမြန်းထားသည့် မေးခွန်းတစ်ခုဖြစ်သော “သင့်ပတ်ဝန်းကျင်မှ မိတ်ဆွေများထဲတွင် မည်သည့်အသက်မွေးဝမ်းကျောင်းပြုသူကို အိမ်ထောင်ပြုရန် စဉ်းစားကြသနည်း” ဟူသည့်အချက်ကို အများစုက အလုပ်အကိုင်အတည်တကျရှိသူ၊ ၀င်ငွေကောင်းသူ၊ စီးပွားရေးလုပ်ငန်းရှိသူကို စဉ်းစားကြသည်ဟု ပြန်လည်ဖြေဆိုကြပြီး အချို့ကတော့ မိမိနှင့်အလုပ်အကိုင်တူသူ၊ အလွှာတူသူ၊ ပတ်ဝန်းကျင်တူသူ တို့ကို ရွေးချယ်ကြသည်ဟု ဖြေကြသည်။
“ကိုယ့်ကိုဂရုစိုက်ပြီး ယုံကြည်အားကိုးလောက်တဲ့ယောကျာ်းကို ယူချင်တယ်။ ဒါက မိန်းကလေး တော်တော်များများတွေးတဲ့ အတွေးပါ” ဟု ၂၂ နှစ်အရွယ် ဂျီတီစီ ကျောင်းသူတစ်ဦးက ဆိုသည်။
စစ်တမ်းဖြေဆိုသူများထဲတွင် နိုင်ငံရေးသမားကို ရွေးချယ်လိုသူ တစ်ဦးမှမပါဝင်ဘဲ ရှေ့နေ၊ ဂျာနယ်လစ်၊ စာရေးဆရာ၊ ဓာတ်ပုံဆရာတို့ကို ရွေးချယ်မှုမှာလည်း တစ်ဦးစီသာပါဝင်ခဲ့သည်။ တချို့ကတော့ သမ္မာအာဇီဝအလုပ် လုပ်ကိုင်သူကို ရွေးချယ်လိုကြောင်း မှတ်ချက်ပြုထားကြသည်။
ဘ၀ကြင်ဖော်ရွေးချယ်ရာတွင် အမျိုးသမီးအများစုက စီးပွားရေးသမားကို ရွေးချယ်လိုကြသကဲ့သို့ အမျိုးသားများကလည်း စီးပွားရေးသမားများကိုသာ ရွေးချယ်လိုမှုများကြောင်း စစ်တမ်းကိုဖြေဆိုသည့် အမျိုးသားများ၏ အဖြေအရသိရသည်။ စစ်တမ်းဖြေဆိုသူ အမျိုးသားများ၏ ၅၇ ဦးတွင် ၁၆ ဦးက စီးပွားရေး လုပ်ကိုင်သည့် အမျိုးသမီးကို လိုလားကြပြီး အင်ဂျင်နီယာနှင့် ကျောင်းဆရာမကို ရွေးချယ်မှုက ဒုတိယ လိုက်နေခဲ့
သည်။ ဟင်းချက်ကောင်းသူ အမျိုးသမီးကို ရွေးချယ်လိုသူမှာ တစ်ဦးသာရှိသည်။
အိမ်ထောင်ဖက်၏ အလုပ်အကိုင်နှင့်ဝင်ငွေ အရေးပါသည်ဟု စစ်တမ်းဖြေဆိုသူ အမျိုးသားထက်ဝက်က ထင်မှတ်ကြပြီး အတော်များများက ရုပ်ရည်ချောမောသည့် အမျိုးသမီးများကို ကြိုက်နှစ်သက်ကြောင်း ဆိုကြသည်။
“ယောကျာ်းဆန်တဲ့အများစုကတော့ ဟော့တဲ့မိန်းကလေးမြင်ရင် စိတ်ဝင်စားပေမယ့် အိမ်ထောင်ဖက်ကိုတော့ ဣနြေ္ဒရှိတဲ့၊ မိန်းမဆန်တဲ့မိန်းမမျိုးကိုပဲ နှစ်သက်ကြတယ်” ဟု အသက် ၂၁ နှစ်အရွယ် ကျောင်းသားတစ်ဦးက ပြောသည်။
၂၈ နှစ်အရွယ် ဆရာဝန် အမျိုးသားတစ်ဦးကလည်း “ရင်ခုန်ခြင်းမပါဘဲ ဘယ်တော့မှမချစ်ဘူး။ ချောတာလှတာမြင်ရင်တော့ ရင်ခုန်တယ်။ ဒီတော့ ချောရလှရမယ်။ နောက်တစ်ခုက မိဘမျိုးရိုးနဲ့ အလုပ်အကိုင်။ ဒါတွေကို စဉ်းစားတယ်” ဟု ဆိုသည်။
အနှေးယာဉ်သမားတစ်ဦးကမူ “အခုခေတ် ကောင်လေးတွေက ပိုက်ဆံရှာနိုင်တဲ့ မိန်းမကို ရှာကြတယ်လို့ ပြောရမယ်။ ဒါပေမဲ့ တချို့ကောင်လေးတွေကတော့ ရုပ်ချောရင်ပြီးရောဆိုပြီး ယူတာများတယ်။ နောက် ယူလည်းပြီး
ရော ကွဲကြတာပဲ။ ဒါက တော်တော်များများ တွေ့နေရတယ်” ဟု သုံးသပ်သည်။
နယ်မြို့အချို့တွင် ကောက်ယူထားသော စစ်တမ်းများအရလည်း အမျိုးသားရော အမျိုးသမီးပါ ရွေးချယ်လိုမှုများသည့် အိမ်ထောင်ဖက်မှာ “စီးပွားရေးလုပ်ကိုင်သူ” သာလျှင် ဖြစ်နေခဲ့သည်ကို တွေ့ရပြီး စိတ်ကူးထဲမှ အိမ်ထောင်ဖက်ကတော့ “ရိုးသားကြိုးစား၍ စိတ်သဘောထားဖြူစင်သူ” ပင်ဖြစ်သည်။
“စဉ်းစားတာကတော့ ရိုးသားမှု၊ မိသားစုကို ချစ်တဲ့သူ၊ အနာဂတ်အတွက် ကြိုးစားနေတဲ့သူ၊ ကိုယ့် အပေါ်မေတ္တာစစ်နဲ့ချစ်တဲ့လူပေါ့” ဟု မန္တလေးမြို့တွင် နေထိုင်သော အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
မုံရွာမြို့မှ အသက် ၃၅ နှစ်အရွယ် တက္ကသိုလ်ဆရာမတစ်ဦးကလည်း “ရိုးသား ကြိုးစားပြီး အသောက်အစားမရှိ၊ လောင်းကစား မလုပ်တဲ့လူမျိုးကို စဉ်းစားပါတယ်” ဟု ဆိုသည်။
လူအောင်သွယ်များဖြင့် ဘ၀ကြင်ဖော်ရှာဖွေမှုနှင့် အင်တာနက်မှတစ်ဆင့် ဘ၀ကြင်ဖော်ရှာဖွေမှုများကို အနောက်နိုင်ငံများတွင် အသုံးပြုလာကြပြီး တရုတ်နိုင်ငံတွင် ပိုမိုထွန်းကားနေကာ မြန်မာနိုင်ငံတွင်လည်း အင်တာနက် အသုံးပြုရင်း လက်တွဲဖော်ကို ရှာတွေ့သွားကြသူများရှိလာသည်။
သို့ရာတွင် အမျိုးသမီးများအတွက် ဆိုးကျိုးများအဖြစ် အလိုမတူဘဲ ကာမလိမ်လည်ရယူခြင်း၊ ငွေကြေးလိမ်လည်ခြင်းများကို ကြုံတွေ့ရနိုင်သည့်အတွက် အွန်လိုင်းမှတွေ့ဆုံခြင်းမှာ အထူးသတိပြုစ ရာတစ်ရပ်လည်းဖြစ်နေသည်။
မြန်မာ အမျိုးသမီးအများစုကမူ စီးပွားရေး အခြေအနေအရ ကိုယ်တိုင်ရုန်းကန်လှုပ်ရှားနေကြရသော်လည်း တကယ်တမ်း တွင်မူ သက်သောင့်သက်သာ နေထိုင်နိုင်သည့်ဘ၀ကို လိုလားကြဆဲဖြစ်ကြောင်း အမျိုးသမီးအခွင့် အရေးလှုပ်ရှားသူတစ်ဦးက သုံးသပ်သည်။
“အဓိက အိမ်ထောင်ဖက် ရွေးချယ်တဲ့နေရာမှာပေါ့။ စီးပွားရေး အကျပ်အတည်းကြောင့် မရွေးချယ်စေချင်ဘဲ လွတ်လပ်တဲ့ ရွေးချယ်မှုမျိုးပဲ ဖြစ်စေချင်တယ်။ ဘာလို့လဲဆိုတော့ သူတို့နှစ်ဦးရဲ့ သဘောထားက ဆန့်ကျင်ဘက် ဖြစ်နေမယ်လေ” ဟု အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ မဇင်မာအောင်က အကြံပြုသည်။
အမျိုးသားနှင့် အမျိုးသမီး ရင်ပေါင်တန်း လှုပ်ရှားနေကြသည့် ခေတ်တွင် နိုင်ငံ၏စီးပွားရေး အခြေအနေက ဘ၀ကြင်ဖော်ရွေးချယ်မှုကို သိသိသာသာ ပြောင်းလဲလာစေခဲ့ပြီဖြစ်ပါသည်။ ခြုံငုံသုံးသပ်ရလျှင် စီးပွားရေးပိုင်းကို ဦးစားပေးလိုကြခြင်း၏ အဓိက အကြောင်းရင်းမှာ မပူမပင် မကြောင့်မကြနှင့် လူတန်းစေ့ နေထိုင်နိုင်သော ဘ၀ကို လိုလားကြခြင်းပင်ဖြစ်သည်။
ရန်ကုန်မြို့မှ အသက် ၂၂ နှစ် အရွယ် အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးက သူမ၏ ခံစားချက်ကို အောက်ပါအတိုင်း ပြောပါသည်။
“မိန်းမတိုင်းကတော့ အမြင့်ကိုပဲ မှန်းချင်ကြတာပါပဲ” ။ ။
ရေးသားသူ- သတင်းအဖွဲ့ 7Day News Journal
(ဥက္ကာကိုကို၊ ခန့်ထက်၊ အိမွန်ကျော်၊ သွယ်သွယ်လင်း၊ ခိုင်ခိုင်စိုး၊ အေး မြတ်သူ)
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday, 17 January 2013
» စိတ်ကူးထဲကဖူးစာရှင်
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
January
(377)
- မြန်မာရန်ကုန်မြို့တော်..မှ
- မြန်မာရန်ကုန်မြို့တော်...မှ
- ဗန်းမော် မှာ ဗုံးပေါက်
- မာလီတိုက်ပွဲ ပြင်းထန်ဆဲ
- ဂဏန်းတွေလည်း နာ တတ်တယ်
- မြန်မာရန်ကုန်မြို့တော် မှ
- ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့များ၌ ကမ္ဘာ့အဆင့်မီ ဟ...
- အအေးလှိုင်းဖြတ်သန်းနေ၍ လူအချို့လေဖြတ်
- ဖေဖော်ဝါရီလတွင် အအေးလှိုင်းဖြတ်ဦးမည်
- » စိတ်ကူးထဲကဖူးစာရှင်
- မန္တလေးတွင် တရားမဝင်လိုင်စင်မဲ့ယာဉ်များကို ထိရောက်စ...
- ထွက်နှုန်းလျော့ကျ၍ ခင်ဦးမှစပါးစိုက်တောင်သူများ အခက်...
- ဇန်န၀ါရီလ (၁၇)ရက်နေ့ ထုတ် The Hot News Weekly Jour...
- ၂၀၁၂ခုနှစ်အတွက် Ion Ratiu Democracy Award ဆု ဒေါ်အေ...
- နယူးယောက်ပြည်နယ်မှာ သေနတ်ဥပဒေ ပြဌာန်း
- လူ့ဘောင်သစ်ပါတီ တရားဝင်ရပ်တည်ဖို့ရှိ
- ဆီးရီးယား Aleppo တက္ကသိုလ်ပေါက်ကွဲမှု အနည်းဆုံး ၅၂ ဦ...
- ကချင်အရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်ဟု...
- ဆင်းရဲနေချိန်ကာလမှာ တိုင်းပြည်က ဘာလိုချင်တယ် ပြောေ...
- ခရိုနီ ပေးတဲ့ ရန်ပုံငွေ ကိစ္စ NLD တုံ့ပြန်
- ကချင်ပြည်နယ်မှာ တိုက်ပွဲနဲ့ ဗုံးခွဲမှုတွေ ဆက်ဖြစ်ပွား
- တရုတ်နိုင်ငံမှာ အလုပ်ကြမ်းစခန်းတွေ မပိတ်သေး
- ပါကစ္စတန် ဝန်ကြီးချုပ်ကို ဖမ်းဆီးမိန့်ထုတ်
- မာလီသူပုန်တွေကို ပြင်သစ် လေကြောင်းကဆက်တိုက်
- အီဂျစ်မှာ ရထားမှောက်လို့ လူ ၁၉ ဦးသေဆုံး
- အတန်းပိုင် ဆရာမက ဒုတိယတန်း ကျောင်းသားအား ရိုက်နှက်...
- နဘားဘူတာအနီး ရထားသံလမ်း တံတား ပေါက်ကွဲမှု (သတင်း-ဓါ...
- မိုဘိုင်းဖုန်းကတ် ရောင်းချရန် ခွင့်ပြုမိန့် မရသေးဟ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် မဇ္ဈိမ ဂျာနယ် အတွဲ (၂) အမှတ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် First Eleven Sports Journal...
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် JOB Opportunit No 11
- ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၃၉
- ကချင်အရေး နှစ်ဖက်လုံး ညှိုနှိုင်းဖြေရှင်းကြဖို့ အမေရ...
- မြန်မာအပေါ် ပိတ်ဆို့မှု ပြန်သုံးသပ်နိုင်
- ဆိုးဆေးများရောင်းချပါက တရားစွဲမည်
- ငါးထောင်တန်ငွေဖြည့်ကဒ်များငွေမပြည့်ခြင်းများဖြစ်ပေ...
- ထိုင်းမှ အကြီးစားစက်ယန္တရား ကုမ္ပဏီ TMC Industrialြ...
- မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း တံတားနှစ်စင်း မု...
- » ရွှေလင်ဗန်း စက်မှုဇုန်၊ အထည်ချုပ်စက်ရုံ အလုပ်သမား...
- ကြေးနီတောင်စီမံကိန်းမှာ ညမထွက်ရအမိန့် ဆက်လက်ထုတ်ထားဆဲ
- ကြေးနီတောင်စီမံကိန်း အစီရင်ခံစာ ပြည်သူတွေကို အသိပေ...
- မုံရွာမြို့ မှ ရက်စက်တဲ့ မယားသတ်မှု
- (ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး) ဦးရဲထွဋ်၏ fac...
- အစိုးရတပ်၏ လက်နက်ကြီး လိုင်ဇာမြို့ထဲကျ၊ အရပ်သား သေ...
- ဇန်နဝါရီ ၁၇ ရက်နေ့ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အ...
- ဆရာကြီး မင်းသိင်္ခ၏ စာအုပ်များ
- swf song များ
- တိတ်တခိုးအချစ်-မီမီဝင်းဖေ
- mm-flashsongs
- ♥♥♥♥♥♥♥♥ရင်ခွင်ဦးမှအပြန်♥♥♥♥♥♥♥♥
- ၂၀၁၂ ခုနှစ် လူကုန်ကူးမှု၌ အဓမ္မ လက်ထပ် ထိမ်းမြားမှု အ...
- ယခုနှစ်ကုန်၌ SE-ME-WE-5 တည်ဆောက်မှု စတင်မည်
- ရန်ကုန်တိုင်း ဒေသကြီး၌ တရားမ၀င် သဲလှေ အစီး ၁၀၀ ခန်...
- ကဏ္ဍသုံးခု အတွက် နိုင်ငံတကာ လုပ်ငန်းရှင်များ ပါဝင်လာ...
- မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအား ယူနက်စကိုသို့ ထပ...
- ဘူတန်နိုင်ငံသို့ ဆရာဝန်များ စေလွှတ်ရန်ရှိ
- Diamond Valley Rise စင်တာအား ၂၇ထပ် ဆောက်လုပ်မည်
- ဖခင်ဖြစ်သူအားသတ်ခဲ့သည့်သားကို ရဲတပ်ဖွဲ့က ဖမ်းဆီးအေ...
- ရိုးရိုးလေးကိုသိန်းနိုင်အား ပုဒ်မ(၃)ခုဖြင့် အမှုဖွင...
- ဖားကန့်မြို့ ၊ မှော်ဆီဇာ မြေစာပုံ လမ်းဘေးတွင် လူတစ...
- မြောက်ဦးမြို့နယ်တွင်း တာဝန်ကျ တပ်ကြပ်တစ်ဦး ဓားဖြင့...
- ဆန္ဒပြခေါင်းဆောင်များကို တရားစွဲမှု ရုပ်သိမ်းရန် တော...
- ကေအိုင်အေဌာနချုပ် လိုင်ဇာကို လက်နက်ကြီးကျ၊ အရပ်သား...
- ရေလုပ်သားအခွင့်အရေး ဆုံးရှုံးနေသူ ၄၀၀၀ ခန့် ဆန္ဒပြ
- လက်ပံတောင်းတောင်အရေး သမ္မတထံ ကြားဖြတ်အစီရင်ခံစာ တင်...
- နိုင်ငံတော် သမ္မတ ၏သဘောထားမှတ်ချက် ပျက်ပျယ်
- လိုင်ဇာတွင် လက်နက်ကြီးကျည်ကျ ဒေသခံ သုံးဦးသေ၊ လေးဦး...
- ကိုမင်းကိုနိုင်၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ်
- ဇန်နဝါရီ ၁၆ ရက်နေ့ထုတ် Mobile Guide Journal
- တိုင်းလွှတ်တော်မှ မစုံစမ်း မစစ်ဆေးသင့်ဆိုသည့် ညွှန်ြ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် Digital Life Issue: 37
- ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် Weekly Eleven News Journal ...
- ကချင်တိုက်ပွဲ ကြောင့် ဒုက္ခသည် ပိုများ
- ICRC အကြီးအကဲ မြန်မာနိုင်ငံရောက်ရှိ
- အိန္ဒိယ နိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ အုပ်စုဖွဲ့ မုဒိမ်...
- သီရိလင်္ကာ တရားသူကြီးချုပ်ကို ရာထူးကဖယ်ရှား
- ရဟတ်ယာဉ်ပျက်မှု နှစ်ဘက် အပြန်အလှန်ပြော
- ဖါးကန့် ကျောက်စိမ်းတွင်းဒေသဖက်မှာ တိုက်ပွဲဖြစ်နေ
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ ...
- ဇန်န၀ါရီလ(၁၀)ရက်နေ့ ထုတ် ပြည်သူ့ ခေတ် ဂျာနယ် Vol 3...
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် HR journal အမှတ်(၁၇၇)
- ခရိုနီငိုချင်း၊ နှစ်ပါးသွားနှင့် မြန်မာ့နိုင်ငံရေး
- ကြေးနီတောင်စီမံကိန်းတဝိုက် သဘာဝပတ်ဝန်းကျင် ပျက်စီး...
- ဒေါ်အောင်ဆန်းစုကြည် ကရင်နှစ်သစ်ကူး သဝဏ်လွှာပေးပို့
- နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဆေးကုသမှု ...
- ခင်ဦးမြို့နယ်တွင် မိုးခေါင်မှုကြောင့် စပါးခင်းများ ...
- တရားဥပဒေစိုးမိုးရေး ဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူ အရ...
- နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ အသစ်ရောင်းချမည့်...
- Thailand actress @2012 thai dress- What Makes You ...
- 2012 Cotton Day Thailand Fashion Show.mov
- ရန်ကုန်ရဲ့ မွန်းကြပ်မှုက ဝေးလွင့်ရာ လမ်း ၅၀ ကဖေး
- ကေအိုင်အေနှင့် အစိုးရအကြား ခေတ်မီ နည်းပညာသုံး ဆွေး...
- စစ်အသုံးစရိတ်ကို နိုင်ငံတော် ဘတ်ဂျက်၏ ၂၁ ရာခိုင်နှု...
- ညနေပိုင်း ပြည်တွင်း သတင်း အစီအစဉ်များအား အချိန်ပြေ...
- ကိုရီးယားနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကု...
- Johns Hopkins တက္ကသိုလ်မှ ပြည်တွင်း၌ သင်တန်းများ ပိ...
- အိမ်ရာ အဆောက်အအုံ၊ နေထိုင်မှုနှင့် မော်တော်ယာဉ် ပြပ...
- မြန်မာနိုင်ငံ ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွား လုပ်ငန်...
- မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီအားြ...
- ပြည်တွင်း၌ Specialist Society များ ဖွဲ့စည်းရန် အား...
- အမျိုးသမီးများ ဦးဆောင်မှုနှင့် ကျေးရွာ စိုက်ပျိုးမေ...
- အပျိုဝင်စအရွယ် မြန်မာ အမျိုးသမီးလေးကို ပြည်တန်ဆာ လ...
- မန္တလေးမြို့ စက်မှုဇုန်များနှင့် မြို့အတွင်းရှိ သဘာဝ...
- ၁၉၉၄ ခုနှစ်တွင် ဒဂုံဆိပ်ကမ်းသို့ ပြောင်းရွှေ့ခံရသူမ...
- ညောင်တုန်းမြို့နယ်ရှိ တောင်သူများ၊ ရေလုပ်သားများ က...
- မြေပလ္လင် နှင့် နန့်စီးအောင်ကျေးရွာအကြား ရထားလမ်း မ...
- ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှလုံးကျန်းမာရေးကြေ...
- မြန်မာဘဏ်တွေနဲ့ Western Union တို့ စာချုပ်
- အာဆီယံ အခွန်လွတ် ကုန်သွယ်မှု
- ပြင်သစ်ပြည်တွင်း လုံခြုံရေး တိုးမြှင့်မယ်
- ဘေကျင်းမှာ လေထု ညစ်ညမ်းမှု ဆိုးဝါး
- ယနေ့ နံနက် အမှတ် ၃၄ အစုန် လူစီးရထား KIA မိုင်းခွဲတ...
- တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတ...
- ထိုင်းနိုင်ငံ တောင်ပိုင်းမှာ လူမှောင်ခို ကူးသူတွေရဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြေပြိုမှု ၄၆ ယောက်သေ
- Sea Games ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား တရုတ် အခမဲ့ ...
- အလုပ်သမားအရေး ကူညီပေးသွားမယ်လို့ သံအမတ်ပြော
- စစ်သွေးကြွတွေကိုရှင်းတဲ့ ပြင်သစ်စစ်သားသေဆုံး
- Sexy Media
- ပုဂံမြို့သစ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဆေးရုံတက်နေခ...
- ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် တရားမျှတမှု ...
- ကိုရီးယား နိုင်ငံသားတစ်ဦး ၎င်းငှားရမ်း နေထိုင်နေသည့် ...
- တပ်မတော်တိုက်ခိုက်ရေး စစ်ရဟတ်ယာဉ် ပျက်ကျ အရာရှိ နှ...
- တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည့် ဆုလာဘ်ထက်သာ စက်ရံ...
- ဇန်န၀ါရီလ (၁၄)ရက်နေ့ ထုတ် The Voice Vol.9 / No.2
- တန်ဖိုးနည်း မိုဘိုင်းဖုန်းများအား လက်ရှိအချိန်ထိ တ...
- မြန်မာနယ်စပ် တရုတ်လုံခြုံရေး တိုးမြှင့်
- ပါကစ္စတန် နိုင်ငံ ကွာတာမြို့က
-
▼
January
(377)

No comments:
Post a Comment