Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 14 January 2013

ယခုနှစ်ကုန်၌ SE-ME-WE-5 တည်ဆောက်မှု စတင်မည်


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောပြချက် အရ အင်တာနက် ဆက်ကြောင်း တစ်ခုဖြစ်တဲ့ SE-ME-WE-5 တည်ဆောက်မှုကို အခု
၂၀၁၃ ခုနှစ် အကုန် ပိုင်းလောက်မှာ စတင်ပြုလုပ် သွားမယ်လို့ သိရပါတယ်။ အဆိုပါ ဆက်ကြောင်း တည်ဆောက်ဖို့ အတွက် ပြည်ပ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ China Unicon နဲ့ သဘောတူ စာချုပ် ချုပ်ဆိုမှု ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ လအတွင်းက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို တည်ဆောက်ရာ မှာတော့ ကုန်းတွင်းပိုင်း ဖိုင်ဘာ လိုင်းတွေကို အရင်ဆုံး ပြုလုပ်ရမှာ ဖြစ်ပြီး SE-ME-WE-5 ဆက်ကြောင်း ကိုတော့ မူဆယ်မှ ချောင်းသာ အထိ သွယ်တန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှ အခုလို ဖိုက်ဘာ ဆက်ကြောင်း အသစ် တည်ဆောက်ဖို့ စီစဉ်ရတာဟာ လက်ရှိ အသုံးပြုနေတဲ့ Se-ME-WE-3 ကို အသုံးပြုခဲ့တဲ့ သက်တမ်း ကြာမြင့်နေ ပြီဖြစ်တာကြောင့် အင်တာနက် လိုင်းဆွဲအားတွေ ကောင်းမွန် စေဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။ အဆိုပါ SE-ME-WE-5 တည်ဆောက်ရေး မှာတော့ ကုန်ကျငွေ အနေနဲ့ အမေရိကန် ဒေါ်လာ ၃၅ သန်း ကနေ သန်း ၄၀ ကြား ကုန်ကျနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့