Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 12 January 2013

မြေပလ္လင် နှင့် နန့်စီးအောင်ကျေးရွာအကြား ရထားလမ်း မိုင်းပေါက်ကွဲမှုဖြစ်ပွား


ယနေ့ (ဇန်န၀ါရီ၊၁၃၊၂၀၁၂)နံနက် ၃နာရီ၁၇မိနစ် အချိန်တွင် ကသာခရိုင်၊ အင်းတော်မြို့နယ်  နန့်စီးအောင် နှင့် မြေပလ္လင်ကျေးရွာ အကြား မိုင်တိုင်အမှတ် ၆၁၀(၂၁/၂၂)အကြားတွင်မြစ်ကြီးနားမှ မန္တလေးသို့ စက်ခေါင်းမောင်း ဦးအောင်ကျော် မောင်းနှင်လာသော အမှတ်(၃၄)အစုန် လူစီးအိပ်စင်ရထားအား မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ရထားမှာ(စက်ခေါင်းအပါ-၁၁တွဲ)ပါရှိပြီး၊ ရထားစက်ခေါင်း၊ စက်ခေါင်းအမှတ်(DF-2058)
သည် သံလမ်းအရှေ့ဖက်သို့လဲကျခဲ့သည်။

 စက်ခေါင်းနှင့်ကပ်လျက်တွဲအမှတ်(၁) (BDTEZ -13008) မှာမူ  ဘီးများပြုတ်သွားပြီး သံလမ်းပေါ် ကန့်လတ်ဖြတ်လဲကျကာ၊ တွဲအမှတ်(၂)(BDTEZ-13077) မှာ သံလမ်းအနောက်ဖက်သို့ (၄၅ံ)တိမ်းစောင်းသွားကြောင်းသိရ၍ လူအသေအပျောက်မရှိကြောင်း သတင်းရရှိသည်။



ယနေ့ (ဇန်န၀ါရီ၊၁၃၊၂၀၁၂)နံနက် ၃နာရီ၁၇မိနစ် အချိန်တွင် မြေပလ္လင် နှင့် နန့်စီးအောင် ကျေးရွာ အကြား ရထားလမ်း မိုင်းပေါက်ကွဲ မှုဖြစ်ပွားခဲ့စဉ်။ 




No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့