အရင် စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး တွေဖြစ်တဲ့ ဦးတေဇ နဲ့ ဦးဇော်ဇော်တို့ပိုင်တဲ့ ဘဏ်တချို့ ကို အမေရိကန် ပြည်ထောင်စုနဲ့ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှု လုပ်ငန်းတွေ လုပ်ကိုင်ခွင့် လိုင်စင် ထုတ်ပေး လိုက်ပေမဲ့ ဒီလူတွေနဲ့ သူတို့ရဲ့ ကုမ္ပဏီတွေကတော့ အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ် ဆို့မှု စာရင်းထဲမှာ ဆက်ပြီး ရှိနေဦးမှာ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက ပြောပါတယ်။ အခု အမေရိကန် ပြည်ထောင်စုက ငွေကြေး ထုတ်သွင်းခွင့်လိုင်စင် ထုတ်ပေးလိုက်တဲ့အထဲမှာ ဘယ်ဘဏ်တွေ ပါဝင်ပါလဲ။ ဘာကြောင့် သူတို့ကို ခုလို ခွင့်ပြုလိုက်တာလဲ ဆိုတာတွေကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံတွင်းက စီးပွားရေးဘဏ်လေးခုကို General Licenseလို့ အမေရိကန်ပြည်ထောင်စု နဲ့ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပြုလိုက်တဲ့အကြောင်း အမေရိကန် ဘဏ္ဍာရေးဌာန၊ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က မနေ့က ကြေညာချက် ထုတ်ပြန် လိုက်တာပါ။ အခု ငွေကြေးထုတ်သွင်း ခွင့် ပြုလိုက်တဲ့ဘဏ်တွေထဲမှာ မြန်မာ့စီးပွားရေး ဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ဘဏ်တွေနဲ့အတူ အရင် မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ဦးတေဇ ပိုင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ် နဲ့၊ ဦးဇော်ဇော်ရဲ့ မက်ဇ်မြန်မာကုမ္ပဏီပိုင် ဧရာဝတီဘဏ်တွေလည်း ပါဝင်ပါတယ်။
ခုလို ငွေကြေးထုတ်သွင်းခွင့် ပြုလိုက်တာဟာ အမေရိကန် ကုမ္ပဏီတွေနဲ့ အစိုးရလက်အောက်ခံ မဟုတ်တဲ့ အန်ဂျီအိုအဖွဲ့တွေရဲ့ မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေ အဆင်ပြေ လွယ်ကူစေဖို့ အတွက် သာ ဖြစ်ပြီး အရင် မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ သူတို့ရဲ့ ကုမ္ပဏီတွေ အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆိုမှုတွေကိုတော့ ဆက်ပြီး ချမှတ်သွားမှာ ဖြစ်တယ်လို့ အမေရိကန် အမေရိကန် ဘဏ္ဍာရေးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) ပြောခွင့်ရသူ John Sullivan က VOA ကို ပြောပါတယ်။
“ဒီဘဏ်တွေကို ငွေကြေးထုတ်သွင်းခွင့်ပြုတာကအရေးကြီးတဲ့ကိစ္စဖြစ်သလို မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်အောင် ကောင်းတဲ့ဘက်က တွန်းအားပေးနိုင်တယ်လို့ ထင်ပါတယ်။ မြန် မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံချင်တဲ့ အမေရိကန်ကုမ္ပဏီတွေနဲ့ အစိုးရလက်အောက်ခံ မဟုတ်တဲ့ NGO အဖွဲ့တွေရဲ့လုပ်ငန်းတွေ အဆင်ပြေလွယ်ကူစေဖို့လည်း ဖြစ်ပါတယ်။ ဒါတွေ အားလုံးက မြန်မာပြည်သူတွေ အတွက် အကျိုးဖြစ်လာစေမယ့် အရာတွေပါ။ ဒီဘဏ်တွေနဲ့ ဒီဘဏ်တွေကိုပိုင်တဲ့ အရင်စစ်အစိုးရနဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ခရိုနီတွေကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ပစ်မှတ်ထား အရေးယူပိတ်ဆို့တဲ့ စာရင်းထဲမှာ ဆက်ပြီးတော့ ရှိနေအုံးမှာပါ။ ဒီလူတွေနဲ့ဘဏ်တွေအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ဖယ်ရှားလိုက်တာ မဟုတ်ပါဘူး။ ဒီ general လိုင်စင်က အမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှု လုပ်ကိုင်ချင်လာအောင်နဲ့ NGO အဖွဲ့တွေ အနေနဲ့လည်း မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လာရောက်လုပ်ကိုင်ချင်အောင် အားပေးတဲ့သဘောပါ။”
မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအပေါ်မှာ အမေရိကန်အစိုးရက အနီးကပ်စောင့်ကြည့်နေသလို အခုလို စောင့်ကြည့်ဆဲကာလမှာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မြန်မြန်ဆန်ဆန်ကြီး ရုပ်သိမ်းသွားမှာ မဟုတ်ပါဘူးလို့လည်း ပြောခွင့်ရသူက ပြောပါတယ်။
“ဒီဘဏ်တွေနဲ့ ခရိုနီတွေကို ပိတ်ဆို့မှု၊ ဒဏ်ခတ်မှုစာရင်းထဲကနေ လက်ရှိအခြေအနေမှာ ထုတ်ပစ်ဖို့ ဆိုတာကတော့ စောသေးတယ်လို့ ကျနော်တို့လည်း ထင်ပါတယ်။ သူတို့ကို ပိတ်ဆို့မှုစာရင်းထဲ ဆက်ထားတာကရော အခု General လိုင်စင် ထုတ်ပေးထားတာတွေကရော ဒဏ်ခတ်ပိတ်ဆို့ မှုတွေကိုဒ ဖြည်းဖြည်းချင်းသာ ဖြေလျှော့ပေးသွားမယ်ဆိုတဲ့ ကျနော်တို့ရဲ့ မူဝါဒနဲ့အညီ ဆောင်ရွက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှေ့ဆက်ပြောင်းလဲမှုတွေ ဖြစ်လာအောင် တွန်းအားပေးဖို့ ဖြစ်ပါတယ်။”
အမေရိကန်အစိုးရအနေနဲ့ အခုလို မြန်မာနိုင်ငံက ဘဏ်တွေကို ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတွေ ပေးလိုက်တာဟာ မြန်မာလူထုအကျိုးကို ရှေ့ရှုပြီးဆောင်ရွက်တာသာ ဖြစ်တယ်လို့လည်း မစ္စတာ ဆူလေဘန်က ပြောပါတယ်။ တကယ်လို့ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီစံနစ်ကို ဆန့်ကျင်တဲ့ နောက်ကြောင်းပြန်လုပ်ရပ်တွေ လုပ်လာမယ်ဆိုရင်လည်း ဒီခွင့်ပြုချက်ကို အချိန်မရွေး ပြန်ရုပ်သိမ်းသွားနိုင်တယ်လို့လည်း သူက ပြောပါတယ်။
“ဒါဟာ မြန်မာပြည်သူတွေအတွက် အကောင်းဆုံးကို ရှေ့ရှုဆောင်ရွက်တာလို့ ကျနော် ယုံကြည်ပါ တယ်။ အခု General လိုင်စင် ထုတ်ပေးတယ်ဆိုတာ ကျနော်တို့အနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးလိုက်တာ မဟုတ်ဘူးဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း နားလည်စေချင်ပါတယ်။ General လိုင်စင် ထုတ်ပေးရုံသာဖြစ်ပြီးတော့ ဥပေဒကြောင်းအရ အရေးယူ ပိတ်ဆို့မှုတွေ ပြန်လုပ်နိုင်တဲ့ အနေအထားကိုတော့ ဆက်ပြီးတော့ ထိန်းသိမ်းသွားမှာပါ။ တကယ်လို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ထိခိုက်တဲ့ လုပ်ရပ်တွေကို လုပ်လာတာကို တွေ့မယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ General လိုင်စင်ကို အချိန်မရွေး အမြန်ဆုံး ပြန်ရုပ်သိမ်းနိုင်ပါတယ်။”
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကစလို့ စတင်ဆောင်ရွက်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံ အတော်များများ က မြန်မာနိုင်ငံမှာ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ချပေး လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လက စပြီးတော့ လျှော့ပေါ့ပေးလာခဲ့တာ ဖြစ်သလို မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ပြန်လည် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ မြန်မာ စီးပွားရေးဘဏ်တွေကို ဘဏ္ဍရေးဆိုင်ရာ ဝန်ဆောင်မှုတွေ လုပ်ကိုင်ခွင့်ပြုလာတဲ့ အထိပဲ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံက အဆင့်မြင့် သံကိုယ်စားလှယ်အဖွဲ့တွေ ဒီရက်ပိုင်း မြန်မာနိုင်ငံကို ရောက်ရှိနေ ချိန်မှာ အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ မြန်မာနိုင်ငံက ဘဏ်တွေအပေါ် အခုလို ငွေကြေး ထုတ်သွင်းခွင့်ပြုတဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
မခင်ဖြူထွေး (ဗွီအိုအေ)
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Saturday, 23 February 2013
မြန်မာဘဏ်တချို့ အမေရိကန်ဘဏ္ဍာ ဝန်ဆောင်ခွင့်ပြု
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
February
(139)
- မြန်မာရန်ကုန်မြို့တော် မှ
- ဘက်စုံ လွှမ်းခြုံသော ပညာရေး ကဏ္ဍ အတွက် ဆွေးနွေးခဲ့
- မြန်မာ သတင်းအချက် အလက်နှင့် နည်းပညာ တက္ကသိုလ်ကို အိ...
- အဆင့်မြင့် ပညာရေး ကဏ္ဍအတွက် မြန်မာ-အမေရိကန် ဆွေးနွေးခဲ့
- ဓမ္မစေတီလမ်း၊ ပြည်လမ်းမှ ဗားကရာလမ်း အပိုင်းကို တစ်လ...
- အာဖဂန် အမေရိကန် တပ်တခိျု့ ထွက်ခိုင်း
- အကြိတ်အနယ် ပြိုင်ကြမယ့် အော်စကာ ဆုပေးပွဲ
- ကားနောက်ခန်းထဲပုန်းကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန်...
- ယုဇန ပလာဇာအား ပိတ်ရက်မရှိ ပြန်လည်ဖွင့်လှစ် ခြင်းအာ...
- ဦးတေဇ ၏ ထူးကုမ္ပဏီများ အုပ်စုကို အမေရိကန်နိုင်ငံမှ ...
- ဆက်သွယ်ရေးဝန်ကြီးဌာန အရှုပ်တော်ပုံ
- အင်းလေး ဟိုတယ်ဇုန် အရေး လွှတ်တော် မြေယာ တိုင်ကြားမှု...
- အမေရိကန်ကုန်သည်ကြီးများအဖွဲ့ မြန်မာနိုင်ငံခရီးစတင်
- နေရာတိုင်းတွင် အမြတ်မထုတ်သင့်ဟု ဒုဝန်ကြီး ဦးမြင့်သ...
- ဖေဖေါ်ဝါရီလ(၂၆)ရက်နေ့ ထုတ် Digital Life Journal အတွ...
- လင်မယားချင်းစကားများရာမှ ဓါးဖြင့်ခုတ်သဖြင့် ဇနီးဖြ...
- အလုပ်သမားရုံးခွဲ တာဝန်ခံများ ကွန်ပြူတာဖြင့် ငွေစာရ...
- သမ္မထံလိပ်မူတိုင်ကြားသော တိုင်ကြားစာများအား လက်ခံဆေ...
- လူထုအသံ ထုတ်ဖော်မည့် သံချပ်ပြိုင်ပွဲ ပြုလုပ်မည်
- မြန်မာနိုင်ငံတွင် စက်ရုပ်နှင့် မော်တော်ကား ထုတ်မည်
- စတုတ္ထအကြိမ်မြောက် Job fair Yangon 2013 ပြပွဲကျင်းပ
- ခွင့်ပြုချက်မရှိပဲ ဓာတ်ဆီဆိုင်ဖွင့်မှု မန္တလေးမြို့ခ...
- လိုင်ဇာဘက်သွားမည့် ကယ်ဆယ်ရေးယာဉ်တန်း ဗန်းမော်ရောက်
- တရုတ်အစိုးရပြောတဲ့ တရုတ်ပြည်က ကင်ဆာရွာများ
- ဆီးရီးယားအတိုက်အခံ နိုင်ငံတကာကို ကန့်ကွက်
- နိုင်ငံရေး အကျဉ်းသား ကိစ္စ ဆွေးနွေး
- ကွန်တိန်နာယာဉ်တစ်စီး အခြားယာဉ်နှစ်စီးကို တိုက်မိပြ...
- လမ်းဘေး ဈေးသည်တွေကို အကြမ်းဖက်အရေးယူနေ (ရုပ်/သံ)
- (၁၈)ဘီးယာဉ်ကြိတ်၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
- ဖေဖေါ်ဝါရီလ(၂၅)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.8
- စစ်တွေနှင့် ပေါက်တောမြို့တို့တွင် အမိန့်ထုတ်၍ လူဦး...
- » မြန်မာ့လေကြောင်းမှ လေယာဉ်အဟောင်း တစ်စင်းကို ပြည်...
- မုံရွာတွင်လေယာဉ်ပစ်ဗုံးများတွေ့ရှိ
- မှော်ဘီ-သီရိမင်္ဂလာဈေး ပြေးဆွဲနေသော ဟိုင်းလတ်ယာဉ် တိ...
- မြန်မာဘဏ်တချို့ အမေရိကန်ဘဏ္ဍာ ဝန်ဆောင်ခွင့်ပြု
- ကျောက်ဖြူမြို့နယ်က ကျောက်တောင်တွေ အကုန်လုံးနီးပါး ...
- မြန်မာနိုင်ငံတွင် မြေ၀ယ်ခြင်း၊ ငှားရမ်းခြင်းကိစ္စမျ...
- ခိုလှုံဝင်ရောက်ရန် ကြိုးစားလာသော ဘင်္ဂါလီများကို လက်ခ...
- ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ထုတ် Focus Online Issue 30, ...
- ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ...
- ဖွဲ့စည်းပုံ ခုံရုံး ဥက္ကဌ ရွေးတော့မယ်
- အီကြာကွေးမှာ ဓာတုပစ္စည်းပါနေ
- စွမ်းအင်နဲ့ ကာကွယ်ရေး ဘတ်ဂျက်အများဆုံး သုံးမယ်
- သမ္မတ ဦးသိန်းစိန် ဥရောပ ငါးနိုင်ငံ သွားမယ်
- ဂျော်ဒန်မှာ မြန်မာ အလုပ်သမားတွေ အကူအညီမဲ့
- အဝေးကိုထွက်မသွားပါနဲ့လို့ 
- » လူသတ်မှုစွဲခံရသူ အပြေးသမားကို အာမခံနဲ့လွှတ်
- @@@ရှိနေပေးပါ မောင်@@@
- ♥#♥#♥#♥#♥# တစ်ကယ်လို့ ♥#♥#♥#♥#♥
- ငါ့နားမှာခဏတော့နေပေးပါချစ်သူရယ်
- ပွင့်လင်းသောအစိုးရ အဖြစ် သတ်မှတ်ခံရအောင် ဗြိတိန်ကူမည်
- ဂျပန်မှာ သေမိန့်ကျ အကျဉ်းသား သုံးယောက်ကို ကွပ်မျက်
- nternet download manager အဆင်မပြေသူများအဆင်ပြေအောင်ပါ
- media player classic လေးသုံးလို့ကောင်းတယ်
- မိုးစက်အလွမ်း
- လွမ်းဆွေးမူ
- Photoshop ၀ါသနာရှင်များအတွက် Adobephotoshop light ...
- အညာ သနပ်ခါး
- မတ်လ ကုန်မှာ သန်းခေါင်စာရင်း အစမ်း ကောက်မယ်
- ပွင့်လင်း အုပ်ချုပ်ရေး ဖြစ်လာ တော့မှာလား
- မြန်မာ့ငြိမ်းချမ်းရေးအတွက် ဂျပန်က အထူးသံတမန်ခန့်
- တပ်မတော် အရာရှိကြီးတွေအတွက် ILO က သင်တန်းဖွင့်မည်
- ခန္ဓာကိုယ်အတွင်းမူးယစ်ဆေးဝါးသယ်ဆောင်သူ အမျိုးသမီးနှ...
- ဖေဖော်ဝါရီလ (၂၁)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ...
- ဖေဖော်ဝါရီလ (၁၉)ရက်နေ့ ထုတ် SHADE ဂျာနယ် အတွဲ(၇)၊ ...
- ဖုန်းဆင်းကတ်ပျောက် ကိုယ်တိုင်လျှောက်လျှင် နေ့ချင်း...
- ဆီတင်ယာဉ် မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်မှာ ဓာတုတုံ့ပြန...
- Facebook မှ ထိုင်ဝမ်အနုပညာကျောင်းသားများ
- ခြံစည်းရိုးကြေညာချက်ကြောင့် အချင်းပွားမှု များပြားနေ
- ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ထုတ် The Hot News Weekly J...
- သမ္မတ ဦးသိန်းစိန် စီးသည့် ရဟတ်ယာဉ် စက်ချွတ်ယွင်း
- တရုတ်စစ်ဖက်ဌာန ဆိုက်ဘာ သူလှျိုလုပ်
- မြစ်ကြီးနားမှာ အိုးအိမ်တွေ ပြောင်းရွှေခိုင်းနေ
- ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ထုတ် မဇ္ဈိမဂျာနယ် အတွဲ (၂)...
- မျက်နှာဖုံးစွပ်လူသတ်မှု တရားရုံးက အပြီးသတ် မစစ်ဆေးန...
- မြေဧကပေါင်း၂၃၅၀၀ ကျော် လယ်ယာမြေ သိမ်းယူမှုကြီး (ရုပ...
- ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ထုတ် အလင်းတန်း အနုပညာ ဂျာန...
- ဆိုင်ကယ်ပျောက်လို့ရဲကိုတိုင် ရှာပေးဖမ်းပေးရမယ့် ဒုက္ခ
- ချင်းတွင်းတံတားပေါ်မှ အမျိုးသမီးတစ်ဦးခုန်ချသေဆုံး
- ထုတ်ပယ်ခံနှင့် ရာထူး ချခံရမှုများတွင် စုစုပေါင်း ရ...
- ဖွဲ့စည်းပုံဥပဒေထက် မြန်မာအစိုးရ စိတ်ပိုင်းဆိုင်ရြာ...
- ရန်ကုန်-မော်လမြိုင် အမြန်ယာဉ် ပစ်တိုင်းထောင် ယာဉ်လ...
- မအူပင်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ (ရုပ်/သံ)
- ၁၀ စုနှစ်ခန့်က မြေယာသိမ်းဆည်းမှုကြောင့် မရမ်းကုန်းတ...
- တိုင်းရင်းဆေးကုသည့်လက်မှတ်မရှိဘဲ ကုစားသူများအား ဒဏ...
- အင်းလေးကန်ဟိုတယ်ဇုံ အတွက် မြေသိမ်း
- မြန်မာကလေးစစ်သား ၂၄ ဦး ပြန်လွှတ်ပေးမှု ကုလကြိုဆို
- ကျန်းမာရေး အသုံးစားရိတ် ၁၄ ဆ တိုးမြှင့်သုံးစွဲမည်
- သီရိလင်္ကာတွင် ဟာလာ အမှတ် တံဆိပ် ထည့်သွင်းမှု ပပျောက်...
- အများသဘောမတူသော အဆောက်အဦးကိစ္စ ၈၈နှင့် သံဃာနှစ်ပါး ...
- လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းကို တိတိကျကျြေ...
- အင်းလေးဟိုတယ်ဇုန် တည်ဆောက်ရေး တားဆီးခဲ့သူ ဒေသခံတွေ...
- မြန်မာ-တရုတ် လူကုန်ကူးမှု တိုက်ဖျက်ရေး တိုးမြှင့်
- အခွန်မဆောင်သောရေနံချက်ဖိုများကိုအရေးယူတော့မည်
- အမျိုးသမီးခေါင်းဖြတ် အသတ်ခံရမှု မှုခင်းတပ်ဖွဲ့ တိုက်...
- အမျိုး သား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေထံသို့ စာတ...
- တပ်မြေကိစ္စ နှင့် ပတ်သက်လျှင် နားပိတ်ပြီးသာအိပ်နေတော့
- မန္တလေးကြက်ခြံတခြံ အပြင်းစား ကြက်လည်လိမ်ရောဂါ ဖြစ်ပွား
- ဆည်မြောင်းတူးဖော်မှုကြောင့် တောင်သူများ၏ စိုက်ပျိုး...
- တိုက်ခန်းများတွင်ရေ ပြဿနာများရှိသောကြောင့် လုံးချင...
-
▼
February
(139)
No comments:
Post a Comment