၂၀၁၆ ခုနှစ်မှာ OGP Open Government Partnership လို့ခေါ်တဲ့ ပွင့်လင်း အစိုးရများ မဟာမိတ် အဖွဲ့ဝင် အဖြစ် ပါဝင်ဖို့ မြန်မာနိုင်ငံက အဆိုပြု ထားတာကြောင့် ပွင့်လင်းမြင်သာ မှုဆိုတဲ့ OGP ရဲ့ အဓိက လိုအပ်ချက်ကို ပြည့်မှီအောင် ကြိုးပမ်းဖို့ အတွက် ဗြိတိန်နိုင်ငံက ပံ့ပိုး ကူညီသွားမှာ ဖြစ်တယ်လို့ OGP ရဲ့ လက်ရှိ နာယက ဗြိတိန်နိုင်ငံ ကနေ ပြောကြားလိုက်ပါတယ်။ OGP အဖွဲ့ဝင်ဖြစ်ဖို့ ထိပ်တန်းအစိုးရ အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုကို ကြေညာဖို့ လိုအပ်ပြီး အဂတိ လိုက်စားမှုဟာ ပွင့်လင်းမြင်သာမှုရဲ့ ရန်သူဖြစ်တယ် လို့လည်း ဗြိတိန်အစိုးရ၀န်ကြီးအဖွဲ့ ဝန်ကြီး Francis Maude က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံ ကိုတော့ ဒေါ်ခင်စိုးဝင်း က ပြောပြပေးမှာပါ။
မြန်မာနိုင်ငံကို နှစ်ရက်ကြာ ခရီးရောက်ရှိခဲ့တဲ့ ဗြိတိန်အစိုးရဝန်ကြီးအဖွဲ့ ဝန်ကြီး Francis Maude က လွန်ခဲ့တဲ့ ၁၈လအတွင်း မထင်မှတ်ပဲ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်ထွန်းမှုတွေ တွေ့ရ လို့ အားတက်မိပါတယ်တဲ့။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ တောင်ကြီးကို တက်ဖို့ တောင်ရဲ့ခြေရင်းမှာပဲ ရှိနေသေးတာကြောင့် ပန်းတိုင်ရောက်အောင် အတော်လေး ကြိုးစားဖို့လိုသေးတယ်လို့ သုံးသပ်လိုက်ပါတယ်။
မနှစ်က အမေရိကန်သမ္မတ ဘရက်အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ သမ္မတ ဦးသိန်းစိန်က ၂၀၁၆ ခုနှစ်မှာ OGP ခေါ် ပွင့်လင်းတဲ့ အစိုးရများ မိတ်ဖက်အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်နိုင်ဖို့အတွက် သူတာဝန်ခံပါ့မယ်လို့ ပြောကြားခဲ့ဖူးတဲ့ အကြောင်း၊ ဒါကြောင့် OGP အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ ပါဝင်ဖို့ ကြိုဆိုတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်ဖြစ်ဖို့အတွက် လုပ်စရာတွေ အများကြီးရှိသေးတယ်လို့ ဝန်ကြီး Francis Maude က အခုလိုပြောဆို လိုက်ပါတယ်။
“OGP အဖွဲ့ဝင်ဖြစ်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ အရေးကြီးတဲ့ အပြောင်းအလဲတွေ လုပ်ဖို့လိုပါတယ်။ ဘတ်ဂျက် ရသုံးမှန်ခြေငွေစာရင်း၊ အကြီးတန်း အစိုးရအရာရှိကြီးတွေ ရဲ့အခြေပစ္စည်းပိုင်ဆိုင်မှုတွေ အပါအ၀င် အားလုံးကို ထင်သာမြင်သာဖြစ်ရပါမယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်ကတော့ အခု အထိုက်အလျောက် တိုးတက်လာတာတွေ့ရပါပေမဲ့ သတင်း အချက်အလက်တွေ လက်လှမ်းမှီအောင်ရယူနိုင်ဖို့ အခွင့်အလမ်းတွေ လိုနေပါသေးတယ်။ ဒါတွေအားလုံး ပွင့်လင်းလာတဲ့ကျမှသာ OGP အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်မှာဖြစ်ပါတယ်။ ဒီလို အပြောင်းအလဲတွေ ဖြစ်ထွန်းလာအောင် ကျနော်တို့ ကူညီပါ့မယ်လို့ တာဝန်ရှိသူတွေ ကိုလည်း ပြောကြားခဲ့ပါတယ်။”
ဗြိတိန်ဝန်ကြီး Francis Maude က အစိုးရဝန်ကြီးတွေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါ တွေ့ဆုံ ခဲ့ပြီး လူထုအခြေပြု အဖွဲ့အစည်းတွေကိုလည်း တွေ့ဆုံနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ့လို တွေ့ဆုံရာ မှာ OGP အဖွဲ့ဝင်ဖြစ်ဖို့ လိုအပ်ချက်တွေကို သူရှင်းပြခဲ့တယ်လို့ အခုလို ဆိုပါတယ်။
“အဖွဲ့ဝင်ဖြစ်ဖို့ အခြေခံ အချက် ၃ ခု လိုပါတယ်။ ပထမအချက်က အနဲဆုံး နည်းဥပဒေနဲ့ အညီ ဘောင်ဝင်ဖို့ လိုပါတယ်။ ဒုတိယအချက်က OGP ရဲ့ အခြေခံမူဖြစ်တဲ့ ပွင့်လင်းမြင်သာမှု ရှိဘို့ပါဘဲ။ တတိယအချက်က ပွင့်လင်းမြင်သာမှု အတွက် ယုံကြည် အားထားလောက်တဲ့ လုပ်ငန်းအစီအစဉ် ချမှတ်ရပါမယ်။ ဒါဟာ မြန်မာ တစ်နိုင်ငံတည်းအတွက် မဟုတ်ပဲ ဘယ်နိုင်ငံမှာမဆို လိုက်နာရမှာဖြစ်ပါတယ်။ ပွင့်လင်းမှုမှာ ဦးဆောင်တယ်လို့ ဆိုရပေမယ့် ကျနော်တို့ဗြိတိန်နိုင်ငံမှာလည်း ပိုပြီးတိုးတက်အောင် ကောင်းသထက်ကောင်းအောင် လိုက်နာကြရပါတယ်။”
OGP အဖွဲ့ကို လွန်ခဲ့တဲ့ နှစ်နှစ်က အဖွဲ့ဝင် ၅၈နိုင်ငံနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ OGP ရဲ့ အဓိက ရည်ရွယ်ချက်က Public Accountability လို့ ခေါ်တဲ့ ပြည်သူတွေအပေါ် တာဝန်သိတဲ့ တာဝန်သိမှုဖြစ်ပါတယ်လို့ ပြောရင်း OGP အဖွဲ့ဝင်ဖြစ်ခြင်းအားဖြင့် ရရှိမယ့် အကျိုးခံစားခွင့်တွေနဲ့ပတ်သက်လို့ အခုလို ရှင်းပြသွားပါတယ်။
“OGP အဖွဲ့ဝင်ဖြစ်ခြင်းအားဖြင့် ပွင့်လင်းမှုကို တွန်းအားပေးတဲ့ သဘောဆောင်ပါတယ်။ ပြည်သူ့ ဘဏ္ဍာတွေ ဘယ်လို သုံးတယ်ဆိုတာကအစ ယုံကြည်ကိုးစားမှု တိုးစေပါတယ်။ နောက်ပြီး အဂတိလိုက်စားမှုဟာ ပွင့်လင်းမြင်သာမှုရဲ့ ရန်သူဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုက အဂတိ လိုက်စားမှုကို ချေမှုန်းပစ်နိုင်ပါတယ်။ ဒါကြောင့် OGP အဖွဲ့ဝင်ဖြစ်ခဲ့ရင် ပွင့်လင်းတဲ့ စနစ်ကို ဖေါ်ဆောင်နိုင်ကြမှာဖြစ်လို့ ဧရာမ ကွာခြားချက်ကြီးကို တွေ့ကြရမှာပါ။”
မြန်မာပြည် ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်အောင် ကောင်းမွန်တဲ့ အုပ်ချုပ်မှု၊ တာဝန်သိတဲ့ ရင်းနှီးမြှပ်နှံမှု၊ ပွင့်လင်းမြင်သာမှု တိုးတက်စေရေး၊ လွှတ်တော်ရဲ့ လုပ်ငန်းတွေ ခိုင်မာရေး၊ တိုင်းရင်းသားတွေနဲ့ပြန်လည်ရင်ကြားစေ့ရေး အတွက် နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဖို့အတွက် OGP အဖွဲ့ဝင်တွေက ဝိုင်းဝန်းပံ့ပိုးသွားမှာဖြစ်တယ်လို့ OGP ရဲ့ နာယကအဖြစ် တာဝန်ယူထားတဲ့ ဗြိတိန်အစိုးရ၀န်ကြီးအဖွဲ့ ၀န်ကြီး Francis Maudeက ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ)
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Friday, 22 February 2013
ပွင့်လင်းသောအစိုးရ အဖြစ် သတ်မှတ်ခံရအောင် ဗြိတိန်ကူမည်
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
February
(139)
- မြန်မာရန်ကုန်မြို့တော် မှ
- ဘက်စုံ လွှမ်းခြုံသော ပညာရေး ကဏ္ဍ အတွက် ဆွေးနွေးခဲ့
- မြန်မာ သတင်းအချက် အလက်နှင့် နည်းပညာ တက္ကသိုလ်ကို အိ...
- အဆင့်မြင့် ပညာရေး ကဏ္ဍအတွက် မြန်မာ-အမေရိကန် ဆွေးနွေးခဲ့
- ဓမ္မစေတီလမ်း၊ ပြည်လမ်းမှ ဗားကရာလမ်း အပိုင်းကို တစ်လ...
- အာဖဂန် အမေရိကန် တပ်တခိျု့ ထွက်ခိုင်း
- အကြိတ်အနယ် ပြိုင်ကြမယ့် အော်စကာ ဆုပေးပွဲ
- ကားနောက်ခန်းထဲပုန်းကာ စင်ကာပူမှ တရားမဝင်ထွက်ခွာရန်...
- ယုဇန ပလာဇာအား ပိတ်ရက်မရှိ ပြန်လည်ဖွင့်လှစ် ခြင်းအာ...
- ဦးတေဇ ၏ ထူးကုမ္ပဏီများ အုပ်စုကို အမေရိကန်နိုင်ငံမှ ...
- ဆက်သွယ်ရေးဝန်ကြီးဌာန အရှုပ်တော်ပုံ
- အင်းလေး ဟိုတယ်ဇုန် အရေး လွှတ်တော် မြေယာ တိုင်ကြားမှု...
- အမေရိကန်ကုန်သည်ကြီးများအဖွဲ့ မြန်မာနိုင်ငံခရီးစတင်
- နေရာတိုင်းတွင် အမြတ်မထုတ်သင့်ဟု ဒုဝန်ကြီး ဦးမြင့်သ...
- ဖေဖေါ်ဝါရီလ(၂၆)ရက်နေ့ ထုတ် Digital Life Journal အတွ...
- လင်မယားချင်းစကားများရာမှ ဓါးဖြင့်ခုတ်သဖြင့် ဇနီးဖြ...
- အလုပ်သမားရုံးခွဲ တာဝန်ခံများ ကွန်ပြူတာဖြင့် ငွေစာရ...
- သမ္မထံလိပ်မူတိုင်ကြားသော တိုင်ကြားစာများအား လက်ခံဆေ...
- လူထုအသံ ထုတ်ဖော်မည့် သံချပ်ပြိုင်ပွဲ ပြုလုပ်မည်
- မြန်မာနိုင်ငံတွင် စက်ရုပ်နှင့် မော်တော်ကား ထုတ်မည်
- စတုတ္ထအကြိမ်မြောက် Job fair Yangon 2013 ပြပွဲကျင်းပ
- ခွင့်ပြုချက်မရှိပဲ ဓာတ်ဆီဆိုင်ဖွင့်မှု မန္တလေးမြို့ခ...
- လိုင်ဇာဘက်သွားမည့် ကယ်ဆယ်ရေးယာဉ်တန်း ဗန်းမော်ရောက်
- တရုတ်အစိုးရပြောတဲ့ တရုတ်ပြည်က ကင်ဆာရွာများ
- ဆီးရီးယားအတိုက်အခံ နိုင်ငံတကာကို ကန့်ကွက်
- နိုင်ငံရေး အကျဉ်းသား ကိစ္စ ဆွေးနွေး
- ကွန်တိန်နာယာဉ်တစ်စီး အခြားယာဉ်နှစ်စီးကို တိုက်မိပြ...
- လမ်းဘေး ဈေးသည်တွေကို အကြမ်းဖက်အရေးယူနေ (ရုပ်/သံ)
- (၁၈)ဘီးယာဉ်ကြိတ်၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
- ဖေဖေါ်ဝါရီလ(၂၅)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.8
- စစ်တွေနှင့် ပေါက်တောမြို့တို့တွင် အမိန့်ထုတ်၍ လူဦး...
- » မြန်မာ့လေကြောင်းမှ လေယာဉ်အဟောင်း တစ်စင်းကို ပြည်...
- မုံရွာတွင်လေယာဉ်ပစ်ဗုံးများတွေ့ရှိ
- မှော်ဘီ-သီရိမင်္ဂလာဈေး ပြေးဆွဲနေသော ဟိုင်းလတ်ယာဉ် တိ...
- မြန်မာဘဏ်တချို့ အမေရိကန်ဘဏ္ဍာ ဝန်ဆောင်ခွင့်ပြု
- ကျောက်ဖြူမြို့နယ်က ကျောက်တောင်တွေ အကုန်လုံးနီးပါး ...
- မြန်မာနိုင်ငံတွင် မြေ၀ယ်ခြင်း၊ ငှားရမ်းခြင်းကိစ္စမျ...
- ခိုလှုံဝင်ရောက်ရန် ကြိုးစားလာသော ဘင်္ဂါလီများကို လက်ခ...
- ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ထုတ် Focus Online Issue 30, ...
- ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ...
- ဖွဲ့စည်းပုံ ခုံရုံး ဥက္ကဌ ရွေးတော့မယ်
- အီကြာကွေးမှာ ဓာတုပစ္စည်းပါနေ
- စွမ်းအင်နဲ့ ကာကွယ်ရေး ဘတ်ဂျက်အများဆုံး သုံးမယ်
- သမ္မတ ဦးသိန်းစိန် ဥရောပ ငါးနိုင်ငံ သွားမယ်
- ဂျော်ဒန်မှာ မြန်မာ အလုပ်သမားတွေ အကူအညီမဲ့
- အဝေးကိုထွက်မသွားပါနဲ့လို့ 
- » လူသတ်မှုစွဲခံရသူ အပြေးသမားကို အာမခံနဲ့လွှတ်
- @@@ရှိနေပေးပါ မောင်@@@
- ♥#♥#♥#♥#♥# တစ်ကယ်လို့ ♥#♥#♥#♥#♥
- ငါ့နားမှာခဏတော့နေပေးပါချစ်သူရယ်
- ပွင့်လင်းသောအစိုးရ အဖြစ် သတ်မှတ်ခံရအောင် ဗြိတိန်ကူမည်
- ဂျပန်မှာ သေမိန့်ကျ အကျဉ်းသား သုံးယောက်ကို ကွပ်မျက်
- nternet download manager အဆင်မပြေသူများအဆင်ပြေအောင်ပါ
- media player classic လေးသုံးလို့ကောင်းတယ်
- မိုးစက်အလွမ်း
- လွမ်းဆွေးမူ
- Photoshop ၀ါသနာရှင်များအတွက် Adobephotoshop light ...
- အညာ သနပ်ခါး
- မတ်လ ကုန်မှာ သန်းခေါင်စာရင်း အစမ်း ကောက်မယ်
- ပွင့်လင်း အုပ်ချုပ်ရေး ဖြစ်လာ တော့မှာလား
- မြန်မာ့ငြိမ်းချမ်းရေးအတွက် ဂျပန်က အထူးသံတမန်ခန့်
- တပ်မတော် အရာရှိကြီးတွေအတွက် ILO က သင်တန်းဖွင့်မည်
- ခန္ဓာကိုယ်အတွင်းမူးယစ်ဆေးဝါးသယ်ဆောင်သူ အမျိုးသမီးနှ...
- ဖေဖော်ဝါရီလ (၂၁)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ...
- ဖေဖော်ဝါရီလ (၁၉)ရက်နေ့ ထုတ် SHADE ဂျာနယ် အတွဲ(၇)၊ ...
- ဖုန်းဆင်းကတ်ပျောက် ကိုယ်တိုင်လျှောက်လျှင် နေ့ချင်း...
- ဆီတင်ယာဉ် မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်မှာ ဓာတုတုံ့ပြန...
- Facebook မှ ထိုင်ဝမ်အနုပညာကျောင်းသားများ
- ခြံစည်းရိုးကြေညာချက်ကြောင့် အချင်းပွားမှု များပြားနေ
- ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ထုတ် The Hot News Weekly J...
- သမ္မတ ဦးသိန်းစိန် စီးသည့် ရဟတ်ယာဉ် စက်ချွတ်ယွင်း
- တရုတ်စစ်ဖက်ဌာန ဆိုက်ဘာ သူလှျိုလုပ်
- မြစ်ကြီးနားမှာ အိုးအိမ်တွေ ပြောင်းရွှေခိုင်းနေ
- ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ထုတ် မဇ္ဈိမဂျာနယ် အတွဲ (၂)...
- မျက်နှာဖုံးစွပ်လူသတ်မှု တရားရုံးက အပြီးသတ် မစစ်ဆေးန...
- မြေဧကပေါင်း၂၃၅၀၀ ကျော် လယ်ယာမြေ သိမ်းယူမှုကြီး (ရုပ...
- ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ထုတ် အလင်းတန်း အနုပညာ ဂျာန...
- ဆိုင်ကယ်ပျောက်လို့ရဲကိုတိုင် ရှာပေးဖမ်းပေးရမယ့် ဒုက္ခ
- ချင်းတွင်းတံတားပေါ်မှ အမျိုးသမီးတစ်ဦးခုန်ချသေဆုံး
- ထုတ်ပယ်ခံနှင့် ရာထူး ချခံရမှုများတွင် စုစုပေါင်း ရ...
- ဖွဲ့စည်းပုံဥပဒေထက် မြန်မာအစိုးရ စိတ်ပိုင်းဆိုင်ရြာ...
- ရန်ကုန်-မော်လမြိုင် အမြန်ယာဉ် ပစ်တိုင်းထောင် ယာဉ်လ...
- မအူပင်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ (ရုပ်/သံ)
- ၁၀ စုနှစ်ခန့်က မြေယာသိမ်းဆည်းမှုကြောင့် မရမ်းကုန်းတ...
- တိုင်းရင်းဆေးကုသည့်လက်မှတ်မရှိဘဲ ကုစားသူများအား ဒဏ...
- အင်းလေးကန်ဟိုတယ်ဇုံ အတွက် မြေသိမ်း
- မြန်မာကလေးစစ်သား ၂၄ ဦး ပြန်လွှတ်ပေးမှု ကုလကြိုဆို
- ကျန်းမာရေး အသုံးစားရိတ် ၁၄ ဆ တိုးမြှင့်သုံးစွဲမည်
- သီရိလင်္ကာတွင် ဟာလာ အမှတ် တံဆိပ် ထည့်သွင်းမှု ပပျောက်...
- အများသဘောမတူသော အဆောက်အဦးကိစ္စ ၈၈နှင့် သံဃာနှစ်ပါး ...
- လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းကို တိတိကျကျြေ...
- အင်းလေးဟိုတယ်ဇုန် တည်ဆောက်ရေး တားဆီးခဲ့သူ ဒေသခံတွေ...
- မြန်မာ-တရုတ် လူကုန်ကူးမှု တိုက်ဖျက်ရေး တိုးမြှင့်
- အခွန်မဆောင်သောရေနံချက်ဖိုများကိုအရေးယူတော့မည်
- အမျိုးသမီးခေါင်းဖြတ် အသတ်ခံရမှု မှုခင်းတပ်ဖွဲ့ တိုက်...
- အမျိုး သား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေထံသို့ စာတ...
- တပ်မြေကိစ္စ နှင့် ပတ်သက်လျှင် နားပိတ်ပြီးသာအိပ်နေတော့
- မန္တလေးကြက်ခြံတခြံ အပြင်းစား ကြက်လည်လိမ်ရောဂါ ဖြစ်ပွား
- ဆည်မြောင်းတူးဖော်မှုကြောင့် တောင်သူများ၏ စိုက်ပျိုး...
- တိုက်ခန်းများတွင်ရေ ပြဿနာများရှိသောကြောင့် လုံးချင...
-
▼
February
(139)
No comments:
Post a Comment