
၇.၁၀.၂၀၁၃ရက်နေ့ ၀၉၀၀အချိန် ရန်ကုန်(မူယစ်တပ်ဖွဲ့စု-၄၅)မှ တပ်ဖွဲ့ဝင်များသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာဆောင် Main X ray စက်၌ စစ်ဆေးရှာဖွေရေး တာဝန်ဆောင်ရွက်နေစဉ် မဖြူဥ၊ (ဘ)ဦးဘိုနီ၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ၏ ခရီးဆောင်အိတ်အား X ray စက်ဖြင့် ဖြတ်သန်းစစ်ဆေးရာ အိတ်အတွင်း၌ မသင်္ကာပုံရိပ်များ တွေ့ရှိရသဖြင့် မဖြူဥ၏ ခရီဆောင်အိတ်အား စစ်ဆေးခဲ့ရာ မြင့်မြင့်ဝေနှင့် ကမ္ဘာစန်းတံဆိပ်ပါ ထိုးမုန့်ဗူးခွံ (၁၈)ဗူးအတွင်း၌ သိုဝှက်သယ်ဆောင်လာသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြာ(၅၄၇၂၀)ပြား၊ အလေးချိန် (၅.၄၇၂)ကီလိုဂရမ်နှင့် ဆေးပြားအကြေ(၀.၀၁)ကီလိုဂရမ် စုစုပေါင်းအလေးချိန် (၅.၄၈၂)ကီလိုဂရမ်၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၂၇၄၁)သိန်းနှင့် PHYU OU အမည်နှင့် ပတ်စ်ပို့(၁)စောင်၊ မဖြူဥ အမည်ပါ မှတ်ပုံတင်(၁)ခု၊ ရန်ကုန်-ဘန်ကောက်-ဒါကာ ၊ ဘန်ကောက်-ရန်ကုန်အသွားအပြန် လေယာဉ် လက်မှတ်(၁)စောင်၊ အမေရိကန်ဒေါ်လာ(၄၀၀)၊ ခေါက်ပိုက်ဆံအိတ် (၁)လုံး၊ ဆင်းကဒ်ပါ (YUWIN)တံဆိပ်နီ/ခဲကြား လက်ကိုင်ဖုန်း(၁)လုံးတို့အား သိမ်းဆည်းရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူအား စစ်ဆေးရာ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား တင်မောင်၊ (ဘ)ဦးရှုနာအာလီ၊ (၁)ရပ်ကွက်၊ သာကေတမြို့နယ်နေသူမှ ပို့ဆောင်ခိုင်းကြောင်း ပေါ်ပေါက်သဖြင့် မူးယစ်တပ်ဖွဲ့ စု(၄၅/၄၂)မှတပ်ဖွဲ့ဝင်များပူးပေါင်း၍ တင်မောင်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြားများ ရှာဖွေတွေ့ရှိ ရခြင်းမရှိဘဲ တင်မောင်အား ဖမ်းဆီးရမိသဖြင့် မဖြူဥနှင့် တင်မောင်တို့အား မင်္ဂလာဒုံမြို့မရဲစခန်း မူးယစ်(ပ)၁၀/၂၀၁၃၊မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)(ခ)/၂၁ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment