
ပြီးခဲ့တဲ့ရက်ပိုင်း သံတွဲမြို့နဲ့ သဗြုချိုင်၊ ပေါက်တောအပါအ၀င် ကျေးရွာတချို့မှာ လူ ၅ ဦးသေ အများအပြားဒဏ်ရာရပြီး အိမ်ခြေ ၇၀ လောက် မီးလောင်ဖျက်ဆီးခံရတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် အစိုးရဟာ ညမထွက်ရအမိန့် ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် သံတွဲကို လာရောက်စဉ်ကတည်းက ဒေသခံတွေနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေက ငပလီကမ်းခြေ သာယာရေး အကူအညီပေးဖို့၊ ညမထွက်ရ အမိန့် ရုပ်သိမ်းပေးဖို့ ပြောဆိုတင်ပြခဲ့ကြတာ ဖြစ်ပါတယ်။
ငပလီ ကမ်းခြေနဲ့ အနီးနား ရွာတချို့ကို ညမထွက်ရအမိန့် ရုပ်သိမ်းလိုက်ပေမယ့် သံတွဲနဲ့ အခြားနေရာတွေမှာတော့ ရုပ်သိမ်းခြင်း မပြုရသေးပါဘူး။
No comments:
Post a Comment