Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 24 October 2012

ငွေကျပ် ၁၀,၀၀၀ ဖြင့် မိုဘိုင်းဖုန်း အင်တာနက်အသုံးပြုရန် လျှောက်ထားနိုင်


ငွေကျပ် ၁၀,၀၀၀ ဖြင့် မိုဘိုင်းဖုန်း အင်တာနက်အသုံးပြုရန် လျှောက်ထားနိုင်

မြန်မာ့ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မေလ ၇ ရက်နေ့တွင် စတင်၍မိုဘိုင်းဖုန်းများအတွက် အင်တာနက်လျှောက်ထားမှုများကို လက်ခံဆောင်ရွက်ပေးလျှက်ရှသည်။ ယခုကဲ့သို့ လျှောက်ထားမှုအတွက် ကျပ် ၁၀,၀၀၀ ပေးသွင်းလျှောက်ထားနိုင်ကြောင်း သိရသည်။ မိုဘိုင်းဖုန်းအင်တာနက်သုံးရန် လျှောက်ထားလိုသူများသည် မူလ၀ယ်ယူထားသည့် စာချုပ်တွင် တံဆိပ်တုံးနှိပ်ပေးမှာဖြစ်ပြီး ငွေသွင်းပြီးသည့်နေ့မှစ၍ နောက်နေ့တွင် လိုင်းပွင့်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
မိုဘိုင်းဖုန်း အင်တာနက်လျှောက်ထားမှုများကို ပြုလုပ်လိုသူများသည် ရန်ကုန်တိုင်းဒေသကြီးအတွက် ရောင်းချပေးသော လိုင်းများသာ အင်တာနက်အသုံးပြုရန် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ပြည်နယ်နှင့် တိုင်းများအတွက်ချထားပေးသော ဖုန်းများသည် လျှောက်လွှာတင်ပြီး လျှောက်ထားနိုင်မှာဖြစ်ပြီး အသုံးပြုခွင့်ရမရကိုတော့ အတိအကျမသိသေးကြောင်း Call Centre မှ သိရသည်။
ယခုကဲ့သို့ မိုဘိုင်းဖုန်းတွင် အင်တာနက်အသုံးပြုခွင့်လျှောက်ထားမှုကို ရွှေဂုံတိုင်၊ ပန်းဆိုးတန်း စာတိုက်ကြီး၊ အလုံမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးချု့ပ်များနှင့် Elite နှင့် ရတနာပုံတယ်လီပို့တို့တွင်လည်း သွားရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။ အင်တာနက်အသုံးပြုခွင့်လျှောက်ထားမှုကို ယနေ့အထိ ပြုလုပ်ပေးနေပြီး လျှောက်ထားမှုအလုံးအရေအတွက်ကို ကန့်သတ်ထားခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့