Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 28 October 2012

ဖွဘုက်ပေါ်မှ ဟာသများ


သူငယ်ချင်းတွေ ပြုံးပျော်ရွှင်လန်းစေရန် ဖွဘုက်ပေါ်မှ ဟာသလေးတွေ

ရှာပေးစုစည်းကာ ဝေမျှ ပေးလိုက်ပါတယ် ။


မှန်လိုက်တဲ့ဗေဒင်


လူသုံးယောက်သည် ဗေဒင်လာမေးကြရာ ဗေဒင်ဆရာက အလှည့်ကျစနစ်ဖြင့် ပထမ

ဦးဆုံးလူကို အရင်စဟောပါသည်........။ဗေဒင်ဆရာက ပထမလူကိုကြည့်ပြီး-

ခင်ဗျားက ဒီတစ်လအတွင်းမှာ အိမ်အသစ်ရကိန်းမြင်တယ် ဟု ဟောလိုက်ရာ ပထမ

လူကပျော်ရွှင်ကြည်နူးစွာဖြင့် ထပြန်သွားသည်......။

ဒုတိယလူ အလှည့်ရောက်သောအခါ-

ခင်ဗျားက ဒီရက်ပိုင်း အတွင်းမှာ ငွေအစုလိုက်အပြုံလိုက်ဝင်ကိန်းမြင်တယ် ဟု ဟော
လိုက်ရာ ဒုတိယလူကလည်း ပျော်ရွှင်ကြည်နူးစွာဖြင့် ပြန်သွားသည်......။
တတိယလူ အလှည့်ရောက်သောအခါ-

ခင်ဗျားက ဒီ1နှစ်အတွင်းမှာ ရွှေထီးဆောင်းရကိန်းမြင်တယ် ဟု ဟောလိုက်ရာ
တတိယလူကလည်း ခေါင်းမော့ရင်ကော့ပြီး ပြန်သွားသည်.....။ထို့နောက်....

တစ်ပတ်ကြာသော် ပထမလူသည် အိမ်မီးလောင်သွားလေသည်......။ယောက္ခမ
ပေးသောနေရာတွင် အိမ်သစ်ဖြင့် နေရလေသည်။

တစ်လကြာသော် ဒုတိယလူသည် ကားတိုက်ခံရသည်......။လျော်ကြေးငွေ
အမြောက်အမြားရလိုက်သည်........။

တစ်နှစ်ကြာသော် တတိယလူသည် ဆီးချို၊သွေးချိုဖြင့် ဆုံးရှာသည်.....။ဘုရား
ဒကာဖြစ်သောကြောင့် ရွှေထီးဆောင်းရလေသည်.........:
သိပြီးသား

အမျိုးသမီးတစ်ယောက် အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်လျှောက်
စဉ် ဆိုင်ရှေ့ရှိ ကြက်တူရွေးတစ်ကောင်က"ဟ… တော်တော်ရုပ်ဆိုးတဲ့ မိန်းမပါလား"
ဟု လှမ်းအော်သည်။အမျိုးသမီးက စိတ်တိုသွားပြီး ဆိုင်ရှေ့မှ ခပ်သွက်သွက် လျှောက်
သွားသည်။ အိမ်အပြန်တွင် ထိုဆိုင်ရှေ့မှ ဖြတ်လျှောက်ရပြန်ရာ ကြက်တူရွေးက ထပ်မံ
"အလိုဗျာ… တော်တော်အရုပ်ဆိုးတဲ့ မိန်းမပဲ" ဟု အော်ပြန်သည်။

နောက်တစ်နေ့တွင်လည်း ဆိုင်ရှေ့မှအဖြတ် ကြက်တူရွေးက ထပ်အော်ရာ အမျိုးသမီးက
စတိုးဆိုင်ပိုင်ရှင်အား ၎င်း၏ကြက်တူရွေး ရိုင်းစိုင်းပုံကို ပြောပြ၍ နောင်တစ်ကြိမ် ထပ်မံပြော
ဆိုပါက ဆိုင်ရှင်ကို တရားစွဲ၍ ကြက်တူရွေးကိုလည်း သတ်ပစ်မည်ဟုပြောရာ ဆိုင်ရှင်က
နောက်မဖြစ်စေရပါဟု တောင်းပန်သည်။နောက်တစ်နေ့ နံနက်တွင် ထိုဆိုင်ရှေ့မှ ဖြတ်သော
အခါ - ကြက်တူရွေး - ဟေး…. ဟိုအစ်မကြီး။

အမျိုးသမီး - ဘာလဲ။

ကြက်တူရွေး - ဟဲ… ဟဲ… ကျုပ် ဘာပြောမယ်ဆိုတာ ခင်ဗျား သိပြီးသားပါ။
သရဲ ထင်လို့ပါ

တစ်ခါက လူတစ်ယောက်သည် မနက် ဝေလီဝေလင်း အချိန်တွင် သင်္ချိုင်းကုန်းနားမှ
ဖြတ်သွားရာ ကြောက် သဖြင့် သုတ်သုတ် သွားလေသည်။ ထိုအချိန်တွင် နောက်မှာ
သူ့နောက်သို့ ကပ်လိုက်လာသော ခြေသံ ကြားလေသည်။ သူသည် ကြက်သီး မွှေး
ညင်းများ ထလာကာ ပိုပြီး မြန်မြန်လျှောက်ရာ နောက်က ခြေသံ ကလည်း ပိုမြန်လာ
လေသည်။ ခြေသံက ကပ်လာသဖြင့် သူနောက်လှည့်ကြည့်လိုက်ရာ ခေါင်းကြီး ကြီး
ကိုယ် လုံးသေးသေး သရဲကို တွေ့ရသဖြင့် အောင်မလေး ဟုအော်ကာ ကြောက်ကြောက်
နှင့် သရဲခေါင်းကို ခြေထောက် နှင့်ကန်ပြေးလေသည်။ လူစလူနတွေ့သော နေရာ ရောက်မှ
လူတွေက သူ့ကို မနည်း နှာနှပ် ယူရလေသည်။ သူကရှင်းပြသည်။ “သရဲကြီး ဗျာ ခေါင်းက
အကြီးကြီး ကိုယ်လုံးက သေးသေးလေး“ အခြားသူတွေလည်း ကျောချမ်းကုန် ကြလေသည်။
ထိုအချိန်တွင် ကလေးလေး တစ်ယောက် တောင်းအကြီးကြီး ရွက်ပြီး ငိုမဲ့ ငိုမဲ့ ဖြင့် ရောက်
လာကာ “ဒီလူကြီး တော်တော် ဆိုးတဲ့လူကြီး ဗျာ ကျွန်တော်မှ သရဲကြောက်လို့ သူ့နောက်က
ကပ်လိုက်ပါတယ် ဆို ကျွန်တော့် ကို ကန်ပြီးထွက်ပြေးတယ်“ ဟူ၏။
ဆုတောင်းပြည့်တဲ့သူ

လူငယ် သုံးဦးသည် ကမ်းခြေတွင် ငါးမျှားရင်း ရေသူမ တစ်ကောင်ကိုဖမ်းမိလေသည်....။ထိုအ
ခါရေသူမက လွတ်ပေးရန် တောင်းပန်သောအခါ လူငယ်သုံးယောက်က အပေးအယူလုပ်
ရန်ပြောသည်......။ရေသူမကလည်း လိုက်လျောလိုက်သည်....။ပထမလူငယ်က-

ကျုပ်က အိုင်းစတိုင်းလို ဥာဏ်ပညာမျိုး ရချင်တယ် ဟု ဆုတောင်းလိုက်ရာ ဖော်မြူလာ
နှင့် သီအိုရမ်များကို လက်တန်းချတွက်ပြသွားသည်။ ဒုတိယလူငယ်က-

ကျုပ်က ဝီလျံရှိတ်စပီးယားလို ဥာဏ်ပညာမျိုး ရချင်တယ် ဟု ဆုတောင်းလိုက်ရာ ပြဇာတ်
နှင့် ကဗျာ စာတိုပေစများကို လက်တန်းရေးပြသွားသည်။တတိယလူငယ်က-

ကျုပ်ကတော့ သူတို့ထက် ဥာဏ်ပညာ နှစ်ဆရချင်တယ် ဟု ဆုတောင်းလိုက်ရာ မိန်းကလေး
တစ်ယောက်ဖြစ်သွားလေတော့သည်..........:
ဒီအတိုင်းပဲနေ ...

ဖခင်ဖြစ်သူက သားလူပျိုကြီးကို “ ငါ့သားလဲ ငယ်တော့တာမဟုတ်ဘူး... အိမ်ထောင်ပြုတော့
လေကွာ..” သားလူပျိုကြီးက ..“ အသက်ငယ်ပြီး ချောမောလှပ ပညာတတ်အကျင့် စာရိတ္တ
ကောင်း၊ အဲ့ဒီလို မိန်းမဆိုရင်တော့ ယူချင်တာပေါ့ ... ”ဖခင်က မဲ့ကာ ရွဲ့ကာဖြင့်...

 
“ အဲ့ဒီလို မိန်းမမျိုးတွေ့မှယူမယ်ဆိုရင် မင်းတောင် လူဖြစ်လာမှာမဟုတ်ဘူး ...”
အပျိုကြီးဖတ်စာ

က-ကောင်လေးငယ် ချစ်စဖွယ်။

ခ-ချစ်သူမြန်မြန်ယူ။

ဂ-ဂဏန်းတွက် တချက်ချက်။

င-ငယ်ကျွမ်း တလို့ လွမ်း။

စ-စိပ်ပုတီး ချလို့ ညည်း။

ဆ-ဆံပင် အလွန်ပြင်။

ဇ-ဇရာထောင်း ကြည့် မကောင်း။

ဈ-ဈေးကွဲတွင် ရောင်းဖို့ ပြင်။

ည-ညအခါ ငိုချင်လာ။

တ-တိုးတိုးဖော် လိုပြီနော်။

ထ-ထောင်းထောင်းကြေ စိတ်ဓာတ်တွေ။

ဒ-ဒေါသ ထိန်းမရ။

န-နဖူးစာ လွဲခဲ့တာ။

ပ-ပူညံညံ လုပ်တတ်ပြန်။

ဖ-ဖွံ့ ဖွံ့ ဖြိုး အသားတိုး။

ဗ-ဗေဒင်မေး နောင်အရေး။

ဘ-ဘုတ်ဆုံမ ရှောင်ရှားကြ။

မ-မာယာစုံ သုံးလို့ ကုန်။

ယ-ယတြာများ ချေလို့ ထား။

ရ-ရွှင်အပြုံး ဟန်ဆောင်သုံး။

လ-လူလွတ်များ လာသာထား။

ဝ-၀မ်းစာရေးကြံလို့ တွေး။

သ-သံသရာ ရှည်လှတာ။

ဟ-ဟုတ်မှန်တာ လုပ်တော့မှာ။

အ-အထုပ်ပြင် စခန်းဝင်။

တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ကြပါ။

သူငယ်ချင်းအားလုံးကို
အစဉ်လေးစားခင်မင်လျှက်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့