Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 19 October 2012

သူတော်ကောင်း တရား (၇) ပါး ဆိုတာ


သူတော်ကောင်း တရား(၇) ပါး
၁။ သဒ္ဓါ = အမှန်တရားကို သိမြင်နိုင်ပြီး အဲဒီ အပေါ်မှာ သက်ဝင်ယုံကြည်ခြင်း၊(ဘုရား၊ တရား၊ သံဃာ၊ ကံ၊ကံ၏ အကြောင်းအကျိုးအပေါ်၌ သက်ဝင်ယုံကြည်ခြင်း)၊
၂။ သီလ = ကိုယ်၊ နှုတ်၊ စိတ်တို့ကို အစဉ်စောင့်ထိန်းနိုင်ခြင်၊ (ငါးပါးသီလကို အစဉ်စောင့်ထိန်းနိုင်ခြင်း)၊
၃။ သုတ = ကိုယ်သိထားတဲ့ အမှန်တရားအပေါ် ထပ်မံ အသိတိုးအောင်ဆည်းပူး လေ့လာခြင်း
(တရားဗဟုသုတ)၊

၎။ စာဂ = စွန့်ကြဲပေးကမ်းခြင်း၊ အလှူဒါန ပြုလုပ်ခြင်း၊(နိဗ္ဗာန်ကိုရည်မှန်း၍)
၅။ ပညာ = မိမိရဲ့ စိတ်ကလေးကို သတိဦးစီးတဲ့ ဥာဏ်ပညာနဲ့ အချိန်တိုင်း စောင့်ရှောက်နေနိုင်ခြင်း၊
၆။ ဟိရီ = မကောင်းမူလုပ်ရမှာကို ရှက်ခြင်း ၊ မြင်ရမှာ ၊ ကြားရမှာ ၊ ကြည့်ရမှာ ၊ သိရမှာကို ရှက်တတ်ခြင်း၊
၇။ သြတ္တပ = မကောင်းမူ့ ပြုရမှာကို ကြောက်ရွံထိတ်လန့်ခြင်း တို့ဖြစ်သည်။
သောတာပန်တစ်ယောက်ဖြစ်သောအခါ အထက်ပါ (၇) ပါး နှင့်ပြည့်စုံ၏၊ ထိုပုဂ္ဂိုလ်သည် အပါယ် ၄- ပါးမှ လွတ်မြောက်နိုင်၏။

အထက်ပါ (၇) ပါး ပြည့်စုံနိုင်ရန် ကြိုးစား အားထုတ်နိုင်ကြပါစေ...။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့