Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 11 October 2012

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးပညာရေးဆိုင်ရာ ဆွေးနွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက သူ့ရဲ့ မဲဆန္ဒနယ် ကော့မှူးမြို့နယ်က ဆရာ ဆရာမ ၁၀၀ လောက်နဲ့ တွေ့ဆုံဆွေးနွေးပြီး ကျောင်းတွေမှာ ဘယ်လို အထောက်အပံ့မျိုးတွေ လိုအပ်နေသလဲ ဆိုတာ လေ့လာခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က ကော့မှူးမြို့နယ်ကို သွားရောက်ပြီး ဆရာ ဆရာမများနှင့် ပညာရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးနေစဉ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့