Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 25 October 2012

အမျိုးသမီးတွေ မျှော်လင့်လိုလားကြတဲ့ ယောက်ျားပီသသူဆိုတာ


၁။  အသာစီးသိပ်မယူနဲ့ အခွင့်အရေးသမားမလုပ်နဲ့
    ယောက်ျားလေးအများစုဟာ အခွင့်အရေးရတာနဲ့ မိန်းကလေးတွေ့တိုင်းကို  
    အခွင့်အရေးရသလောက်ယူ၊အမြတ်ထုတ်တာတွေလုပ်တတ်ကြပါတယ်။ကိုယ်ကဒီလိုမဟုတ်ဘဲ
    ကိုယ့်ဘ၀အတွက်တကယ်ရည်ရွယ်သူ
    အမျိုးသမီးတစ်ဦးတည်းပေါ်သာမေတ္တာစိတ်တည့်မတ်စွာထားတတ်သူဖြစ်ကြောင်း သိသာထင်ရှားပါစေ။
၂။  နေရာတကာ ၀ုန်းဒိုင်းမကြဲပါနဲ့
    ထစ်ခနဲရှိ စိတ်တို၊စိတ်ဆိုး၊ပေါက်ကွဲ၊၀ုန်းဒိုင်းကြဲသူလုပ်မပြနဲ့။
     အဲဒီလိုလုပ်တာက    ကလေးဆန်တယ်။ကိုယ်ကရင့်ကျက်သူ၊တွေးဆတတ်သူဆိုတာကိုအမြဲပြသနိုင်ပါစေ။
     တည်ငြိမ်ရင့်ကျက်တဲ့ပုံစံက မိန်းကလေးတွေအတွက် ညှို့ငင်အားတစ်ရပ်ပါပဲ။
၃။  ပြောစရာရှိတာ ပြောရဲဆိုရဲစမ်းပါ
    အရမ်းလူတွင်ကျယ်လုပ်တဲ့ပုံစံ မရောက်အောင်တော့ထိန်းပါ။ရေငုံနှုတ်ပိတ်ခံသူထက်
     မဟုတ်မခံပြောရဲဆိုရဲသူကို မိန်းကလေးတွေက ပိုကြိုက်တယ်။
၎။  သြဇာအာဏာရှိတာမျိုး ဖြစ်ပါစေ
    ပတ်ဝန်းကျင် သြဇာမညောင်းတဲ့ ယောက်ျားမျိုးကို မိန်းကလေးတွေကမနှစ်သက်တတ်ဘူး။လူတကာကိုလိုက်လျောသူမဖြစ်ဘဲ
     ကိုယ်က သြဇာအာဏာပေးသူမျိုးကို သူတို့ ကျေနပ်သဘောကျတတ်တယ်။
၅။  အချိန်ပေးပြီး အတူနေပါ
    ကိုယ်ကနည်းနည်း သတိထားရမှာက မိန်းကလေးသဘာဝဟာ ယောက်ျားလေးတွေနဲ့ အတူနေထိုင်စကားပြောဆိုရတာကို
     ကြိုက်နှစ်သက်တယ်။ဒီတော့ မိန်းကလေးနဲ့စကားပြောဖို့သူ့အနားမှာ အချိန်ပေးဖို့က ယောက်ျားလေးတွေရဲ့တာဝန်ဆိုတာ
     သိထားဖို့ပါ။
၆။  မိမိကိုယ်ကိုယ်ယုံကြည်မှု အပြည့်အ၀ရှိပါ
    ဟုတ်တာပေါ့ ကိုယ့်ကိုယ်တောင်ယုံကြည်မှုမရှိတဲ့ ယောက်ျားကိုဘယ်မိန်းကလေးက ယုံကြည်အားကိုးရဲမှာလဲ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့