Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 11 October 2012

*** ရောင်စဉ်မဲ့ ဆောင်းညများထဲက ရုန်းထွက်ခြင်း ***


*** ရောင်စဉ်မဲ့ ဆောင်းညများထဲက ရုန်းထွက်ခြင်း ***

အမည်းရောင်ည
ဆောင်းရေခဲတိုက်ထဲက
လရဲ့ဈာပနမှာ
သစ်ရွက်ကလွမ်းတေးဆို
လေရိုင်းကငိုရှိုက်
သဘာဝရဲ့ ရိုက်နှက်မှုကြောင့်
အိပ်စက်ခြင်းမဲ့ငါ
ညမင်းသမီးကို
ချစ်ရေးဆိုလိုက်မိပြီ ...

ချစ်အိမ်မက်ထဲက
အစိမ်းရောင်အချစ်သစ်သီး
ငါမြည်းစားကြည့်မိ
ခါးသည်းခြင်းရသ
နှလုံးသားကလက်ခံပေမဲ့
ဦးနှောက်ကငြင်းဆန်တယ် ...

အရောင် အနံ
အရသာမရှိတဲ့
သံစဉ်လက်ဟာ
ငါ့နားရွက်ကိုဆွဲကိုင်
ထိုင်ထလုပ်ခိုင်း
အဆုပ်ဟာလှိုင်းထပေါ့ ...

စာရွက်ဖြူထက်
မှင်ဖြူစက်နဲ့ရေးထား
ဘ၀ပျက်ရာသီ
ရောင်စဉ်မပီသ
ရယ်ခြင်းတ၀က်
ငိုခြင်းတစိတ်
အတိတ်နဲ့ မနက်ဖြန်
ငါ့ထံမှာမရှိပါ ...

ညဥ့်ခရီးသွား
ခံစားမှုနဲ့ ရန်ဖြစ်
ငိုဟစ်ထွက်ပြေး
သချို င်္င်းအုတ်ဂူထက်
မျက်ရည်စက်အားမြှပ်နှံ
ရယ်မောသံနဲ့အတူ
မနက်ဖြန်ဆီသွားဖို့
အရုဏ်တခါးကို ခေါက်လိုက်တယ် ...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့