Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 6 October 2012

သတင်းတိုများ


CNG ရရှိရန် မ.ထ.သ ယာဉ်လိုင်းမှ သက်ဆိုင်ရာသို့ တင်ပြထား

ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟို ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ CNG
ရရှိဖို့ ကျန်ရှိနေတဲ့ မထသယာဉ် ၄၆ စီးကို သက်ဆိုင်ရာMOGEသို့ ထပ်မံ တင်ပြထား တယ်လို့ သိရပါတယ်။ ဒါကြောင့် စီအင်န်ဂျီ ရရှိရေး အတွက် သက်ဆိုင်ရာ ယာဉ်လိုင်းများရဲ့ စိစစ် ထောက်ခံ ချက်များကို MOGE ကို ညွှန်ကြားချက် နဲ့အညီ တင်ပြသွားမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး မော်တော် ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ လက်အောက်ရှိ ယာဉ်လိုင်း အဖွဲ့အစည်း များမှ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံပြီး အစားထိုး တင်သွင်း လာတဲ့ ယာဉ်သစ်ကြီး များရဲ့ စီအင်န်ဂျီ သဘာဝ ဓါတ်ငွေ့ဝယ်ယူ ရရှိထားမှုမှာ စုစုပေါင်း ၇၁ စီး ရရှိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားက တင်သွင်း လာတဲ့ ဘတ်စ်ကားနဲ့ အငှားယာဉ် တက္ကစီ ကားသစ်များ အတွက် စီအင်န်ဂျီ ဓါတ်ငွေ့ လုံလောက်စွာ ရရှိဖို့ကို ပြည်ထောင်စု အစိုးရ အဖွဲ့ကို တင်ပြဖို့ကို မ.ထ.သ ဗဟိုမှ ရန်ကုန်တိုင်း ဒေသကြီး မြန်မာ့ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းကို တင်ပြပြီး ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယာဉ်လိုင်း အသီးသီးမှ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု အရ  အစားထိုး တင်သွင်း လာတဲ့ ယာဉ်များနဲ့ ပတ်သက်ပြီး စွမ်းအင် ၀န်ကြီးဌာနနဲ့ ညှိနှိုင်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါတင်မက သေးဘဲ ယာဉ်ပိုင်ရှင် များက ၎င်းတို့ အပ်နှံခဲ့တဲ့ စီအင်န်ဂျီ ဓါတ်ငွေ့ ပမာဏနဲ့ ညီမျှတဲ့ အရေအတွက်များ ရရှိဖို့ အတွက်လည်း ယာဉ်လိုင်း များမှ တင်ပြ ထားပါတယ်။ ဒီလို တင်ပြလာမှု အပေါ်ကို မ.ထ.သ ဗဟိုမှ ရန်ကုန်တိုင်း ဒေသကြီး မြန်မာ့ ရေနံနှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်းကို ဆက်လက် တင်ပြပြီး ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။


စီးပွားရေးနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာများကို ဆွေးနွေးခဲ့သည့် ဟောပြောပွဲ ပြုလုပ်ခဲ့

Environmental & Economic Research Institute (EER.i) မှ ကြီးမှူး ကျင်းပတဲ့ သဘာဝ ပတ်ဝန်းကျင်နှင့် စီးပွားရေး နှစ်ခုကို တပြိုင်နက်ထဲ
ဖွံ့ဖြိုး တိုးတက်ဖို့ ဆောင်ရွက် နိုင်အောင် လုပ်ဆောင်တဲ့ သုတေသန ဆိုင်ရာ အချက်များ၊ ပြည်သူလူထုကြားမှာ စီးပွားရေးနဲ့သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာများ ပိုမို နားလည် အောင်လုပ်တဲ့ အစီအစဉ် အနေနဲ့ စီးပွားရေးနဲ့သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဟောပြောပွဲကို စက်တင် ဘာလ ၅ ရက်နေ့က တက္ကသိုလ် ရိပ်သာ လမ်းသစ်ရှိ အသေးစားနဲ့ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာနမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။

အဆိုပါ ဟောပြောပွဲကို မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဖို့ ၀ိုင်းဝန်း ဆောင်ရွက် နေချိန်မှာ တစ်ဖက် ကလည်း သဘာဝ ပတ်ဝန်းကျင် ကိုလည်း တိုးတက်အောင် လုပ်ဆောင် ဖို့နဲ့၊ နောင်လာ နောင်သားတွေ အတွက် ကောင်းမွန်တဲ့ သဘာဝ ပတ်ဝန်းကျင်က ရှင်သန် ကျန်ရစ်အောင် ၀ိုင်းဝန်း လုပ်ဆောင်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ အဲ့ဒီ ဟောပြောပွဲမှာ ဂျာမနီ နိုင်ငံမှ စီးပွားရေး ပညာရှင်က လာရောက် ဆွေးနွေးပေး ခဲ့သလို ပြည်တွင်းမှ စီးပွားရေး ပညာရှင် များလည်း လာရောက် ဆွေးနွေး ခဲ့ပါတယ်။ အဆိုပါ ဟောပြောပွဲကို စီးပွားရေးနဲ့ သက်ဆိုင်တဲ့ လူငယ်များ၊ IT နဲ့ပတ်သက်တဲ့ ကျောင်းသားများ၊ သဘာဝ ပတ်ဝန်းကျင် အဖွဲ့အစည်း များမှ စိတ်ပါ ၀င်စား သူများက တက်ရောက် ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။



မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာများ ကွန်ရက် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်း

မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာများ ကွန်ရက် ဖြစ်မြောက်ရေး ကော်မတီကို ယာယီ ကော်မတီ ၀င်များနဲ့ ဖွဲ့စည်း လိုက်ပြီ ဖြစ်တယ်လို့ အောက်တိုဘာလ
၅ ရက်နေ့က တက္ကသိုလ် ရိပ်သာ လမ်းသစ်ရှိ Crystal Jade Restaurant မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆရာများ ဆွေးနွေးပွဲနဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာများ ကွန်ရက် ဖြစ်မြောက်ရေး အစည်းအဝေးမှ သိရပါတယ်။ အဆိုပါ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာများ ကွန်ရက် ဖြစ်မြောက်ရေး ကော်မတီ အခုလက်ရှိ ပုဂ္ဂလိက ပညာသင် ကျောင်းများမှ ဆရာ၊ ဆရာများ အနည်းငယ် နဲ့သာ ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် နောက်ပိုင်းမှာ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှ ဆရာ၊ ဆရာမများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ဆရာ၊ ဆရာမများကပါ ပါဝင်မှသာ ထိရာက်တဲ့ ကွန်ရက် ဖြစ်လာမှာ ဖြစ်တယ်လို့  သိရပါတယ်။ အခုလက်ရှိမှာ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာများ ကွန်ရက် ပေါ်ပေါက် လာဖို့မှာ အဓိက ဖြစ်ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာများ ကွန်ရက် ရရှိလာပါက ပညာရေး ကွန်ရက်ပါ ရရှိလာ နိုင်တယ်လို့ သိရပါတယ်။ အဆိုပါ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာများ ကွန်ရက် ဖြစ်မြောက်ရေး ကော်မတီကို မြန်မာနိုင်ငံ ပုဂ္ဂလိက ဆရာများ အသင်းချုပ်မှ အဓိက ဦးဆောင်ပြီး ဖွဲ့စည်းတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။



ပုဂ္ဂလိကဘဏ် လုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ် လျက်ရှိ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ ယခုအခါ ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်လုပ်ငန်း များဟာ ပုံမှန်အတိုင်း လည်ပတ်
လျက်ရှိနေပြီး ယခုလက်ရှိ ပြင်ပမှာ ပုဂ္ဂလိက ဘဏ်အချို့ ဖျက်သိမ်းမှုများနဲ့ လုပ်ငန်း ရပ်နားမှုများ ရှိနေပြီ ဆိုခြင်းမှာ ကောလဟာလ သတင်းများသာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သတင်းများနဲ့ ပတ်သက်ပြီး ထွက်ပေါ် လာမှုမှာ ကောလဟာလ သာဖြစ်ပြီး ဘဏ်များ ရဲ့ အကျိုးစီးပွားကို ထိခိုက်စေရန် အလို့ငှာ မလိုလားသူများမှ ထုတ်လွှင့်တဲ့ သတင်းသာ ဖြစ်ပြီး မှန်ကန်မှု မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန် ဘဏ်ခွဲမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်ရဲ့ ပြောပြချက် အရ သိရပါတယ်။

ယခု လက်ရှိမှာ ပုဂ္ဂလိက ဘဏ်များဟာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ စနစ်တကျ ကွပ်ကဲမှု အောက်မှာ ဘဏ်လုပ်ငန်း လုပ်ထုံး လုပ်နည်းများကို စည်းကမ်း ဥပဒေနဲ့ အညီ တည်ငြိမ် ခိုင်မာစွာနဲ့ လည်ပတ် လျက်ရှိနေတာ ဖြစ်ပါတယ်။ ပုဂ္ဂလိက ဘဏ်များ အနေနဲ့ ဘဏ်များရဲ့ နေ့စဉ် ငွေစာရင်း ဇယားများ၊ အသွင်းအထုတ် ဆောင်ရွက်မှု များကို ဗဟိုဘဏ်ရဲ့ ကြီးကြပ် ကွပ်ကဲမှုနဲ့ ဆောင်ရွက် လျက်ရှိပြီး ယခုလက်ရှိ ပြည်တွင်းမှာ ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နဲ့ ဘဏ်ခွဲပေါင်း ၃၈၀ ခန့်မှ ဘဏ်လုပ်ငန်း ဆိုင်ရာများကို ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက် အရ ပြည်သူများ အနေနဲ့ ယုံကြည် စိတ်ချစွာနဲ့ ပုဂ္ဂလိဘဏ်များကို ဆက်သွယ်ကာ ဘဏ်လုပ်ငန်း ဆိုင်ရာများကို ယခင်အတိုင်း ဆက်လက် ဆောင်ရွက် နိုင်တယ်လို့ သတင်း ရရှိပါတယ်။


ပြည်တွင်းရှိ လူဦးရေ ၁၀၀ တွင် ၇.၅ ရာခိုင်နှုန်း ဖုန်းကိုင်ဆောင်နိုင်

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ အထိ ပြည်တွင်းမှာ
တယ်လီဖုန်း ကိုင်ဆောင် နိုင်မှုဟာ လူ ၁၀၀ မှာ ၇ ဦးကျော် ကိုင်ဆောင် နေတာ ဖြစ်တယ်လို့ သိရပါတယ်။ တယ်လီဖုန်း သိပ်သည်းဆ ဆိုတာ ကတော့ လူဦးရေ ၁၀၀ မှာ သုံးစွဲနိုင်တဲ့ ပျမ်းမျှ လူဦးရေကို ဖော်ပြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး ကဏ္ဍ တိုးတက် ဖွံ့ဖြိုးရေး အတွက် အစိုးရ အဆက်ဆက်က ဆောင်ရွက်ခဲ့ရာ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိ မြန်မာနိုင်ငံရဲ့ တယ်လီဖုန်း သိပ်သည်းဆ ၃.၈ သာ ရှိခဲ့တာ ဖြစ်ပါတယ်။

ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ တယ်လီဖုန်း သိပ်သည်းဆဟာ လူဦးရေ ၁၀၀ မှာ ၇.၅ ဦးအထိ ဖုန်းသုံးစွဲနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အတွင်း လူနေ ဧရိယာရဲ့ ၈၅ ရာခိုင်နှုန်းကို မိုဘိုင်း တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ လွှမ်းခြုံ နိုင်ပြီး ဖြစ်တယ် လို့လည်း မြန်မာ့ ဆက်သွယ်ရေးက ဆိုပါတယ်။ မြို့နယ်နဲ့ ကျေးရွာများ အတွက် GSM/UMTS တိုးချဲ့တပ်ဆင်ရေး စီမံကိန်း အရ ဆက်သွယ်ရေး ၀န်ဆောင်မှု ပေးနိုင်တဲ့ မိုဘိုင်း တယ်လီဖုန်း ရေဒီယို စခန်းများမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၇၀၀ ရှိပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ သုံးစွဲနိုင်မှု အခြေအနေဟာ အိမ်နီးချင်း နိုင်ငံများနဲ့ နှိုင်းယှဉ်ပါက တယ်လီဖုန်း ကိုင်ဆောင်နိုင်မှု ပမာဏ နည်းပါး နေသေးပြီး မြန်မာနိုင်ငံ အနေနဲ့ အိမ်နီးချင်း နိုင်ငံများနဲ့ ရင်ဘောင်တန်း နိုင်ဖို့များစွာ ကြိုးစား ဆောင်ရွက် ကြရဦးမှာလည်း ဖြစ်တယ်လို့ အဆိုပါ တာဝန်ရှိသူရဲ့ ပြောပြချက် အရ သိရပါတယ်။


ပြည်တွင်း ဆားဈေးနှုန်း အနည်းငယ် မြင့်တက်

ပြည်တွင်းမှ ဆားကွင်း များကို မိုးရာသီကာလ အတွင်း ရပ်နား ထားပြီး အခုလက်ရှိ ဆားသို လှောင်ထားမှု ပမာဏမှာ အနည်းငယ် ရှားပါး လာတာကြောင့်
ဆားဈေးနှုန်းများ ဈေးကွက်အတွင်း အနည်းငယ် မြင့်တက် လာတယ်လို့ ဧရာဝတီတိုင်း ဒေသကြီးရှိ ဆားလုပ်ငန်းရှင် တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလက်ရှိ မြင့်တက် လာတဲ့ ဆားကြမ်း ဈေးနှုန်းဟာ ၁ ပိဿာကို ၄၅ ကျပ် ထိရှိပြီး ယခင်က ဆားကြမ်း ၁ ပိဿာကို ၃၅ ကျပ်၊ ၃၆ ကျပ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။

ဆားချော ဈေးနှုန်း မှာတော့ ဆား ၁ ပိဿာကို ၆၅ ကျပ်မှ ၇၅ ကျပ်အထိ ဈေးမြင့်တက် လာတယ်လို့ သိရပါတယ်။ ဒီလို ဈေးကွက် အတွင်း ဆားဈေးနှုန်းများ မြင့်တက် လာပေမယ့်လည်း ဆားအရောင်းအ၀ယ် ကတော့ ပုံမှန်အတိုင်းသာ ရှိနေတာ ဖြစ်ပါတယ်။ ဆားကွင်း များကို ယခုမိုးတွင်း ကာလမှာ ရပ်နားထားပြီး လာမယ့် နိုဝင်ဘာလပိုင်း လောက်မှာ ပြန်လည် စတင် လုပ်ကိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းက ဆားကြမ်း များကို ယခု လက်ရှိမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပြန်လည် တင်ပို့နေပြီး တန်ချိန် ၃၀၀၀ကို စတင် တင်ပို့ ခဲ့တယ် လို့လည်း သိရပါတယ်။

ဒါပေမယ့် ပြည်တွင်းမှာ ဆားဈေး အနည်းငယ် မြင့်တက်မှုဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဆားတင်ပို့မှုကြောင့် မဟုတ်ဘဲ ပြည်တွင်းမှာ ဆားသိုလှောင်မှု နည်းပါး လာတာကြောင့် ဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းက ဆားများဟာ ပြည်ပ နိုင်ငံများရှိ ဆားများနဲ့ နှိုင်းယှဉ်ပါက အရည်အသွေး နိမ့်ကျနေ တာကြောင့် ပြည်ပကို ဆားချောများ တင်ပို့ခြင်း မရှိဘဲ ဆားကြမ်းများ ကိုသာ ပြည်ပ နိုင်ငံများမှ ကုန်ကြမ်း အဖြစ် အသုံးပြုဖို့ လာရောက် ၀ယ်ယူကြတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့

စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို အောက်တိုဘာလ ၅ ရက်နေ့က မြန်မာနိုင်ငံ အင်ဂျင်နီယာ
အသင်းမှာ ပြုလုပ်ခဲ့ ပါတယ်။ အခုလို ပြုလုပ်ရာမှာ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒေသတွင်း စွမ်းဆောင် နိုင်မယ့် အခြေအနေများပေါ် မူတည်ပြီး ရရှိနိုင်မည့် လုပ်ငန်းစဉ်များ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက် နိုင်မယ့် လုပ်ငန်းစဉ်များ အစရှိတာ တွေကို စက်မှုဝန်ကြီး ဌာနမှ သက်ဆိုင်ရာ တာဝန်ရှိ သူတွေက ဆွေးနွေးပေး ခဲ့တာ ဖြစ်ပါတယ်။

အခုလို ပြုလုပ် ရခြင်းဟာ စက်မှုဇုန်များ တိုးတက် ထူထောင် နိုင်ရေး လုပ်ငန်းစဉ်တွေ သာမကပဲ ဒေသခံ ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး နိုင်မယ့် စက်ရုံများ တိုးချဲ့ရေး လုပ်ငန်းစဉ်များ အတွက် ရည်ရွယ် ပြုလုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် စက်ရုံ တည်ဆောက်ဖို့ ၀ယ်ယူ ထားရှိတဲ့ လယ်ယာ မြေတွေကို မတည်ဆောက်ဘဲ ထားပါက စက်မှုလုပ်ငန်းရဲ့ စွမ်းအား ကျဆင်းသလို ပြည်တွင်းမှာ လုပ်ကိုင် လိုသူတွေ အတွက် အခွင့်အလမ်း ဆုံးရှုံးမှုများ ဖြစ်စေတာ ကြောင့်လည်း လုပ်ငန်းရှင်များဟာ စက်ရုံမြေ နေရာများ ၀ယ်ယူထား ရှိပြီးပါက စက်ရုံ တည်ဆောက် အကောင်အထည် ဖော်စေ လိုတယ်လို့ စက်မှုဇုန် တစ်ခုမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို စက်မှုဝန်ကြီး ဌာန ပြည်ထောင်စု ဒုတိယ ၀န်ကြီး ဦးမျိုးအောင်နဲ့ ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်နှင့် စက်မှု လက်မှု ၀န်ကြီး ဦးဥာဏ်ထွန်းဦး တို့အပြင် သက်ဆိုင်ရာ စက်မှုလက်မှု လုပ်ငန်းရှင် အသီးသီးနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ တယ်လို့ သိရပါတယ်။


ဂျပန်ထုတ်ကုန် ပစ္စည်းပြပွဲ ၂၀၁၂ တွင် လျှပ်စစ်ပစ္စည်း များကို အများဆုံး ပြသခဲ့

Myanmar Professional Services Company Limited မှ ကြီးမှူး ကျင်းပတဲ့ ဂျပန်ထုတ်ကုန် ပစ္စည်းပြပွဲ ၂၀၁၂ ကို စက်တင်ဘာလ ၅ ရက်နေ့
ကနေ ၈ ရက်နေ့ အထိ တပ်မတော် ခန်းမမှာ ကျင်းပပြုလုပ် လျက်ရှိပြီး အဲ့ဒီကုန်စည် ပြပွဲမှာတော့ ဂျပန်နိုင်ငံမှ ထုတ်လုပ်တဲ့ လျှပ်စစ်ပစ္စည်း များကို အများဆုံး ပြသရောင်းချ နေတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ကုန်စည် ပြပွဲမှာ ဂျပန်နိုင်ငံမှ ပြည်တွင်း ဈေးကွက်ကို ရောက်ရှိနေပြီး ပစ္စည်းများ ဖြစ်တဲ့ လျှပ်စစ် ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ အလှကုန် ပစ္စည်းများ၊ စက်ကိရိယာ ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ စတာတွေကို ခင်းကျင်း ပြသထားတာ ဖြစ်ပါတယ်။

အဲ့ဒီ ကုန်စည်ပြပွဲမှာ ကုမ္ပဏီပေါင်း ၃၅ ခုမှ ပြခန်းပေါင်း ၁၄၀ ကို ခင်းကျင်းပြသ ရောင်းချထားတာ ဖြစ်ပါတယ်။ အဆိုပါ ပြပွဲကို JETRO မှ ကူညီပံ့ပိုး ဆောင်ရွက် ပေးတာ ဖြစ်ပါတယ်။ ဒီလို ဂျပန်ထုတ် ပစ္စည်းများ ပြပွဲကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မတ်လက ပထမအကြိမ် အဖြစ် JETRO မှ ဦးစီးပြီး ဂျပန် Festival 2012 ကို ကျင်းပပြုလုပ် ခဲ့တာဖြစ်ပြီး ယခု ပြုလုပ်တဲ့ Japan Products Expo 2012 ဟာ ဒုတိယ အကြိမ်မြောက် ပြပွဲ ဖြစ်ပါတယ်။ ဒီကုန်စည်ပြပွဲ မှာတော့ ပြည်တွင်း ဈေးကွက်ကို ၀င်ရောက် လာခြင်း မရှိသေးတဲ့ ဂျပန်ပစ္စည်းသစ် များစွာကိုလည်း ခင်းကျင်း ပြသထား တယ်လို့ သိရပါတယ်။


အဖွင့်ပွဲစဉ်တွင် မြန်မာအသင်းမှ ရလဒ်ကောင်း ရရှိခဲ့

AFF SUZUKI Cup 2012 ခြေစစ်ပွဲစဉ်များ ထဲမှ တစ်ပွဲဖြစ်သည့် အိမ်ရှင်မြန်မာ အသင်းနှင့် ဘရူနိုင်း အသင်းတို့၏ ပွဲစဉ်ကို မနေ့က အောက်တိုဘာလ
၅ ရက်နေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ သုဝဏ္ဍ အားကစားကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါ ပွဲစဉ်ကို မြန်မာနိုင်ငံ အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၊ အဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲဝင် အသင်းများ၏ အသင်းပိုင်ရှင်များနဲ့ ဘရူနိုင်း အသင်းမှ တာဝန်ရှိသူများ တက်ရောက် အားပေးခဲ့ကြကြောင်း သိရပါတယ်။

ဒါ့အပြင် အဆိုပါ ပွဲစဉ်ကို မြန်မာ့ လက်ရွေးစင် အသင်းကို အားပေးတဲ့ ပရိသတ် အများအပြား တက်ရောက် အားပေးခဲ့ ကြပါတယ်။ ပြိုင်ပွဲ မစတင်မီမှာ ကစားသမားများဟာ လက်ဆွဲ နှုတ်ဆက်ခြင်း ပြုလုပ်ခဲ့ကြပြီး ပွဲကို စတင် ယှဉ်ပြိုင် ကစားခဲ့ကြ ပါတယ်။ မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းဟာ အဓိက ကစားသမားတွေကိုသာ ပွဲထုတ်ကစား စေခဲ့ပြီး ဂိုးသမား နေရာမှာ သီဟစည်သူ နောက်တန်း မှာတော့ ရန်အောင်ဝင်း၊ ဇော်မင်းထွန်း၊ သိန်းသန်းဝင်းတို့ ပါဝင်လာခဲ့ပြီး ကွင်းလယ် မှာတော့ ရန်အောင်ကျော်၊ ဒေးဗစ်ထန်း၊ ရာဇာဝင်းသိန်း၊ ကျော်ဇေယျာဝင်း တို့နဲ့အတူ တိုက်စစ် မှာတော့ ကြည်လင်းနဲ့ ကောင်းစည်သူတို့ ကိုနည်းပြ ပက်ဆောင်ဟွာက ပွဲထွက် အသုံးပြုခဲ့ ပါတယ်။ ဘရူနိုင်း အသင်း ဟာလည်း အသင်းမှ အဓိက ကစားသမားများကို အသုံးပြုပြီး ပွဲထွက် ကစားခဲ့ကာ မြန်မာ အသင်း ဖက်ကို အကောင်းဆုံး ဖိအားပေး ကစားခဲ့ ပါတယ်။

ပထမပိုင်း မှာတော့ နှစ်သင်း စလုံးဟာ အပြန်အလှန် တိုက်စစ်ဖွင့် ကစားပြီး ဂိုးသွင်းခွင့်တွေ အသီးသီး ရရှိခဲ့ပေမယ့် ဂိုးရရှိခဲ့ခြင်း မရှိပဲ ဂိုးမရှိ သရေ ရလဒ်နဲ့သာ အကြိတ်အနယ် ဆက်လက်ပြီး ကစားခဲ့ ကြပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန် ပြန်လည် စတင်ချိန်မှာ မြန်မာ အသင်းက ဘရူနိုင်း အသင်းဖက်ကို ပိုမိုဖိအားပေး တိုက်စစ်ဆင် ကစားခဲ့ပေမဲ့ ဂိုးရယူနိုင်ခြင်း မရှိပဲ ဘရူနိုင်း အသင်းက အကောင်းမွန်ဆုံး ရှင်းထုတ် နိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း ပွဲကစားချိန် ၈၃ မိနစ် မှာတော့ မြန်မာအသင်း အတွက် ဦးဆောင်ဂိုးကို ရန်အောင်ဝင်းက ဂိုးဧရိယာ ထိပ်ကနေ အပြင်းကန် သွင်းပြီး ရယူပေး နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့နောက်ပိုင်း ပွဲချိန်တွေမှာ ဘရူနိုင်း အသင်းက ခြေပဂိုး ပြန်လည် ရရှိဖို့ ကြိုးစားခဲ့ပေမဲ့ မြန်မာ အသင်းက ကောင်းမွန်စွာ ထိန်းချုပ် ကစားကာ အနိုင် ၃ မှတ် ကိုရယူ သွားနိုင် ခဲ့ပါတယ်။ မြန်မာ အသင်းဟာ အခုလို ဘရူနိုင်း အသင်းကို အနိုင် ရရှိခဲ့ပြီး ၃ မှတ် ရရှိခဲ့တာ ဖြစ်ပေမဲ့ အမှတ်ပေး ဇယားရဲ့အဆင့် ၂ နေရာမှာသာ ရပ်တည် နေကြောင်း သိရပါတယ်။ ဒါ့အပြင် AFF SUZUKI Cup 2012 ရဲ့ခြေစစ် ပွဲပထမပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ အရှေ့တီမော အသင်းနှင့် ကမ္ဘောဒီးယားအသင်း တို့ပွဲစဉ်မှာ အရှေ့တီမော အသင်းက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ကြောင်း သတင်း ရရှိပါတယ်။




No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့