Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 October 2012

****လွမ်းနေမယ်ချစ်သူ****


လွမ်းနေမယ်ချစ်သူ
ပထမ မရရင် ဒုတိယမပြောနဲ့

နှစ်သိမ့်ဆုတောင် မလိုချင်တတ်ခဲ့တဲ့ငါ
နင်မရှိတော့တဲ့နောက် ဘာတွေကိုမျှော်လင့်ရမှာလဲ
. . .
မေ့ပစ်လိုက်ဖို့ ပြောရက်ခဲ့တဲ့မင်း

မင်းကိုငါ ချစ်ခဲ့တာ မေ့ပြစ်ဖို့မှမဟုတ်တာ
ငါ့အချစ်က ခဏတာ မဟုတ်ဘူး
တစ်ဘ၀စာဆိုတာ ငါကိုယ်တိုင်အသိဆုံးပါ
မျှော်လင့်ချက်ကင်းတဲ့ အချစ်နဲ့ မင်းကိုချစ်ခဲ့တာ
မင်းကလွဲရင် ကျန်တာတွေ
ဘာတစ်ခုမှ မတပ်မက်ခဲ့ပါဘူး
မင်းနဲ့ငါ ပတ်သတ်ခဲ့တာတွေဟာ အိပ်မက်မဟုတ်ဘူး
အဖြစ်အပျက်တွေကသက်သေပဲ မင်းလဲသိမှာပါ
ဟိုအရင် မင်းနဲ့ငါ ချစ်ခဲ့ ကြည်နူးခဲ့တာတွေကို
ဘယ်လိုအစွမ်းနဲ့ ငါမေ့လို့ရမှာလဲ ၊
အတိတ်ကိုပြန်တွေးမိရင် ပစ္စုပ္ပန်မှာနေရခက်သလို
အနာဂတ်ကိုလည်း ရင်ဆိုင်ဖို့ အင်အား မဲ့ခဲ့ရပြီ
မင်းရဲ့ ရက်စက်မှု ဓါးသွားအောက်မှာ ငါဟာ
အလဲလဲအပြိုပြိုနဲ့ အခါခါကျရှုံးခဲ့ပြီးပြီ၊
ပထမ မရရင် ဒုတိယမပြောနဲ့
နှစ်သိမ့်ဆုတောင် မလိုချင်တတ်ခဲ့တဲ့ငါ
နင်မရှိတော့တဲ့နောက် ဘာတွေကိုမျှော်လင့်ရမှာလဲ
မင်းကြောင့်ကွဲခဲ့တဲ့အသည်း ဘာနဲ့မှပြန်မဆက်လိုဘူး
မင်းထားခဲ့တဲ့ဒဏ်ရာတွေကို ရင်ထဲမှာ
အမှတ်တရ သိမ်းဆည်းရင်း မင်းကိုငါ
တစ်ဘ၀စာ လွမ်းနေဦးမှာပါ ချစ်သူ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့