Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 21 October 2012

အွန်လိုင်းတွင် iPhone 5 က Samsung Galaxy S3 ထက်ပိုရေပန်းစား




အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံ နှစ်ခုတွင် ပြုလုပ်ခဲ့သော စစ်တမ်း ဖြစ် ပါတယ်။ စစ်တမ်းကို အင်တာနက်တွင် စမတ်ဖုန်း ရှာဖွေကြည့်ရှုမှု Traffic အရေအတွက် ပေါ်တွင် ပြု လုပ်ခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာလ ၉ ရက်နေ့ အထိ နောက်ဆုံးထား၍ ရယူသော စစ်တမ်း ဖြစ်သည်။

စစ်တမ်းအရ Apple ထုတ် iPhone 5 ကိုရှာဖွေကြည့်ရှုသူ ၅၆ရာခိုင်နှုန်း ဖြစ်ပြီး ၄၄ ရာခိုင်နှုန်းက Samsung ထုတ် Galaxy S3 ဖြစ်ကြောင်း သိရသည်။ ယင်းမှာ iPhone 5 နှင့် Samsung Galaxy S3 နှစ်မျိုးတည်းကိုသာ နှိုင်းယှဉ်မှု ဖြစ်သည်။ ကမ္ဘာတစ်ဝန်းထုတ် စမတ်ဖုန်း အားလုံးကို ရှာဖွေကြည့်ရှုမှုအတွက် ကောက်ယူထားသော စစ်တမ်း မှာ ပေါ်တွင်ဖော်ပြထားသည့် အတိုင်း ဖြစ်သည်။

Apple ၏ iPhone 5 အားရှာဖွေကြည့်ရှုသူ ၃ ရာခိုင်နှုန်း ရှိပြီး Samsung Galaxy S3 မှာ ၂ ရာခိုင်နှုန်းသာ ရှိသည်။ Apple ၏အခြား ထုတ်ကုန်များကို ရှာဖွေကြည့်ရှုမှု ၄၃ ရာခိုင်နှုန်း ရှိပြီး Samsung ၏ အခြား ထုတ်ကုန်များကို ရှာဖွေကြည့်ရှုမှု ၁၅ ရာခိုင်နှုန်းသာ ရှိသည်။ ကျန်သည့် ၃၇ ရာခိုင်နှုန်းမှာ အခြား စမတ်ဖုန်းများ အပေါ် ရှာဖွေကြည့်ရှုမှု Traffic point ဖြစ်သည်။ ယင်း စစ်တမ်းကောက်ယူမှုကို Chitika မှ ကပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Apple ၏ iPhone 5 ထွကရှိမှုမှာ မကြာသေးပဲ Samsung Galaxy S3 ၏ ထွက်ရှိမှုက ကြာပြီ ဖြစ်သောကြောင့် ယခုကဲ့သို့ Traffic point နည်း သွားခြင်း ဖြစ်ကြောင်း Samsung အမာခံ ပရိတ်သတ်များ က ပြောဆိုထား သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့