Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 16 October 2012

The Messenger သတင်းဂျာနယ်နဲ့ ပြည်မြန်မာသတင်း ဂျာနယ်တို့ကိုတရားစွဲဆိုသူ NLD ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံခြင်း

The Messenger သတင်းဂျာနယ်နဲ့ ပြည်မြန်မာသတင်း ဂျာနယ်တို့အပေါ် ဘာကြောင့် တရားစွဲဆိုခဲ့တာလဲ။

          ကျွန်တော့်ကို  ဖယောင်းသုတ်တဲ့ကိစ္စနဲ့  မမှန် သတင်းပေးတယ်ဆိုပြီး  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားစွဲတယ်။ ဒီအမှုကို ကျွန်တော် ရင် ဆိုင်နေရတယ်။ ကျွန်တော် ရင်ဆိုင်နေရတဲ့ကာလမှာပဲ ဂျာနယ်နှစ်စောင်မှာ အဲဒီဆောင်းပါးတွေ တွေ့တယ်။ ကို(ဥပဒေ)ဆိုလား၊  သူက ကျွန်တော် အပြစ်ရှိတယ်လို့ ဆောင်းပါးမှာရေးတယ်။ ကျွန်တော်အပြစ် ရှိ၊ မရှိဆိုတာ တရားရုံးရောက်နေတဲ့ကိစ္စ၊ တရားရုံးကသာ ဆုံးဖြတ် ရမှာ။ ဒီလို ကာလမှာ အဲဒီလိုမျိုး တရားရုံးကို မလျော် သြဇာ သက်ရောက်စေတဲ့ ဒီအရေးအသားမျိုးတွေဟာ တရားရုံးကို  မထီမဲ့မြင်ပြုမှု  ဥပဒေ ၂ နဲ့ ၃ ငြိတယ်။ အဲဒီတော့ ကျွန်တော်က အဓိက က ဒီဆောင်းပါးကြောင့် စွဲတာ။ Messenger နဲ့ ကျွန်တော်တို့ကြားမှာ ဘာမှ မရှိဘူး။ ခင်ဗျားတို့ကလည်း ဂျာနယ်တစ်ခုအနေနဲ့ထည့် တယ်။ သို့သော် ဥပဒေအရကတော့ အဲဒီမထီမဲ့မြင်ပြုရာ ရောက်တဲ့ စာသားတွေကို ပုံနှိပ်ဖော်ပြတဲ့ ဂျာနယ်တွေ လည်း တာဝန်ရှိတယ်လို့သတ်မှတ်တယ်။ အခု ဂျာနယ် တွေမှာတွေ့တယ်။ တစ်ခါတည်းပြောလိုက်မယ်။ ကျွန် တော်တို့ကို ဘာဖြစ်လို့ မတိုင်ပင်တာလဲတို့ အမျိုးမျိုး ပဲရေးကြတာ တခြားဂျာနယ်တွေမှာတွေ့တယ်။ အဲဒါ ကျွန်တော်တို့နဲ့မဆိုင်ဘူး။ ဒီကာလမှာ အဲဒီကာလမှာပေါ့ ထုတ်တင်လား ဘာခေါ်လဲမသိဘူး။ အဲဒီ ခင်ဗျားတို့ကို စာပေစိစစ်ရေးက ထည့်ခိုင်းတဲ့ဟာတွေ ထည့်ခိုင်းရတဲ့ ကာလမှာ  ထည့်ပေးနေတာ။ ဒါတွေက ခင်ဗျားတို့ တရားရုံးကိုရောက်တဲ့အခါတင်ပြပါ။ ကျွန်တော့်အနေနဲ့ ဘာမှကန့်ကွက်စရာမရှိဘူး။ ကျွန်တော်က ဘာမှမတတ် နိုင်ဘူး။ တရားရုံးကို ကျွန်တော့်အမှုနဲ့ပတ်သက်ပြီး တင်ရ တာ။ တင်ရတော့ ဂျာနယ်ပါတယ်ဆိုတာ ဥပဒေအရ ပါရတာ။ တခြားအကြောင်း ဂျာနယ်နဲ့ ကျွန်တော့်အ ကြောင်း ဘာမှမရှိဘူး။ အဓိက ကတော့ ဆောင်းပါး ကြောင့်ပဲ။

ဂျာနယ်နှစ်စောင်ကို တရားစွဲဖို့ အဖွဲ့ချုပ်မှာ အစည်းအဝေး ထိုင်ပြီး ဆုံးဖြတ်ခဲ့တာလား။

          မဟုတ်ပါဘူး။ တရားစွဲခံရတော့ ကျွန်တော့်တစ် ယောက်တည်းကို စွဲတာ။ NLDကို စွဲတာ မဟုတ်ဘူး။ အဲဒီတော့  ကျွန်တော်ကလည်းတင်တော့ ကျွန်တော် တစ်ယောက်တည်းတင်တာ။ အစည်းအဝေး ဆုံးဖြတ် ချက်တွေ ဘာတွေမလိုဘူး။ လိုလည်းမလိုဘူး၊ ရှိလည်း မရှိဘူး။

ဒါဆို တရားစွဲတာက NLD အနေနဲ့  မဟုတ်ဘဲ ဦးဥာဏ်ဝင်းအနေနဲ့ စွဲတာပေါ့။

          ဟုတ်တယ်။ ကျွန်တော့်နာမည်နဲ့ စွဲတာပါ။

တရားစွဲတဲ့အဆင့်မရောက်မီ ညှိနှိုင်းဆွေးနွေးတာမျိုး မလုပ်ဘဲနဲ့ ဘာဖြစ်လို့ တရားစွဲတဲ့နည်းလမ်းကိုပဲ ရွေး ခဲ့ရတာလဲ။

          ကျွန်တော်က ဂျာနယ်နဲ့ ညှိလို့မရဘူး။ ဂျာနယ်နဲ့ ညှိစရာအကြောင်း ဘာမှလည်း မရှိဘူး။ ညှိခြင်းညှိ ကို(ဥပဒေ)နဲ့ညှိရမှာ။ သို့သော် ကို(ဥပဒေ) ဘယ်သူလဲ ဆိုတာ ကျွန်တော်မသိတာက တစ်ကြောင်း၊ နောက်တစ် ကြောင်းက ပုံနှိပ်ဖော်ပြပြီးပြီ။ ညှိလို့ ပျက်မသွားနိုင် တော့တာကတစ်ကြောင်း၊ ကျွန်တော်ကလည်း အမှုကြီး တန်းလန်း၊ ဒီအခြေအနေမှာ ကျွန်တော့်အနေနဲ့ ညှိဖို့ဆိုတာ ဘာကစရမှန်းမသိဘူး။ အခုထိလည်း ကို(ဥပဒေ) ဘယ် သူလဲဆိုတာ ကျွန်တော်မသိဘူး။ ခင်ဗျားတို့သိလား။ ခင်ဗျားတို့ ကိုယ်တိုင်ပွင့်လင်းမှုနည်းနည်း နည်းနေသေး တယ်။ ခင်ဗျားတို့သိပါတယ်။ ခင်ဗျားတို့ မသိဘူးဆို တာ ကျွန်တော်လက်ခံလို့မရဘူး။ ဂျာနယ်မှာ ဆောင်းပါး ရေးတဲ့လူကို မသိဘူးလို့ ဂျာနယ်အနေနဲ့ ပြောလို့လည်း မသင့်ပါဘူး။ ဂျာနယ်အနေနဲ့ ဒီလိုပြောဖို့ကို မသင့်ဘူး။

အဲဒီအချိန်တုန်းက ဒီဆောင်းပါးကိုဖော်ပြခဲ့တာ အဲဒီ ကာလရဲ့ အခြေအနေကြောင့်ဆိုရင်ရော။

          မဟုတ်ဘူး။ ဒါကိုလည်း ကျွန်တော် မငြင်းဘူး။ ခင်ဗျားတို့ ဒီပြောပြချက်ကို မငြင်းဘူး။ ဒါ တရားရုံး တင်ပြ။ တရားရုံးက ဒီလို အခြေအနေကြောင့် ခင်ဗျား တို့ကို ဘာမှ အပြစ်မရှိဘူးလို့ပြောလည်း ကျွန်တော် ဘာမှ ကန့်ကွက်စရာမရှိဘူး။ ကျွန်တော်တို့နဲ့ ဂျာနယ်က ဒီလို ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပဲ။ ဒီလိုသဘောရှိတယ်။ ကျွန်တော်တို့ တစ်စုံတစ်ရာ နစ်နာစေဖို့ တရားစွဲတာ မဟုတ်ဘူး။ ဥပဒေအရ စွဲတာ။ ကျွန်တော် နမူနာတစ်ခု ပြောမယ်။ ခင်ဗျားတို့ဂျာနယ်တွေ မှာ လုပ်နေတာကြာပြီ။ ခင်ဗျားတို့ သိလည်းသိမယ်။ ထည့်လည်း ထည့်မယ်။ ဦးအောင်ဆန်းဦးကို ကျွန်တော်တို့ စွဲတယ်။ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က အမှုရှိ တယ်။ အဲဒီအမှု ရှိနေတာ ဒီဥစ္စာ Major Issue တွေကို ကျွန်တော်တို့နိုင်ပြီး ပြီ။ ဒေါ်စုကသာ သူသုံးနေတဲ့စကားလုံး ဟိုဒင်းကပ်ပြီး တော့ ဟိုဒင်းလုပ်နေတာပေါ့။ သူတို့က ဒီလိုရေးလာ မယ်၊ တကယ်တော့ တရားရုံးမှာ Major Issue ရှိကို မရှိဘူး။ ချလည်းမချထားဘူး။ အဲတော့ ကျွန်တော်တို့က စွဲတာ ဦးအောင်ဆန်းဦးကိုစွဲတာ။ ဒါပေမဲ့ လျှပ်တစ်ပြက် ကို စွဲတာမဟုတ်ဘူး။ ဒါပေမဲ့ လျှပ်တစ်ပြက်ကို မထည့် လို့မရဘူး။ ဥပဒေအရ လျှပ်တစ်ပြက်ကို ထည့်ပေးရ တယ်။ အခုလည်း ခင်ဗျားတို့ကိုစွဲတာ အဲဒါကြောင့် စွဲတာ။ ခင်ဗျားတို့နဲ့ ကျွန်တော့်ကြားမှာ တစ်ခုခုရှိလို့  ထည့်တာမဟုတ်ဘူး။

ဒီကိစ္စကို ဥပဒေကြောင်းအရ ဘယ်လိုဆက်သွားမှာလဲ။

          ဥပဒေအကြောင်းအရပဲသွားမှာ။ ဒါကိုတင်လိုက် တယ်။ သူတို့က လက်ခံထားပြီးပြီ။ အတင်ခံလိုက်ပြီးရင် အမှုအနေနဲ့ လက်ခံခြင်း ပြု မပြုဆိုတာ ဒါတစ်ဆင့် ရှိတယ်။ ဒါ ခင်ဗျားတို့ပါမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ကိုပဲ အချက်အလက်နဲ့ ဥပဒေတွေမေးမယ်။ ကျွန်တော်တို့ ကလျှောက်လဲမယ်။ ပြီးလို့ တကယ်လက်ခံလိုက်ပြီးရင် ခင်ဗျားတို့ကို တရားရုံးက အကြောင်းကြားလိမ့်မယ်။ အကြောင်းကြားရင် ခင်ဗျားတို့ အခုပြောတာ ကျွန်တော် လက်မခံနိုင်စရာအကြောင်းမရှိပါဘူး။  တင်ပြလို့ရပါ တယ်။ တင်ပြပါ။ တရားရုံးက လက်ခံတယ်။ ခင်ဗျား တို့ရဲ့တာဝန်မရှိဘူးလို့  ဆုံးဖြတ်ရင်လည်း ကျွန်တော့် ဘက်က ဘာမှပြောစရာမရှိပါဘူး။ ဒါပေမဲ့လို့ မြန်မာ နိုင်ငံသမိုင်းမှာ သတင်းစာနဲ့ဂျာနယ်နဲ့ တရားရုံးနဲ့ ကိစ္စမှာ ပါတဲ့ ပုဂ္ဂိုလ်နဲ့တင်မဟုတ်ဘူး။ ထုတ်ဝေသူပါ ပူးတွဲပါရ မယ်လို့ သူက ဒီလိုဆုံးဖြတ်ထားတယ်။ ကျွန်တော်တို့က သူဒီလို ဆုံးဖြတ်ထားတာကိုလည်း ဟိုဒင်းပြုလို့ မရ ဘူး။ ဒီဥစ္စာပါ။

တရားရုံးက ဆင့်ခေါ်မယ်ဆိုရင် ကို(ဥပဒေ)ကို သိချင် တာတစ်ခုတည်းနဲ့ လျှောက်မှာလား။

          သိချင်တာတစ်ခု မဟုတ်ဘူးလေ။ ဥပဒေအရ ကျွန်တော့်အမှုမှာ ထိခိုက်နေပြီမဟုတ်လား။ ဂျာနယ်တွေ ကတောင် ပြောနေပြီ၊ အပြစ်ရှိတယ်၊ ဒီလိုဖြစ်လာမယ် လေ။ ကျွန်တော်ထိခိုက်နေပြီ။ ကို(ဥပဒေ)ကို သိချင်ရုံနဲ့ သက်သက်စွဲနေတာ မဟုတ်ဘူး။ ကျွန်တော့်အမှုကို တရားရုံးက ဆုံးဖြတ်ရမှာ။ တရားရုံးက မဆုံးဖြတ် ရသေးခင် အပြစ်ရှိတယ်လို့ ဂျာနယ်မှာပါလာပြီ။ ပါလာ တာ ဆောင်းပါးဆိုတော့ ကျွန်တော် သူ့ကို သိရုံသက် သက်နဲ့ စွဲနေတာ မဟုတ်ဘူး။ အမှန်အကန် တရားရုံးကို မထီမဲ့မြင်ရာ ရောက်မရောက် တင်ပြရမှာပေါ့။ ခင်ဗျား တို့ဘက်ကလည်း အခုနလိုတင်ပြပေါ့။ ကျွန်တော် ဘာမှ ကန့်ကွက်စရာမရှိဘူး။

လျှပ်တစ်ပြက်ဂျာနယ်အမှုကရော ခင်ဗျ။

          သူက အပြစ်ပေးပြီးပြီ။ ဒဏ်ငွေ ချလိုက်တယ်။ နှစ်လလောက်ရှိပြီ။

အခု ပုဒ်မ ၃ ကရော ဥပဒေအကြောင်းအရ ရင်ဆိုင်ရင် ဘယ်လို ဖြစ်နိုင်လဲ။

          ထောင်ဒဏ် ၄ လလောက်ထိ ချလို့ရတယ်။ ဒဏ် ငွေ ရိုက်လို့ရတယ်။ ဒီပုဒ်မနဲ့ တရားစွဲခံရတဲ့လူက ကျွန် တော်မှားသွားတယ်။ ကျွန်တော်တို့ တာဝန်ရှိပါတယ်လို့ တောင်းပန်လိုက်ရင် တရားရုံးက လုံးဝလွှတ်လိုက်လို့ ရတယ်။

အဲဒီတုန်းက ဒီဆောင်းပါးဖော်ပြခဲ့တာ ဂျာနယ်နှစ်စောင် တည်းမဟုတ်ဘူးဆိုတာကိုရော သိပါသလား။

          ကျွန်တော်စွဲဖို့ ၁ဝ ခုလောက်ရှိတယ်။ ဒါနဲ့ ပတ် သက်ပြီး ကျွန်တော်က သိပ်ပြီးတော့ ဆတ်ဆတ်ထိမခံ လုပ်တာဖြစ်မှာစိုးလို့ ရွေးပြီးတော့ ဒီနှစ်ခုပဲ တင်တယ်။ ကျွန်တော့်မှာ တင်စရာတွေရှိတယ်။ သတင်းစာလည်း တင်စရာရှိတယ်။ ကျွန်တော်က အမှန်ကို ပေါ်ပေါက်ရုံ ပဲ တရားစွဲမှာ။ ကျွန်တော်က ပြန်ပြီးတော့ ငါ့ကိုလုပ် တယ်၊ ငါအကုန်လျှောက်ပြန်လုပ်ရမယ်လို့ ကျွန်တော် မလုပ်ဘူး။  ကျွန်တော်ရေးပြီးသားတွေရှိတယ်။ ကျွန် တော်မတင်ဘူး။

by Messenger News Journal

ဦးဥာဏ်ဝင်း

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့