"ကျမတို့ အလုပ်သမားတွေနဲ့ အလုပ်ရှင် နှစ်ဘက် သဘောတူ စာချုပ်ထားတယ်အဲဒီစာချုပ်ကို အလုပ်ရှင်က အကြိမ်ကြိမ် ချိုးဖောက်တယ်။ အခုကျမတို့ အလုပ်သမားတွေကို အပြင် ဆိုဒ်တွေကို ပို့လိုက်တယ်။ အဲဒီမှာ အလုပ်ခွင်နဲ့ မသက်ဆိုင်တဲ့ ကျမတို့ မလုပ်ရမဲ့ အလုပ်တွေကိုခိုင်းတယ်။ ပန်းရံရွက်ခိုင်းတယ်၊ အုတ်တွေသယ်ခိုင်းတယ် ကျမတို့အလုပ်သမားတွေ မလုပ်နိုင်လို့ စက်ရုံကို ပြန်လာတော့ စက်ရုံအတွင်းကို ၀င်ခွင့်အပေးဘူး။ အဲဒီကနေစတာဘဲ (၂၇)ရက်နေ့မှာ အလုပ်လာဆင်းတယ် သူတို့က ၀င်ခွင့် မပေးဘူး။နောက်ရက်လာလဲ ၀င်ခွင့်မပေးဘူး အဲဒါကြောင့် ကျမတို့ အလုပ်သမားတွေ စက်ရုံအရှေ့မှာနေပြီး အလုပ်ရှင်ကိုတောင်းဆိုနေတာပါ။ ကျမတို့ အခုတောင်း ဆို ချက်တွေ မရမခြင်း နေ့ရောညပါ ဆန္ဒပြမှာပါ။ ၄င်းတို့ တောင်းဆိုချက် များတွင် လုပ်ခ လစာ တိုးပေးေ၇း မပါဘဲ။ အလုပ်သမားတွေကို အပြင်ဆိုဒ်မပို့ဖို့၊လူမှုဖူလုံရေးကဒ် အမြန်ထုတ်ပေးဖို့ စက်ရုံအတွင်း ၀င်ခွင့်မရှိသော အလုပ်သမားများကို အွန်ဂျူတီပေးရန်၊ E.C စာချုပ်အမြန်ချုပ်ဆိုပေးဖို့ အလုပ်သမားတွေကို အသိပေးခြင်းမရှိဘဲ စည်းကမ်းချက်တွေကို အသစ်မထုတ်ပြန်ဖို့ အဲဒီအချက်တွေကို တောင်းဆိုတာပါ။ အဲဒီအချက်တွေကို အလုပ်ရှင်က ညှိနှိုင်းဖြေရှင်းပေးခြင်း မရှိဘူးဟု အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးမှ ပြောကြားပါသည်။
၎င်းဆန္ဒပြ အလုပ်သမားများထဲမှ ဦးဆောင်သူ(၁၀)ဦးသည် မိမိတို့တောင်းဆို ထားသော အချက်များအား မရမချင်း အစာမစားဘဲ ဆက်လက် အစာငတ်ခံ ဆန္ဒပြမည်ဟုသိရပါသည်။
ရန်ကုန်တိုင်းအတွင်း အလုပ်သမားများ ဆန္ဒပြမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး၊ ၄င်းတို့နှင့်အလား သဏ္ဍန်တူသော ဆန္ဒပြမှု ဒဂုံဆိပ်ကမ်းမြို့နယ် စက်မမှုဇုန်ရှိ A.S.I အအေးခန်းစက်ရုံ အလုပ်သမားများသည် ဆန္ဒပြမှု ငါးရက်မြောက်နေ့တွင် အလုပ်ရှင်နှင့် ညှိနှိုင်းဖြေရှင်းမှု ရရှိသွားသည်ဟု သိရပါသည်။
တော်ဝင် သစ်စက်မှ အလုပ်သမားများ အစာငတ်ခံဆန္ဒပြ နေစဉ် |
No comments:
Post a Comment