Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 2 November 2012

လိုင်းကားများ သတ်မှတ် ပြေးဆွဲပေးပါရန် သက်ဆိုင်ရာသို့ တင်ပြခြင်း

ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့ သစ် (အရှေ့ ပိုင်း) မြို့ နယ်၊ (၁၃၃) ရပ်ကွက်၊ (၁၂၅) ရပ်ကွက်များနှင့် စိတ်ကျန်းမာရေး ဆေးရုံ (ရွာသာကြီး) ဘက်သို့ သွားသည့် ဘတ်စ် ကားလိုင်းများ လုံးဝ (လုံးဝ) မရှိတော့ပါ..။ လိုင်းကားများ မရှိတော့သည်မှာ (၃) လလောက်ပင် ရှိသွားပြီ ဖြစ်ပါသည်။

       ကျွန်တော်သည် ရန်ကုန်တိုင်း ဒေသကြီး၊ ၁၃၃ ရပ်ကွက်၊ ဒဂုံမြို့ သစ် (အရှေ့ ပိုင်း) တွင် နေထိုင်ပါသည်။ ကျွန်တောသည် ကုမ္ပဏီ ၀န်ထမ်းတစ်ဦးလည်းဖြစ်ပြီး နေ့စဉ် တနင်္လာမှ စနေအထိ ကျွန်တော်၏ ကုမ္ပဏီရုံးဖြစ်သော လမ်းမတော်မြို့ နယ် (ဗဟိုစည်) အိမ်ရာသို့ လာရောက်ရသူလည်း ဖြစ်ပါသည်။ ကျွန်တော်နေထိုင်ရာ ၁၃၃ မှ ယခင်အချိန်များတွင် ၃၆ အဖြူဗိုက်ပူဘတ်စ်ကားကြီးများ၊ ၃၆ အနီ ဒိုင်နာ၊ ၃၆ အစိမ်း ဒိုင်နာ ကားများဖြင့် ဘုန်းကြီးကျောင်းကွေ့ မှတ်တိုင်သို့တစ်ဆင့်စီးရပါသည်။ ထို့နောက် ဒဂုံတက္ကသိုလ်မှထွက်သော ၂၁၃ အထူး၊ အဓိပတိ အ၀ါ၊ ၂၀၅ ကားများစီးပြီး ရုံးသို့လာရပါသည်။ ကားခမှာလည်း ပထမတစ်ဆင့် ၁၀၀ိ/-၊ နောက် မြို့ထဲရုံးရှိရာဗဟိုစည်သို့ ၂၀၀ိ/- ပေးရပါသည်။ သွား/ပြန် ၃၀၀ိ/- ကျပါသည်။


       ၂၀၁၂ ခုနှစ်၊ သြဂုတ်လမှ စပြီး ယင်းလိုင်းကားများအားမတွေ့  ရတော့ပါ...။ ကားနံပါတ် ၃၆ အနီ၊ ၃၆ ဘတ်အဖြူ (ဗိုက်ပူ) ကားကြီးများကို နံပါတ်ပြားများဖြုတ်ပြီး ဘုန်းကြီးကျောင်းကွေ့  ဟု အော်ပြီး ဆွဲကြပါသည်။ ညဘက်အပြန်တွင်လည်း ရုံးမှ ၇-၈ လမ်းဆုံ ၂၀၀ိ/-၊ ၇-၈ လမ်းဆုံ မှ ၁၃၃ သို့ ၁၀၀ိ/- ပေးပြန်ရပါသည်။ ယခုအခါ ၇-၈လမ်းဆုံမှ ၁၃၃ သို့ ၂၀၀ိ/- ပေးစီးနေရပါသည် (ယင်းကားခမှာ မြို့  ထဲသို့သွားရသော ကားခဖြစ်နေပါသည်)။ ၁၃၃ ရပ်ကွက်တွင် လက်လုပ်လက်စားသမားများ၊ အစိုးရ၀န်ထမ်းများအများစု နေထိုင်ပါသည်။ သတင်းစာများမှလည်း ထည့်သွင်းထားပါသည်။ မေတ္တာလှိုင်း ၁၊ ဟုခေါ်သော ပုဂ္ဂလိက ယာဉ်လိုင်းအား စက်တင်ဘာလကုန်တွင် ပြေးဆွဲမည်ဟုသိရသည်။ အောက်တိုဘာ ၂၉ တွင် ဖွင့်ပွဲလုပ်ကာ ပြေးဆွဲမည်...စသည့် အသံများကိုသာ ကြားနေရပါသည်။

 မေတ္တာလှိုင်း ၁ မော်တော်ယာဉ်လိုင်းမှာစိတ်ကျန်းမာရေးဆေးရုံမှ မင်္ဂလာဈေးသို့ ပြေးဆွဲမည် ဟုလည်း သိရသည်။ ယင်းကားကြီးများကိုလည်း ကျွန်တော်တို့ဘက်တွင် တွေ့ ရသည်။ ထိုကားကြီးများမှာ ယခု နိုဝင်ဘာလအထိ ပြေးဆွဲခြင်းမရှိသေးဘဲ အောက်ဆိုက်ကားအနေဖြင့်သာ ညဘက် ၂၀၀ိ/- ဟုအော်ကာ ပြေးဆွဲပါသည်။ ထို့ကြောင်း ကျွန်တော်တို့ နေထိုင်သော ဒဂုံမြို့သစ် (အရှေ့ ပိုင်း) မြို့  နယ် ၁၃၃ ရပ်ကွက်၊ စိတ်ကျန်းမာရေးဆေးရုံဘက်သို့ ယာဉ်လိုင်းသစ်များ တိုးချဲ့ ပြေးဆွဲပေးခြင်းနှင့် ပုံမှန်လမ်းကြောင်း သတ်မှတ်ပေးပါရန် ၁၃၃၊ ၁၂၅၊ ၁၂၂၊ ၁၂၄၊ ၁၅၆၊ ရပ်ကွက် ပြည်သူများကိုယ်စား ကျွန်တော်မှ ယခုကဲ့သို့ တင်ပြရခြင်းဖြစ်ပါသည်။

ကုမ္ပဏီ ၀န်ထမ်းတစ်ဦး


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့