Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 21 November 2012

ကလေးသူငယ် အခွင့်အရေး ကာကွယ် စောင့်ရှောက် ပေးရန် လိုအပ်


ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကုသမဂ္ဂ သဘောတူ စာချုပ် အထိမ်းအမှတ်နေ့ အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ
အပြည်ပြည် ဆိုင်ရာ စီးပွားရေး လုပ်ငန်း ဗဟိုဌာန (IBC) မှာကျင်းပ ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ အခမ်းအနားမှာ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ရဲ့ ပြောပြချက် အရ ကလေး သူငယ်များကို အနာဂတ်မှာ နိုင်ငံသားကောင်းများ ဖြစ်ပေါ် လာစေဖို့ အတွက် ကလေးသူငယ် များဆိုင်ရာ အခွင့်အရေးကို ကာကွယ် စောင့်ရှောက် ပေးဖို့ အရေးကြီး တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတော်မှာ ကလေး သူငယ် အခွင့်အရေး ဆိုင်ရာ ကော်မတီ တွေကို နိုင်ငံအဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့် အပါအ၀င် သက်ဆိုင်ရာ အဆင့်အလိုက် အဆင့်ဆင့် ဖွဲ့ပြီး တာဝန်ယူကြ ဖို့လည်း ကလေးသူငယ် နည်းဥပဒေမှာ ပြဌာန်းထား ရှိတယ်လို့ သိရပါတယ်။ ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ သဘောတူ စာချုပ်ကို ၁၉၈၉ ခုနှစ် ၄၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက အတည်ပြုခဲ့ပြီး၊ ၁၉၉၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာတော့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ သဘောတူ စာချုပ် အဖွဲ့ဝင် ဖြစ်လာ ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အခန်း ၇ ခန်းပါတဲ့ ကလေးသူငယ် ဥပဒေကို ၁၉၉၃ ခုနှစ်မှာ ပြဌာန်းခဲ့ပြီး ကလေးသူငယ် နည်းဥပဒေ ကိုတော့ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလ အတွင်း ပြဌာန်းကာ မြန်မာနိုင်ငံမှာ ကလေးသူငယ် ရပိုင်ခွင့်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပြီး ဆောင်ရွက် လျက်ရှိတယ် လို့လည်း သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့