“ပူတာအို”ဟု အသံကြား လိုက်ရင် မြန်မာနိုင်ငံ မြောက်ပိုင်း အကျဆုံး၊ ရေခဲတောင်ရှိသည့် နေရာဒေသ တစ်ခုမှန်း အားလုံး အသိပင်။ ပြည်ပ ခရီးသွား ဧည့်သည်များကို ဆွဲဆောင်မှု အပြည့်အဝ ပေးသည့် နယ်မြေတစ်ခု အဖြစ်လည်း တည်ရှိနေသည်။
ဟိမဝန္တာ တောင်တန်းကြီး သွယ်တန်း တည်ရှိပြီး ရှားပါးသည့် သတ္တဝါ၊ ပန်းမျိုးစုံ၊ သဘာဝ သီးနှံများဖြင့် အလှဆင်ထားသော ပန်းချီကား တစ်ချပ်လို မြင်ကွင်းတစ်ဆုံး ကျယ်ပြောလှပေသည်။
အေးချမ်းသည့် နယ်မြေဒေသတစ်ခုဖြစ်၍ ထိုဒေသမှ အမျိုးသမီးများသည် လှပသည့် အသားအရည်ကို ပိုင်ဆိုင်ထားကြသည်။ အသားအရည် ဖြူဝင်းကာ မျက်နှာတွင် ပါးနီဖို့စရာမလိုအောင်ပင် ပန်းနုရောင်သန်း နေသည်။ တောင်ဇလပ်နှင့် သစ်ခွနက်မှာ ဒေသတွင်း အလှဆင်သည့်ပန်းများအဖြစ် ရှိနေကြသည်။
ထိုဒေသရှိ အမျိုးသမီးငယ်များမှာ လှပသည့်အသားအရေ ပိုင်ဆိုင်ကြသော်လည်း သူတို့ လက်ချောင်းများမှာ အသာမာတက် ကြမ်းတမ်းနေသည်။ ကြံ့ခိုင်သည့် ခန္ဒာကိုယ်၊ ထုံးဖွဲ့ ထားသည့် ဆံနွယ်၊ ဖျတ်လတ်သည့် ခြေထောက်တို့က သူတို့၏ မိသားစုအတွက် အားမာန်တစ်ခုလို။ သူတို့မှာ ဝမ်းစာအတွက် ရုန်းကန်နေရသဖြင့် ပညာရေးဘက်ကို ခြေဦးမတည့်နိုင်ကြ။
မိန်းကလေးများသည် အိမ်ထောင်ပြု၊ သားမွေးရမည်ဟု အစွဲပြုကာ အလယ်တန်းကျောင်းမှ ကျောင်းရပ်နား လိုက်ကာ တောင်ယာစိုက်ခင်းသို့ ရောက်သွားသည်က များလှပေသည်။
မှောင်မည်းနေသည့် မြူအုပ်ဆိုင်းကြားတွင် ရီသံလွင်လွင် ကြားနေရသည်။ မကြာခင်ထို လူအုပ်အရိပ်ကို စမ်း တစ်ဝါးဝါး မြင်နေရပြီ။ အဖာ၊ အစပ်များဖြင့် ချုပ်ထားသည့် အနွေးထည်၊ ကျောင်းစိမ်းလုံခြည်အောက်တွင် ရှည်ထွက်နေသော အနွေးဘောင်းဘီရှည်များ ဝတ်ဆင်ထားသည့် ကျောင်းသားများပင်။
သူတို့သည် ပူတာအို မြို့နယ် မာမူးလဲ ကျေးရွာအုပ်စုမှ ကျောင်းသားများဖြစ်သည်။ ပူတာအို အ.ထ.က ကျောင်းသို့သွားရန် မနက် (၇) နာရီခွဲမှ ရွာက ခြေကျင် ထွက်လာကြခြင်းဖြစ်သည်။ ကျောင်းမှာ ၎င်းတို့ ကျေးရွာမှ ခြေကျင်လျှောက်လျှင် (၁)နာရီခွဲခန့် ကြာကြောင်း သိရသည်။
ထိုကျောင်းသားအထဲမှ အသက်(၁၆)နှစ်ရှိ (၉) တန်း ကျောင်းသူ အေမီနာ တစ်ယောက်က သူ၏ ရည်ရွယ်ချက်ပန်းတိုင်မှာ ကျောင်းဆရာမတစ်ဦး ဖြစ်ချင်ကြောင်း ပြောသည်။
အေမီနာသည် မောင်နှမ (၅) ယောက်ထဲမှ အကြီးဆုံးတစ်ယောက်ဖြစ်သည်။ ဖခင်မှာ မျက်စိကွယ်နေသဖြင့် မိခင် တောင်ယာလုပ်ငန်းတွင် ကျောင်းတက်ရင်း ဝိုင်းဝန်း ကူညီပေးနေသူလည်းဖြစ်သည်။
“ကျွန်မ ကျောင်းဆရာမ အရမ်းဖြစ်ချင်တယ်။ အိမ်မှာက ပိုက်ဆံမရှိတော့ အမေက ကျောင်းမထားချင်တော့ဘူး။ ကျွန်မက ကျောင်းမထွက်ချင်ဘူး။ ဆရာမ လုပ်ချင်တယ်။ ဆရာမ လုပ်ရင်း ပိုက်ဆံ ရှာချင်တယ်။” ဟု သူမက ပြောသည်။
သူမ ညီမနှင့် မောင်လေးများသည် သူငယ်တန်း၊ ပထမတန်း၊ အဋ္ဌမတန်း တက်ရောက်နေပြီး မောင်လေး တစ်ယောက်မူ ငွေရေးကြေးရေး အခက်အခဲကြောင့် မိဘမဲ့ဂေဟာသို့ ပို့ထားကြောင်း သိရသည်။
အေမီနာသည် မာမူးလဲ ကျေးရွာအုပ်စုမှ ဘုရားကောင်းကြီးခံစားရသည့် သူတစ်ဦးဖြစ်ကာ တနည်းအားဖြင့် ကံကောင်းသူတစ်ဦးဟု ဆိုရမည်ဖြစ်သည်။
ပူတာအို ခရိုင်တွင် စားဝတ်နေရေးအခက်အခဲကြောင့် မိဘများက မိမိသားသမီးများအားလုံးကို ပညာရေးမှာ ထူးချွန်အောင် ပံ့ပိုးမှု မပေးနိုင်သဖြင့် သားယောင်္ကျားများကိုသာ ကျောင်းထားရန် အဓိက ဦးစားပေးနေရသည် ကို မြင်တွေ့နေရခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ပညာရေးအဆင့်သုံးဆင့်ရှိသည့်အနက် ပူတာအိုခရိုင်တွင် မူလတန်းအဆင့်တွင် ကျောင်းသား များထက် ကျောင်းသူများက များပြားနေပြီး အလယ်တန်းအဆင့်တွင် မိသားစု၏ ငွေရေးကြေးရေး အခက်အခဲ ကြောင့် အလယ်တန်းအဆင့် တက်ပြီးနောက် ကျောင်းသူလေးများ ကျောင်းထွက်သွားသည်က များသည်။
အထက်တန်းအဆင့်တွင်မူ ကျောင်းသား (၆၀) ရာခိုင်နှုန်းရှိပြီး ကျောင်းသူမှာ (၂၀) ရာခိုင်နှုန်းသာ တွေ့မြင်ရ တော့သည်ဟု ပူတာအိုမြို့နယ် အမျိုးသားလွှတ်တော် ဦးဂျေယောဝူက ပြောသည်။
မြို့နှင့်ဝေးလံခေါင်သီသည့် အဆိုပါ ကျေးရွာများ၌ မိသားစု တစ်ခုလျှင် သားသမီး အနည်းဆုံး ၅မှ ၆ ဦး ခန့်ရှိပြီး အများဆုံး (၉)ဦးမှ (၁၀) ဦး အထက် ရှိသည်။ ထိုသို့ သားသမီး များပြားခြင်းကြောင့် မိန်းကလေးများထက် ယောင်္ကျားသားများကို ပညာရေးပိုင်းတွင် ဦးစားပေးကြသည်။
ယင်းတို့ မိန်းကလေးများ အလယ်တန်း ပညာရေးအဆင့် ရောက်ပြီး ကျောင်းထွက်ကြကာ မိသားစုအလုပ် ဖြစ်သည့် တောင်ယာ၊ လယ်ယာ လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီကြရသည်။ ကျောင်းတက်အရွယ်ဖြစ်သည့် သူတို့မှာ အိမ်အလုပ်လုပ်ရင်း အိမ်ထောင်ပြုလိုက်ကြသည်က အများ။
အဆိုပါ ကျေးရွာများတွင် အသက် (၁၅) နှစ်မှ အသက် (၂၀) ကြားတွင် အိမ်ထောင်ပြုကြသည်က ဓလေ့တစ်ခုလို ဖြစ်လာခဲ့သည်။
“ အသက် (၂၀) ကျော် အပျိုရှိတာ မတွေ့ရသလောက်ပဲ။ အိမ်ထောင်ပြုတာ အရမ်းစောတယ်။” ဟု ဦးဂျေယောဝူက ပြောသည်။
ပူတာအို ခရိုင်သည် လမ်းပန်း ဆက်သွယ်ရေး အခက်ခဲခြင်း၊ စားဝတ်နေရေး အကြပ်အတည်းရှိခြင်းတို့ကြောင့် သားသမီးများကို မိဘများက ပညာရေးပိုင်းသို့ တွန်းမပို့နိုင်ကြပေ။
အချိန်တန် အရွယ်ရောက်လျှင် အိမ်ထောင်ပြု၊ သားမွေးပြီး တောင်ယာလုပ်ငန်း၊ လယ်လုပ်ငန်း များကို တနိုင်တပိုင် အလုပ်လုပ်ရင်း ဘဝကို ကျော်ဖြတ်နေကြသည်။
အချို့တလေ ငွေကြေးတက်နိုင်သူများမှာ မြို့သို့ ကျောင်းပို့ထားသည်မှာလည်း ရှိသည်။ သို့သော် ၎င်းမှာ အနည်းအကျဉ်းသာဖြစ်သည်။
၎င်းခရိုင်တွင် တက္ကသိုလ်စာမေးပွဲဖြေဆိုအောင်မြင်သည့် ကျောင်းသားတစ်ဦးတစ်ယောက်မှ ဆရာဝန် ကျောင်းတက်နိုင်သူ ယခုထိ မရှိသေးပေ။ ဒီအပြင် အင်ဂျီနီယာ ကျောင်းတက်နိုင်သူလည်း တစ်ဦးမျှ မရှိကြောင်း ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် ဦးဂျေယောဝူက တင်ပြဆွေးနွေးခဲ့သည်။
ပူတာအိုမြို့နယ်တွင် မချမ်းဖော့ အ.ထ.က၊ ဆွမ်ပရာဘွမ် အ.ထ.က၊ နောင်မွန်း အ.ထ.က၊ ပူတာအို အ.ထ.က (၁) နှင့် (၂) ကျောင်းရှိပြီး တစ်နှစ်လျှင် တက္ကသိုလ် စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား ဦးရေ (၂၀၀၀) ကျော်ရှိပြီး အောင်မြင်သူ ကျောင်းသားမှာ (၂၀၀) ခန့် ရှိကြောင်း သိရသည်။
“ တစ်ခါတစ်လေ အောင်သူမရှိတဲ့ နှစ်တောင် ရှိတယ်။” ဟု ဦးဂျေယောဝူက က ပြောသည်။
၂၀၁၂- ၂၀၁၃ ခုနှစ် ပညာသင်နှစ် ပူတာအို ခရိုင်တွင် ပထမဦးဆုံး (၃) ဘာသာ ဂုဏ်ထူးထွက်သည့် မောင်ငွားဂျောဆာသည် ငွေကြေး ခက်ခဲခြင်းကြောင့် ယခုတိုင် တက္ကသိုလ်ကျောင်း တက်ရန် ကျောင်းမအပ် နိုင်သေးပေ။
“ ယဉ်ကျေးမှုရုံးမှာ လာပြောတယ် အလုပ်ရှာပေးဖို့၊ ဒါမှ မဟုတ်ရင် ကျောင်းတက်ဖို့ ထောက်ပံ့မယ့် လူရှာပေးဖို့ လာပြောတယ်။” ဟု ပူတာအို ယာဉ်ကျေးမှုရုံးမှ အတွင်းရေးမှူး ဦးယောစီက ပြောသည်။
အဆိုပါ မြို့များတွင် ကျောင်းဆရာမ လုံလောက်မှု မရှိခြင်း၊ ဗမာ စကား နားမလည်ခြင်း စသည်တို့ကြောင့် ကျောင်းသားများ ကျောင်းစာ မလိုက်နိုင်ခြင်းနှင့် မိသားစု ငွေရေးကြေးရေး အခက်အခဲများကြောင့် ကျောင်းသားများ ပညာရေးတွင် လွန်စွာအားနည်းနေကြောင်း ပူတာအိုမြို့ရှိ နည်းပညာအထက်တန်းကျောင်းမှ ကျောင်းဆရာမ ကိုင်ဆိုင်းက ပြောသည်။
သို့သော် ပူတာအိုမှ တောင်ပေါ်သူလေးများက သူတို့ရဲ့အနာဂတ်သာယာရန်အတွက် မျှော်လင့်ချက်ကိုယ်စီနဲ့ ဘ၀ပန်းတိုင်ကိုလျှောက်လှမ်းနေကြပါတယ်။
ဂျာတော့(ပ်)- ကချင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Saturday, 15 December 2012
ပူတာအိုက တောင်ပေါ်သူလေးများရဲ့ မျှော်လင့်ချက်
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
December
(893)
- Who's who 2012 -ဒေါ်အောင်ဆန်းစုကြည်
- Who's who 2012- ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်...
- ဖယ်ရီကြိုပို့ယာဉ်တိုက်မိပြီး သေဆုံးခဲ့တဲ့ ရန်ကုန်က...
- တရုတ်သံရုံးနား ဆန္ဒပြသူတွေကို ရုံးတင်စစ်ဆေး
- လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များ ဈေးပြို...
- ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီးတိုက်ပွဲများဆက်လက်ပြ...
- ၀ိုင်းမော်တွင် ဒုက္ခသည်စခန်းများ၌ လူဦးရေ နှစ်ဆတိုးလာ
- မြန်မာ့ရွှေဈေးကျသော်လည်း ငွေလဲနှုန်းအနည်းငယ်မြင့်တက်လာ
- ၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက် နောက်ပိုင်းကာလအတွင်း ဒေ...
- သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်း...
- သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်း...
- ဒီဇင်ဘာလ (၂၉) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ...
- ဒီဇင်ဘာလ (၃၁) ရက်နေ့ ထုတ် The Voice Vol.8 / No.52
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် The People's Age Vol 3 N...
- ဒီဇင်ဘာလ (၂၈) ရက်နေ့ ထုတ် Playmaker အားကစားဂျာနယ် ...
- လိုင်ဇာမြို့တွင်း၌ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်...
- EMBRAER 190 လေယာဉ် ရန်ကုန်လေဆိပ်တွင် စမ်းသပ်မောင်း...
- အိန္ဒိယနိုင်ငံသို့ ချင်းပြည်နယ်မှ ထင်းရှူးသားများ တ...
- NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းမျ...
- » Who's who 2012 - နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
- ၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခ...
- GSM တန်ဖိုးနည်း ဖုန်းများတွင် အင်တာနက်ပါ တစ်ပြိုင်...
- တိုင်းဒေသကြီး မိုးစပါး ရိတ်သိမ်းမှုမှာ ယခင်ကထက် ပို...
- အခွန်ငွေ စုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းကို ပြည်တွင်း ...
- ကျောက်မျက်ရတနာ ဖော်ထုတ်ကွက်များ လုပ်ကွက် တစ်ခုလျှင...
- ဂျပန်နိုင်ငံမှ Bank of Tokyo Mitsubishi UFJ ၏ ဘဏ်လ...
- ငွေဆောင် ကမ်းခြေ ဟိုတယ်များ၌ ပြည်ပ ခရီးသွား နှစ်သေ...
- Myanmar Countdown 2013 အခမ်းအနား တိုက်ရိုက် ထုတ်လွှ...
- High Availablility Online Systems နှင့် ပတ်သက်၍ ဟေ...
- အမေရိကန် သံရုံးတွင် ချစ်ကြည်ရေး ဘတ်စကက် ဘောပွဲ ကျင...
- အာရှရဲ့ စီးပွားရေးအလားအလာ
- မြဧရာဈေးသင်္ဘော ဖျက်သိမ်းတော့မည်
- ၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း 2
- ၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း ၁
- လက်ပံတောင်းတောင် စီမံကိန်း MEIပညာရှင်အဖွဲ့ ကွင်းဆင...
- အင်တာနက်အသုံးပြုမှု တရုတ် ပိုမိုထိန်းချုပ်
- ပုဂ္ဂလိကပိုင် သတင်းစာတွေ ထုတ်ဝေခွင့်ရမည်
- စပါးဈေးကျလို့ အစိုးရကို အကူအညီတောင်း
- မုဒိမ်းကျင့်ခံခဲ့ရတဲ့ ကျောင်းသူလေး သေဆုံး
- ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချုပ်ထားသော ဆွယ်တာ သ...
- KIO ဌာနချုပ်အနီး လဂျားယန်တွင် မြေပြင်တိုက်ပွဲ ဖြစ်...
- ဒီချုပ်၏ ပညာရေးရန်ပုံငွေဂီတပွဲ ဒုတိယနေ့ မြင်ကွင်း
- ကဗျာနန်းတော် မှ ကဗျာများ
- တပ်မတော်သားအချို့ ထိုးကြိတ်သဖြင့် ကလေး ၁ ဦး သေဆုံး
- ကျောင်းသူကို အဓမ္မကျင့်သည့် တပ်ကြပ်အား အရပ်ဘက် တရား...
- မိုးထိမိုးမိဒေသရွှေလုပ်သားများ၊ ကုမ္ပဏီနှင့် ထပ်မံညိ...
- ဒီဇင်ဘာလ (၂၆) ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှ...
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် ...
- အစိုးရတပ် လေကြောင်းတိုက်ခိုက်မှုများ လုပ်လာနေပြီဟုဆို
- မြန်မာနိုင်ငံသားတွေ သေဆုံးမှု ထိုင်း ၄ ဦး ကို ထောင်...
- တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတ...
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄...
- ဒီဇင်ဘာလ (၂၈) ရက်နေ့ ထုတ် HR Journal အမှတ်စဉ် (175)
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်...
- အိန္ဒိယတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် မိန်းက...
- ဒီဇင်ဘာ ၂၈ ရက်နေ့ထုတ် Premier Eleven Sports Journa...
- NLD ပညာရေးကွန်ယက် ရန်ပုံငွေပွဲ ပထမနေ့ လှူဒါန်းငွေ ...
- ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင...
- ဒီဇင်ဘာ ၂၉ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ်...
- ဒီဇင်ဘာလ(၂၈) ရက် သောကြာနေ့ထုတ် EURO SPORTS JOURNAL...
- ထိုင်းနိုင်ငံရောက် သံဃာများ ကျန်းမာရေး
- ရသေ့တောင် ကျေးရွာအုပ်ချုပ်ရေးမှူးကို ရဲဖမ်း
- မေရိကန် ဘဏ္ဍာရေး အကျပ်အတည်း
- လေယာဉ် မတော်တဆ ပျက်မှု ခရီးသွားလုပ်ငန်း မထိခိုက်နိုင်
- ကျင့်ဝတ်နဲ့ညီတဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်ဖို့ သမ္မတ ည...
- လူ့ဘောင်သစ်ပါတီနှင့် အစိုးရတို့ သဘောတူညီချက်များ လ...
- မအူပင်မြို့နယ် တရားရုံးသို့ တရားဥပဒေစိုးမိုးရေးကော...
- လယ်သမားတွေက စစ်တပ်ကို စပါးပေးဖို့ ငြင်းဆန်
- မှုးယစ်ဆေးဝါး နှိမ်နှင်းရေး အကြောင်းပြပြီး စစ်တပ်တေ...
- NLD ဈေးရောင်းပွဲတော်
- ပညာရေး နိမ့်ကျလို့ နိုင်ငံ မတိုးတက်ရတာလို့ ဒေါ်စုေ...
- ခွင့်ပြုမိန့်မရဘဲ ဆန္ဒဖော်ထုတ်တဲ့ သူတွေကို ဥပဒေက ခွ...
- ပတ္တမြား ငမောက်
- နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မ...
- ပညာရေး ရန်ပုံငွေပွဲတွင် အကျဉ်းထောင်တွင်းပုံစံပြ
- ပြည်သူလူထုနားမခါးစေချင်ပါ . . .[မြတ်ဆွေ]
- အစိုးရ တပ်မတော်မှ ပစ်ခတ်သော အမြောက်ဆံ ကျရောက် သဖြင...
- စီတန်းပုဒ်မ ၁၈ နှင့် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ...
- မန္တလေးမြို့တွင် ပုဒ်မ၁၈နှင့် ပုဒ်မ ၅၀၅(ခ) အား လက်မ...
- စနစ်ကြောင့်ဆင်းရဲခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြ...
- တပ်မတော် ပွဲတက်ဝတ်စုံအချို့ ပြောင်းလဲ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ရန်ပုံငွေ ရ...
- Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု က...
- အဲပုဂံ လေယာဉ် ပျက်ကျရာတွင် သေဆုံးခဲ့သည့် ဆိုင်ကယ်စ...
- ယဉ်ကျေးဖို့ အဖြေရှာ မတွေ့သေးသော လိုင်းကား ယာဉ်မောင...
- လာမည့်နှစ်တွင် လူနေရပ်ကွက်များ လျှပ်စစ်မီးလုံးဝပြတ...
- မိုးညှင်းမြို့အဝင်တွင် ဗုံးပေါက်ကွဲ
- သိန္နီသစ်တောရုံး ဗုံးကွဲ ဦးစီးမှူး ဒဏ်ရာရ
- ပညာရေးကဏ္ဍကိုမြှင့်တင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ...
- ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ (WCDMA) ဆင...
- အိမ်ရာမူဝါဒနှင့် တန်ဖိုးနည်းအိမ်ရာ
- ကျေက်ဖြူဒုက္ခသည်စခန်းတွင် ရခိုင်မိသားစု၃၆စုကျန်ရှိ
- ဒေသအာဏာပိုင်များ ဆောင်ရွက်ပုံက ရခိုင်များကို တောခု...
- ရခိုင်ထူထောင်ရေးအတွက် အစိုးရသစ်မ၀ယ်၍ ပုဂ္ဂလိက သစ်စက...
- ဦးသိန်းစိန်ပြောတဲ့ပြုပြင်ရေး ထင်သလောက်မလွယ်ကူ
- အမေရိကန်မှာ နှင်းမုန်တိုင်းကျ
- ဝမ်ပေါင်ရဲ့ မိခင်ကုမ္ပဏီ အကြီးအကဲနဲ့ လွှတ်တော်ကိုယ်...
- အဂတိလိုက်စားမှု တိုက်ဖျက်ရေး သမ္မတဦးသိန်းစိန် ဆော်သြ
- ဧည့်လမ်းညွှန်များ စာရင်းကို သတင်းစာတွင် မှားယွင်းေ...
- စက္ကန့် ၉၀အတွင်း ခရီးသည်တွေ အကုန်ကို ကယ်တင်နိုင်ခဲ့...
-
▼
December
(893)

No comments:
Post a Comment