Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 8 January 2013

'ဇန်န၀ါရီလ ၆ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်ကရန်ကုန်မြို့စမ်းချောင်း မြို့နယ်တွင်အမျိုးသားတစ်ဦး သေတမ်းစာရေး၍ တာဝါ၏ ၁၁ လွှာမှ ခုန်ချသေဆုံး'


၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့ ည ၇နာရီဝန်းကျင်ခန့်က ရန်ကုန်မြို့ စမ်းချောင်း
မြို့နယ် ဓမ္မစေတီလမ်းနှင့် ဗားဂရာလမ်းထောင့်ရှိ ပန်းခြံတာဝါ၏ အပေါ်


ဆုံးထပ် ၁၁ လွှာမှ အမျိုးသားတစ်ဦး ခုန်ချသေဆုံး သွားကြောင်း သိရပါသည်။

သေဆုံးသူမှာ ရန်ကုန်မြို့ အလုံမြို့နယ် ငုဝါလမ်းတွင် နေထိုင်သူ အသက် ၃၀ ၀န်းကျင် ကိုအောင်ကျော်ထူး ဆိုသူဖြစ်ပြီး ခုန်ချမသေဆုံးမီ သေတမ်းစာ တစ်စောင်ကို ရေးထားခဲ့ကြောင်းလည်း ရပ်ကွက် တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''တာဝါရဲ့ အပေါ်ဆုံးထပ်က နေခုန်ချသွားတာပါ။ သေတမ်းစာနဲ့ သူ့ပစ္စည်းအချို့ကို သက်ဆိုင်ရာက သက်သေအဖြစ် သိမ်းထားပါတယ်'' ဟု အဆိုပါတာဝန်ရှိသူတစ်ဦးက ပြောပါသည်။

အခင်းဖြစ်ပွားသော နေရာအနီးရှိသူတစ်ဦးက' 'သေသွားတဲ့ ကောင်လေးက အရင်ဒီနားက ကုမ္ပဏီတစ်ခုမှာ လုံခြုံရေးလုပ်တာပါ။ ကောင်လေးက စိတ်အခြေအနေပုံမှန် မဟုတ်ဘူးလို့လည်း ပြောကြတယ်'' ဟု ပြောပါသည်။


သေဆုံးသူမှာ ဦးခေါင်းကွဲ ဒဏ်ရာနှင့် အရိုးကျိုး ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းနှင့် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စမ်းချောင်းမြို့နယ် ရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ဇန်န၀ါရီလ ၄ ရက်ကလည်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မန်းမြန်မာပလာဇာ အဆောက်အဦ၏ ၁၇ ထပ်အမြင့်မှ ၆ ထပ်အမြင့်ပေါ်သို့ အသက် ၁၇နှစ်အရွယ် ပန်းရံအမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့သည်။





.
Eleven Media Group

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့