Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday, 10 January 2013
အလိုအလျောက်ကလေးတစ်ယောက်ပေါ်လစီ
နှုတ်ခမ်း စူထားသည့် အသက် လေးနှစ်အရွယ် သမီးငယ်ကို ညာဘက် ရင်ခွင်တွင် ချီပွေ့လျက် ကိုသိန်းဌေးတစ်ယောက် ခြေလှမ်း ကျဲကြီးများဖြင့် ခပ်မြန်မြန် လျှောက်လှမ်းနေသည်။ တစ်ဦးတည်းသော သမီးငယ်လေးကို ပြင်ပနေ့ကလေး ထိန်းကျောင်းကို ပို့မည်။ ပြီးမှ သူ့မိန်းမရောက်နှင့် နေသော အုတ်သဲကျောက်ဆိုင်လေးဆီသို့ အပြေးသွားမည်ဟု စိတ်ကူးလိုက်သည်။
ယနေ့ခေတ် မြို့ပြနေလူတန်းစားများတွင် အိမ်ထောင်ပြုပြီး မိသားစုများမှာ ရင်သွေးတစ်ယောက်ထက် ပိုယူရန် တဖြည်းဖြည်း ခက်ခဲလာနေသည်။
မြန်မာနိုင်ငံတွင် တရုတ်ပြည်ကဲ့သို့ “ရင်သွေးတစ်ဦးတည်းမူဝါဒ” မရှိသော်လည်း လူမှုစီးပွားရေး အခက်အခဲမျိုးစုံရှိသော မြို့ပြနေလူတန်းစား အများစုအတွက် အလိုလိုပြဋ္ဌာန်းပေးထားသကဲ့သို့ ဖြစ်နေပြီး ကလေးယူနှုန်းကျဆင်း နေခြင်းဖြစ်သည်။
ကိုသိန်းဌေးတို့မိသားစုမှာလည်း ထိုကဲ့သို့ အခက်အခဲဖြစ်နေသော မြို့နေလူတန်းစားများထဲမှ ဘ၀တစ်ခုပင်ဖြစ်သည်။
“ကလေးတစ်ယောက်တည်းနဲ့တောင် အလုပ်ကို လင်မယားနှစ်ယောက်လုံး ကြိုးစားနေရတာ။ နောက်တစ်ယောက်ထပ်ယူဖို့ တော်တော်စဉ်းစားရမယ်” ဟု ကိုသိန်းဌေးက သက်ပြင်းခပ်ဖွဖွချရင်း ညည်းတွားသည်။
လူပေါင်း ၃၅၀ ခန့်အား အင်တာနက်နှင့် လူတွေ့မေးမြန်းချက်များအရ မြို့ပြနေ လူတန်းစားများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ကလေးတစ်ယောက်ထက် ပိုယူရန် ခက်ခဲလာနေကြောင်း ပြောဆိုကြသည်။
“တစ်လကို ရှစ်သောင်းပဲရတယ်။ မိန်းမကလည်း ကလေးထိန်းမယ့်လူမရှိလို့ အလုပ်ထွက်လိုက်ရတယ်” ဟု အသက် ၃၅ နှစ်အရွယ် ကလေးတစ်ယောက်ဖခင် ကုမ္ပဏီဝန်ထမ်းတစ်ဦးက သူကြုံ တွေ့နေရသည်များကို ပြောပြသည်။
လူတစ်ယောက်၏ နေ့စဉ်ဝင်ငွေမှာ ယနေ့မြို့ပြလူနေမှုစနစ်တွင် ကလေးနှစ်ယောက်ယူရန် ခက်ခဲသည်ဟု စစ်တမ်းဖြေဆိုနေသူများ၏ ၈၅ ရာခိုင်နှုန်းကဆိုသည်။
ကလေးတစ်ယောက်အတွက် မွေးဖွားစရိတ်မှာလည်း မြို့နေလူတန်းစားများအတွက် အခက်အခဲတစ်ရပ်ပင်။ ပုဂ္ဂလိက ဆေးရုံများတွင် ကျပ်သိန်းဆယ်ဂဏန်းမျှ ကုန်ကျနေပြီး အစိုးရကျန်းမာရေးဆေးရုံများတွင်ပင် ကျပ်တစ်သိန်းဝန်းကျင်ခန့် ကုန်ကျနေသည်။
“အိမ်ထောင်ကျပြီးတဲ့အချိန်မှာ ကလေးယူဖို့ တော်တော်ငွေစုခဲ့ရတယ်” ဟု အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးကပြောသည်။
“အလုပ်လုပ်ပြီး ကလေးယူတဲ့အခါကျရင် နေ့ကလေးထိန်းကျောင်းတွေ ပြီးတော့ လူမှုရေးအထောက်အပံ့တွေ နိုင်ငံတော်က ပြည့်စုံစွာ ထောက်ပံ့ဖို့လိုအပ်တယ်။ အခြားနိုင်ငံတွေမှာဆိုရင် လူမှုစီးပွားရေး အထောက်အပံ့ ကောင်းကောင်းရှိကြတယ်” ဟု အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မဇင်မာအောင်က တိုက်တွန်းပြောဆိုသည်။
အိမ်ထောင်ပြုသည့် အသက်အရွယ် နောက်ကျလာခြင်းမှာလည်း ကလေးတစ်ယောက်ထက် ပိုယူရန် အခက်အခဲတစ်ခုအဖြစ် ပါဝင်သည်။ မြို့ပြတွင် ပညာသင်ကြားနိုင်သည့် အခွင့်အရေးများပြားလာခြင်း၊ ပညာရေးကို ဦးစားပေးကြခြင်း၊ ငွေကြေးစုဆောင်းမှုအတွက် အချိန်ပိုမိုယူလာခြင်းတို့ကြောင့် အိမ်ထောင်ပြုချိန် နောက်ကျလာခြင်းဖြစ်သည်ဟု ပညာရှင်များက ထောက်ပြသည်။
“အိမ်ထောင်ကျတဲ့အချိန်မှာ အသက်က ၄၀ နားနီးနေပြီ။ နောက်တစ်ယောက် ထပ်ယူဖို့ မလွယ်တော့သလို အပြင်မှာ အလုပ်လုပ်နေတဲ့ မိခင်တစ်ယောက်အတွက် ကလေးတစ်ယောက်နဲ့တင် တော်တော်မလွယ်တော့ဘူး” ဟု အိမ်ထောင်သည်အမျိုးသမီး ဆရာဝန်တစ်ဦးကပြောသည်။
မိခင်ရော ဖခင်ပါ ရုန်းကန်အလုပ်လုပ်နေရသည့် သားသမီးများတွင် ကလေးတစ်ယောက်မှာ နွေးထွေးသော မေတ္တာနှင့် အကြင်နာအားပေးမှု၊ အသိအမှတ်ပြုမှုများ မရရှိလျှင် ထိုကလေးမှာ စိတ်ရောကိုယ်ပါ ကျန်းမာသောကလေးဖြစ်ရန် မလွယ်ကူတော့ဘဲ ကလေးအတွက် အနာဂတ်လည်း မကောင်းနိုင်တော့ဟု စာရေးဆရာမဂျူးက ပြောသည်။
“ကလေးတွေ အနာဂတ်မကောင်းခြင်းဟာ တိုင်းပြည်ရဲ့အနာဂတ်မကောင်းခြင်းပါပဲ” ဟု ဆရာမ ဂျူးက ဆက်လက်ပြောသည်။
၁၉၇၉ ခုနှစ်တွင် “တစ်အိမ်ထောင်တစ်ဦး မူဝါဒ” ကျင့်သုံးခဲ့သော တရုတ်ပြည်၌ လူငယ်များတွင် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ မူမမှန်မှုနှင့် လူမှုပြဿနာများ ကြုံတွေ့လာရသည်။ ယခုအခါ အဆိုပါ မူဝါဒကို ပယ်ဖျက်ရန် တရုတ်ပြည်သူအများစုက အစိုးရကို တစ်ညီတစ်ညွတ်တည်း တောင်းဆိုနေကြပြီဖြစ်သည်။
တစ်ဦးတည်းသော ကလေးများ အရွယ်ရောက်လာသောအခါ အသက်အရွယ်ကြီးရင့်ပြီဖြစ်သော မိဘနှစ်ပါးနှင့် နှစ်ဖက်ဘိုးဘွားများကို တာဝန်ယူရသည့် ၀န်ပိစေသောပြဿနာဖြစ်ပေါ်လာတတ်သည်။ ၎င်းကို ပညာရှင်များ
က ၄-၂-၁ ပြဿနာဟု ကောက်ချက်ပြုသည်။ ယင်းပြဿနာကြောင့် နိုင်ငံတစ်နိုင်ငံ၏ သက်ကြီးရွယ်အို စောင့်ရှောက်မှုအပိုင်း၌ အင်အားချည့်နဲ့နိုင်သည်ဟု သုံးသပ်ထားကြသည်။
ထို့အပြင် တစ်ဦးတည်းသော ကလေးများတွင် ပြင်ပပတ်ဝန်းကျင်နှင့် ဆက်ဆံသောအခါ အံဝင်ခွင်ကျမဖြစ်မှုနှင့် ပြဿနာများ ကြုံတွေ့ရသောအခါ ကိုယ်တိုင်ဖြေရှင်းရဲသည့် သတ္တိနည်းလာနိုင်သည်ဟု စိတ်ပညာဌာနမှ ကထိက တစ်ဦးကရှင်းပြသည်။
သားသမီးဆိုသည်မှာ မိမိနှင့် ထိုက်မှရသည်ဆိုသော ယုံကြည်မှု၊ ကလေးများနေသော်လည်း ကလေးအကြီးက အငယ်ကို ထိန်းသည်ဟု ထင်မှတ်ထားသော ဓလေ့နှင့် မျိုးဆက်ပွားကျန်းမာရေး ဗဟုသုတအားနည်းသူများတွင် ကလေးယူမှုများသည်ကို တွေ့ရသည်။
“သားသမီးဆိုတာ ကိုယ်နဲ့ မထိုက်ရင် ဘယ်လောက်ပဲလိုချင် လိုချင်မရဘူး” ဟု အသက် ၄၅ နှစ် အရွယ် ဟင်းသီးဟင်းရွက်ရောင်းသည့် ဒေါ်ညိုကပြောသည်။
မြို့ပြနေ လူတန်းစားအများစု၏ အိမ်ထောင်ကျလျှင် ကလေးနှစ်ယောက် အနည်းဆုံးယူချင်သော ရာခိုင်နှုန်းမှာ ၆၀ ရာခိုင်နှုန်းကျော်ရှိနေသော်လည်း လူမှုစီးပွားရေး အခက်အခဲများကြောင့် က လးတစ်ယောက်ထက် ပိုယူရန် စိုးရွံ့နေကြခြင်းဖြစ်သည်။
ကျန်းမာရေး၊ ပညာရေးနှင့် စားဝတ်နေရေးစသည့် အရည်အသွေးပြည့်ဝသော ဘ၀ကိုပေးရန် အတွက် ကလေးဦးရေများလျှင် မပေးနိုင်ဟု ယူဆကြပြီး သားသမီးအယူနည်းသော မိသားစုများ မြို့နေလူတန်းစားထဲ များပြားလာခြင်းလည်း ဖြစ်သည်။
“ဒီခေတ်ကြီးမှာ ရွေးချယ်ပိုင်ခွင့်က လူတိုင်းမှာရှိတယ်။ ဒါပေမယ့် မရွေးချယ်ခင်မှာတော့ ရှေ့ကို ကြိုပြီးကြည့်သင့်ပါတယ်။ ကိုယ့်ဘ၀ရဲ့ နောက်ပိုင်းအတွက်ပါ ရည်ရွယ်ပြီး စဉ်းစားသင့်ပါ တယ်” ဟု ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်က ပြောကြားသည်။
ငယ်စဉ်အခါက မိမိလိုချင်သမျှရ၍ ကျေနပ်ခဲ့ရသော်လည်း အရွယ် ရောက်လာသောအခါ တစ်ဦးတည်းဘ၀မှာ မကောင်း ကြောင်း တဖြည်းဖြည်း သိလာရသည်ဟု အသက် ၃၃ နှစ်အရွယ် တစ်ဦးတည်းသောသားအဖြစ် နေလာရသူ ကိုပြည့်ဖြိုးအောင်က ပြောသည်။ “အရေးအကြောင်း ကိစ္စဖြစ်ရင်လည်း အဆင်မပြေဘူး။ ကူညီမယ့်သူ နည်းတယ်။ ပြီးတော့ စိတ်ဖိစီးမှုလည်း ပိုများတယ်” ဟု ၎င်းကဆိုသည်။
မျိုးဆက်ပွားကျန်းမာရေး ဗဟုသုတနှင့် မိသားစုအစီအစဉ်များ (Family Planning) ရေးဆွဲခြင်းတို့ကို မြို့နေလူတန်းစားများက ကျေးလက်နေ လူတန်းစားများထက် ပို၍ကျင့်သုံးကြသည်ဟု နေပြည်တော်တွင် ကျင်းပသော ကမ္ဘာ့လူဦးရေနေ့ အခမ်းအနား၌ ဒုတိယသမ္မတ စိုင်းမောက်ခမ်းက ထည့်သွင်းပြောကြားခဲ့သည်။
အချို့မှာ ကလေးတစ်ယောက်သာ ရသေးသော်လည်း နောက်ထပ်တစ်ယောက် ထပ်ယူရန် အဆင်မပြေ၍ ကလေးမယူဘဲ သားဆက်ခြားရန် ဆေးထိုး၊ ဆေးသောက်နေသူ အများအပြားရှိကြောင်း ရန်ကုန်မြို့ရှိ ဆရာဝန်တစ်ဦးက ကြုံတွေ့နေရသည်များကို ရှင်းပြသည်။
“မြို့နေလူတန်းစားတွေမှာ ကလေးတစ်ယောက် ထိန်းဖို့ ဆရာမငှားရင် တစ်လတစ်သိန်းကျော်တယ်။ ကိုယ့်လစာတောင် အဲဒီလောက်မရဘူး။ အလုပ်ထွက်ဖို့ စဉ်းစားထားတယ်” ဟု ခြောက်ထပ်တိုက်၏ အခန်းကျဉ်းလေးထဲ ငှားရမ်းနေထိုင်ရသော မိခင်တစ်ဦးက ညည်းတွားပြောဆိုသည်။
အလုပ်လုပ်နေသော မိခင်များမှာ ကလေးယူပြီးသောအခါ အလုပ်ထွက်၍ ကလေးထိန်းကျောင်းရမည်လား၊ ကလေးအားနေ့ကလေး ထိန်းပို့၍ စီမံခန့်ခွဲရမည်လားဟု စဉ်းစားလာကြသည်။ စစ်တမ်းများအရ အိမ်ထောင်ကျပြီး ကလေးမွေးပြီးသောအခါ အလုပ်မှထွက်လိုက်ရသော မိခင်များမှာ ၇၀ ရာခိုင်နှုန်းအထိ ရှိနေသည်။
အစိုးရနေ့ကလေးထိန်းကျောင်းများ မလုံလောက်မှု၊ ပြင်ပနေ့ကလေးထိန်းကျောင်းများတွင်လည်း စရိတ်ကြီးမြင့်နေမှု၊ ကလေးတစ်ယောက် မွေးဖွားသောအခါ လူမှုဖူလုံရေးစရိတ် မရှိသလောက် နည်းပါးနေခြင်းတို့မှာ မြို့ပြလူနေမှုစနစ်တွင် ကလေးတစ်ယောက်ထက် ပိုယူရန် ကြောက်ရွံ့စေသော ပြဿနာထဲတွင်ပါဝင်နေသည်။
ကလေးငါးယောက် မွေးထားသော ဟင်းသီးဟင်းရွက်ရောင်းသည့် ဒေါ်ညိုအား မျိုးဆက်ပွားကျန်းမာရေး၊ မိသားစုအစီအစဉ်များဟူသော မေးခွန်းများမေးသောအခါ “ငါတို့က အဲဒါတွေ မသိပါဘူး” ဟု တစ်ခွန်းတည်းသာပြန်ပြောသည်။
တစ်ဦးတည်းသော မွေးဖွားထားသော ကိုသိန်းဌေးတို့ ဇနီးမောင်နှံက “အလုပ်လည်း သိပ်အဆင်မပြေသေးဘူး။ နောက်တစ်ယောက် ထပ်မယူချင်လို့ သုံးလခံ ဆေးထိုးထားတယ်” ဟု ဆိုသည်။
ရေးသားသူ- သတင်းအဖွဲ့
(ရေးသားသူ- ရဲနောင်၊ ဗိုလ်ဗိုလ်ဝင်း၊ ၀တ်ရည်အောင်၊ ခိုင်ခိုင်စိုး၊ဆွေမွန်)
7Day News Journal
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
January
(377)
- မြန်မာရန်ကုန်မြို့တော်..မှ
- မြန်မာရန်ကုန်မြို့တော်...မှ
- ဗန်းမော် မှာ ဗုံးပေါက်
- မာလီတိုက်ပွဲ ပြင်းထန်ဆဲ
- ဂဏန်းတွေလည်း နာ တတ်တယ်
- မြန်မာရန်ကုန်မြို့တော် မှ
- ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့များ၌ ကမ္ဘာ့အဆင့်မီ ဟ...
- အအေးလှိုင်းဖြတ်သန်းနေ၍ လူအချို့လေဖြတ်
- ဖေဖော်ဝါရီလတွင် အအေးလှိုင်းဖြတ်ဦးမည်
- » စိတ်ကူးထဲကဖူးစာရှင်
- မန္တလေးတွင် တရားမဝင်လိုင်စင်မဲ့ယာဉ်များကို ထိရောက်စ...
- ထွက်နှုန်းလျော့ကျ၍ ခင်ဦးမှစပါးစိုက်တောင်သူများ အခက်...
- ဇန်န၀ါရီလ (၁၇)ရက်နေ့ ထုတ် The Hot News Weekly Jour...
- ၂၀၁၂ခုနှစ်အတွက် Ion Ratiu Democracy Award ဆု ဒေါ်အေ...
- နယူးယောက်ပြည်နယ်မှာ သေနတ်ဥပဒေ ပြဌာန်း
- လူ့ဘောင်သစ်ပါတီ တရားဝင်ရပ်တည်ဖို့ရှိ
- ဆီးရီးယား Aleppo တက္ကသိုလ်ပေါက်ကွဲမှု အနည်းဆုံး ၅၂ ဦ...
- ကချင်အရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်ဟု...
- ဆင်းရဲနေချိန်ကာလမှာ တိုင်းပြည်က ဘာလိုချင်တယ် ပြောေ...
- ခရိုနီ ပေးတဲ့ ရန်ပုံငွေ ကိစ္စ NLD တုံ့ပြန်
- ကချင်ပြည်နယ်မှာ တိုက်ပွဲနဲ့ ဗုံးခွဲမှုတွေ ဆက်ဖြစ်ပွား
- တရုတ်နိုင်ငံမှာ အလုပ်ကြမ်းစခန်းတွေ မပိတ်သေး
- ပါကစ္စတန် ဝန်ကြီးချုပ်ကို ဖမ်းဆီးမိန့်ထုတ်
- မာလီသူပုန်တွေကို ပြင်သစ် လေကြောင်းကဆက်တိုက်
- အီဂျစ်မှာ ရထားမှောက်လို့ လူ ၁၉ ဦးသေဆုံး
- အတန်းပိုင် ဆရာမက ဒုတိယတန်း ကျောင်းသားအား ရိုက်နှက်...
- နဘားဘူတာအနီး ရထားသံလမ်း တံတား ပေါက်ကွဲမှု (သတင်း-ဓါ...
- မိုဘိုင်းဖုန်းကတ် ရောင်းချရန် ခွင့်ပြုမိန့် မရသေးဟ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် မဇ္ဈိမ ဂျာနယ် အတွဲ (၂) အမှတ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် First Eleven Sports Journal...
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် JOB Opportunit No 11
- ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၃၉
- ကချင်အရေး နှစ်ဖက်လုံး ညှိုနှိုင်းဖြေရှင်းကြဖို့ အမေရ...
- မြန်မာအပေါ် ပိတ်ဆို့မှု ပြန်သုံးသပ်နိုင်
- ဆိုးဆေးများရောင်းချပါက တရားစွဲမည်
- ငါးထောင်တန်ငွေဖြည့်ကဒ်များငွေမပြည့်ခြင်းများဖြစ်ပေ...
- ထိုင်းမှ အကြီးစားစက်ယန္တရား ကုမ္ပဏီ TMC Industrialြ...
- မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း တံတားနှစ်စင်း မု...
- » ရွှေလင်ဗန်း စက်မှုဇုန်၊ အထည်ချုပ်စက်ရုံ အလုပ်သမား...
- ကြေးနီတောင်စီမံကိန်းမှာ ညမထွက်ရအမိန့် ဆက်လက်ထုတ်ထားဆဲ
- ကြေးနီတောင်စီမံကိန်း အစီရင်ခံစာ ပြည်သူတွေကို အသိပေ...
- မုံရွာမြို့ မှ ရက်စက်တဲ့ မယားသတ်မှု
- (ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး) ဦးရဲထွဋ်၏ fac...
- အစိုးရတပ်၏ လက်နက်ကြီး လိုင်ဇာမြို့ထဲကျ၊ အရပ်သား သေ...
- ဇန်နဝါရီ ၁၇ ရက်နေ့ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အ...
- ဆရာကြီး မင်းသိင်္ခ၏ စာအုပ်များ
- swf song များ
- တိတ်တခိုးအချစ်-မီမီဝင်းဖေ
- mm-flashsongs
- ♥♥♥♥♥♥♥♥ရင်ခွင်ဦးမှအပြန်♥♥♥♥♥♥♥♥
- ၂၀၁၂ ခုနှစ် လူကုန်ကူးမှု၌ အဓမ္မ လက်ထပ် ထိမ်းမြားမှု အ...
- ယခုနှစ်ကုန်၌ SE-ME-WE-5 တည်ဆောက်မှု စတင်မည်
- ရန်ကုန်တိုင်း ဒေသကြီး၌ တရားမ၀င် သဲလှေ အစီး ၁၀၀ ခန်...
- ကဏ္ဍသုံးခု အတွက် နိုင်ငံတကာ လုပ်ငန်းရှင်များ ပါဝင်လာ...
- မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအား ယူနက်စကိုသို့ ထပ...
- ဘူတန်နိုင်ငံသို့ ဆရာဝန်များ စေလွှတ်ရန်ရှိ
- Diamond Valley Rise စင်တာအား ၂၇ထပ် ဆောက်လုပ်မည်
- ဖခင်ဖြစ်သူအားသတ်ခဲ့သည့်သားကို ရဲတပ်ဖွဲ့က ဖမ်းဆီးအေ...
- ရိုးရိုးလေးကိုသိန်းနိုင်အား ပုဒ်မ(၃)ခုဖြင့် အမှုဖွင...
- ဖားကန့်မြို့ ၊ မှော်ဆီဇာ မြေစာပုံ လမ်းဘေးတွင် လူတစ...
- မြောက်ဦးမြို့နယ်တွင်း တာဝန်ကျ တပ်ကြပ်တစ်ဦး ဓားဖြင့...
- ဆန္ဒပြခေါင်းဆောင်များကို တရားစွဲမှု ရုပ်သိမ်းရန် တော...
- ကေအိုင်အေဌာနချုပ် လိုင်ဇာကို လက်နက်ကြီးကျ၊ အရပ်သား...
- ရေလုပ်သားအခွင့်အရေး ဆုံးရှုံးနေသူ ၄၀၀၀ ခန့် ဆန္ဒပြ
- လက်ပံတောင်းတောင်အရေး သမ္မတထံ ကြားဖြတ်အစီရင်ခံစာ တင်...
- နိုင်ငံတော် သမ္မတ ၏သဘောထားမှတ်ချက် ပျက်ပျယ်
- လိုင်ဇာတွင် လက်နက်ကြီးကျည်ကျ ဒေသခံ သုံးဦးသေ၊ လေးဦး...
- ကိုမင်းကိုနိုင်၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ်
- ဇန်နဝါရီ ၁၆ ရက်နေ့ထုတ် Mobile Guide Journal
- တိုင်းလွှတ်တော်မှ မစုံစမ်း မစစ်ဆေးသင့်ဆိုသည့် ညွှန်ြ...
- ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် Digital Life Issue: 37
- ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် Weekly Eleven News Journal ...
- ကချင်တိုက်ပွဲ ကြောင့် ဒုက္ခသည် ပိုများ
- ICRC အကြီးအကဲ မြန်မာနိုင်ငံရောက်ရှိ
- အိန္ဒိယ နိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ အုပ်စုဖွဲ့ မုဒိမ်...
- သီရိလင်္ကာ တရားသူကြီးချုပ်ကို ရာထူးကဖယ်ရှား
- ရဟတ်ယာဉ်ပျက်မှု နှစ်ဘက် အပြန်အလှန်ပြော
- ဖါးကန့် ကျောက်စိမ်းတွင်းဒေသဖက်မှာ တိုက်ပွဲဖြစ်နေ
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ ...
- ဇန်န၀ါရီလ(၁၀)ရက်နေ့ ထုတ် ပြည်သူ့ ခေတ် ဂျာနယ် Vol 3...
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် HR journal အမှတ်(၁၇၇)
- ခရိုနီငိုချင်း၊ နှစ်ပါးသွားနှင့် မြန်မာ့နိုင်ငံရေး
- ကြေးနီတောင်စီမံကိန်းတဝိုက် သဘာဝပတ်ဝန်းကျင် ပျက်စီး...
- ဒေါ်အောင်ဆန်းစုကြည် ကရင်နှစ်သစ်ကူး သဝဏ်လွှာပေးပို့
- နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဆေးကုသမှု ...
- ခင်ဦးမြို့နယ်တွင် မိုးခေါင်မှုကြောင့် စပါးခင်းများ ...
- တရားဥပဒေစိုးမိုးရေး ဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူ အရ...
- နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ အသစ်ရောင်းချမည့်...
- Thailand actress @2012 thai dress- What Makes You ...
- 2012 Cotton Day Thailand Fashion Show.mov
- ရန်ကုန်ရဲ့ မွန်းကြပ်မှုက ဝေးလွင့်ရာ လမ်း ၅၀ ကဖေး
- ကေအိုင်အေနှင့် အစိုးရအကြား ခေတ်မီ နည်းပညာသုံး ဆွေး...
- စစ်အသုံးစရိတ်ကို နိုင်ငံတော် ဘတ်ဂျက်၏ ၂၁ ရာခိုင်နှု...
- ညနေပိုင်း ပြည်တွင်း သတင်း အစီအစဉ်များအား အချိန်ပြေ...
- ကိုရီးယားနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကု...
- Johns Hopkins တက္ကသိုလ်မှ ပြည်တွင်း၌ သင်တန်းများ ပိ...
- အိမ်ရာ အဆောက်အအုံ၊ နေထိုင်မှုနှင့် မော်တော်ယာဉ် ပြပ...
- မြန်မာနိုင်ငံ ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွား လုပ်ငန်...
- မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီအားြ...
- ပြည်တွင်း၌ Specialist Society များ ဖွဲ့စည်းရန် အား...
- အမျိုးသမီးများ ဦးဆောင်မှုနှင့် ကျေးရွာ စိုက်ပျိုးမေ...
- အပျိုဝင်စအရွယ် မြန်မာ အမျိုးသမီးလေးကို ပြည်တန်ဆာ လ...
- မန္တလေးမြို့ စက်မှုဇုန်များနှင့် မြို့အတွင်းရှိ သဘာဝ...
- ၁၉၉၄ ခုနှစ်တွင် ဒဂုံဆိပ်ကမ်းသို့ ပြောင်းရွှေ့ခံရသူမ...
- ညောင်တုန်းမြို့နယ်ရှိ တောင်သူများ၊ ရေလုပ်သားများ က...
- မြေပလ္လင် နှင့် နန့်စီးအောင်ကျေးရွာအကြား ရထားလမ်း မ...
- ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှလုံးကျန်းမာရေးကြေ...
- မြန်မာဘဏ်တွေနဲ့ Western Union တို့ စာချုပ်
- အာဆီယံ အခွန်လွတ် ကုန်သွယ်မှု
- ပြင်သစ်ပြည်တွင်း လုံခြုံရေး တိုးမြှင့်မယ်
- ဘေကျင်းမှာ လေထု ညစ်ညမ်းမှု ဆိုးဝါး
- ယနေ့ နံနက် အမှတ် ၃၄ အစုန် လူစီးရထား KIA မိုင်းခွဲတ...
- တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတ...
- ထိုင်းနိုင်ငံ တောင်ပိုင်းမှာ လူမှောင်ခို ကူးသူတွေရဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြေပြိုမှု ၄၆ ယောက်သေ
- Sea Games ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား တရုတ် အခမဲ့ ...
- အလုပ်သမားအရေး ကူညီပေးသွားမယ်လို့ သံအမတ်ပြော
- စစ်သွေးကြွတွေကိုရှင်းတဲ့ ပြင်သစ်စစ်သားသေဆုံး
- Sexy Media
- ပုဂံမြို့သစ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဆေးရုံတက်နေခ...
- ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် တရားမျှတမှု ...
- ကိုရီးယား နိုင်ငံသားတစ်ဦး ၎င်းငှားရမ်း နေထိုင်နေသည့် ...
- တပ်မတော်တိုက်ခိုက်ရေး စစ်ရဟတ်ယာဉ် ပျက်ကျ အရာရှိ နှ...
- တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည့် ဆုလာဘ်ထက်သာ စက်ရံ...
- ဇန်န၀ါရီလ (၁၄)ရက်နေ့ ထုတ် The Voice Vol.9 / No.2
- တန်ဖိုးနည်း မိုဘိုင်းဖုန်းများအား လက်ရှိအချိန်ထိ တ...
- မြန်မာနယ်စပ် တရုတ်လုံခြုံရေး တိုးမြှင့်
- ပါကစ္စတန် နိုင်ငံ ကွာတာမြို့က
-
▼
January
(377)

No comments:
Post a Comment