Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 2 August 2012

လူတော်လူကောင်း၊ သူတော်ကောင်းနှင့် သူယုတ်မာ


သူငယ်ချင်းတို့အားလုံး ကောင်းသောနေ့လေးပါနော်၊ ဒီနေ့ဟာ ၀ါဆိုလပြည့် ဥပုသ်နေ့ ဖြစ်ပါတယ်၊ ဒီတော့.. ကျနော် ရယ်စရာတွေ မပြောတော့ဘူးနော်  ဖတ်မှတ် လေ့လာခဲ့တဲ့ ဗဟုသုတတွေထဲက မှတ်သား စရာလေးတွေကို သိသလောက် ပြောပါ့မယ်..

လူတော် လူကောင်း တရား(၇)ပါး
၁။ သဒ္ဒါ      = ရတနာသုံးပါးနှင့် ကံတရားကို ယုံကြည်ခြင်း၊
၂။ သတိ     = ကုသိုလ်ကောင်းမှုတို့ကို သတိရခြင်း၊
၃။ ဟိရိ       = မကောင်းမှုပြုရမည်ကို ရှက်ခြင်း၊
၎။ သြတ္တပ္ပ   = မကောင်းမှုပြုရမည်ကို ကြောက်လန့််ခြင်း၊
၅။ သုတ      = အပြစ်ကင်းသော အကြားအမြင် ဗဟုသုတ ရှိခြင်း၊
၆။ ၀ီရိယ     = ကုသိုလ်ကောင်းမှုတို့ကို အားထုတ်ပြုလုပ်ခြင်း၊
၇။ ပညာ      = အသိ အလိမ္မာ အတတ်ပညာ ရှိခြင်း၊

သူတော်ကောင်း လက္ခဏာ(၄)ပါး
၁။ သူတစ်ပါး၏အပြစ်ကို မည်သူကမျှ မမေးလျှင် မပြောပဲနေခြင်း၊
    မေးလျှင်လည်း အနည်းငယ်သာပြောခြင်း၊
၂။ မိမိ၏အပြစ်ကို မည်သူကမျှ မပေးသော်လည်း ပြောသင့်ကပြောတတ်ခြင်း၊
    မေးလျှင်ကား ပြည့်ပြည့်စုံစုံ ပြောတတ်ခြင်း၊
၃။ သူတစ်ပါး၏ဂုဏ်ကျေးဇူးကို မည်သူကမျှမမေးသော်လည်း ပြောပြတတ်ခြင်း၊
    မေးလျှင်ကား ပြည့်ပြည့်စုံစုံ ပြောတတ်ခြင်း၊
၎။ မိမိ၏ဂုဏ်ကျေးဇူးကို မည်သူကမျှမမေးလျှင် မပြောဘဲ သိုသိပ်ထားခြင်း၊
    မေးလျှင်လည်း အနည်းငယ်သာ ပြောတတ်ခြင်း၊

သူယုတ် လက္ခဏာ(၄)ပါး
၁။ သူတစ်ပါး၏အပြစ်ကို မည်သူမျှမမေးဘဲ ပြောတတ်ခြင်း၊
    မေးလျှင်ကား ချဲ့ကားပြီး ပြောတတ်ခြင်း၊
၂။ မိမိ၏အပြစ်ကိုမူ တစ်စုံတစ်ယောက်ကမမေးလျှင် မပြောဘဲဖုံးထားတတ်ခြင်း၊
    မေးလျှင်လည်း အနည်းငယ်သာ ပြောပြခြင်း၊
၃။ သူတစ်ပါး၏ ဂုဏ်ကျေးဇူးကို မည်သူမျှမမေးလျှင် မပြောဘဲထားခြင်း၊
    မေးလျှင်လည်း အနည်းငယ်မျှသာပြောခြင်း၊
၎။ မိမိ၏ဂုဏ်ကျေးဇူးကိုမူ မည်သူမျှမမေးသော်လည်း ထုတ်ဖေါ်ပြောခြင်း၊
    မေးလျှင်ကား ချဲ့ကားပြောတတ်ခြင်း၊

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့