တိုက်တန်းနစ်
ဥပဒေ ပါမောက္ခတစ်ဦးသည် သူ၏တပည့်များအား စာမေးပွဲနှင့်ပတ်သက်၍
ပြောပြနေသည်။ " စာမျက်နှာ (၂၅) မျက်နှာလောက်ကုန်မယ်။
မေးခွန်းအားလုံးဖြေဆိုဖို့ အနည်းဆုံး (၄) နာရီလောက်တော့ ကြာမယ်" ဟု
သူကပြောသည်။ ထို့နောက် စာသင်ခန်းတစ်ခန်းလုံး ဆူညံသွားသဖြင့် "
မစိုးရိမ်ပါနဲ့ကွာ။ မင်းတို့အားလုံးဟာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားတွေပဲ
မဟုတ်လား" ဟု ပါမောက္ခကြီင်္းက နှစ်သိမ့်လိုက်သည်။ ထို့အခါ ကျောင်းသားတစ်ဦးက
အော်ပြောလိုက်သည်။"မှန်တာပေါ့ဆရာ….အဲဒီလှေက တိုက်တန်းနစ်ပါ"
သတင်းကောင်းဆိုလို့
လက်ထပ်ပြီးခါစ ဇနီးက အလုပ်မှ ပြန်လာသော ခင်ပွန်းကို ပြောပါသည်။"မောင့်အတွက် သတင်းကောင်းတစ်ခုရှိတယ်။ မကြာမီမှာပဲ အိမ်မှာ လူနှစ်ယောက်အစား လူသုံးယောက် ဖြစ်လာတော့မယ်"
ခင်ပွန်းက ပြုံးရွှင်သောမျက်နှာ၊ တောက်ပသော မျက်ဝန်းများဖြင့် ဇနီးထံပြေးသွားသည်။
" မောင်ပျော်နေတဲ့အတွက် ကျွန်မ ဝမ်းသာပါတယ်။မနက်ဖြန်မှာ မေမေက ကျွန်မတို့နဲ့အတူ လာနေတော့မှာ"
ဇနီးသည်၏ ပြောစကားကြောင့် ပျော်ရွှင်စွာ အနမ်းပေးနေသော ခင်ပွန်းမျက်နှာ နီမြန်းသွားတော့သည်။
အမှန်အကန်ပဲ
လူတစ်ဦးသည် စတိုးဆိုင်တစ်ဆိုင်မှ ဖိနပ်တစ်ရံဝယ်သည်။
ထိုဖိနပ်ကိုစီးပြီး ထွက်လာရာ ဆိုင်မှ ခပ်ဝေးဝေးမရောက်မှီ ဖိနပ်ပြတ်သွားသည်။
သူသည် ချက်ချင်းပင် ဈေးဆိုင်သို့ ပြန်လာကာ ရောင်းချသူအား မကျေမနပ်
ပြောဆိုတော့သည်။ရောင်းသူ။ ။ ဘာဖြစ်လို့လဲခင်ဗျာ။
ဝယ်သူ။ ။ကျွန်တော် ခုနကပဲ ခင်ဗျားတို့ဆိုင်က ဖိနပ်တစ်ရံ ဝယ်သွားတယ်။ ခင်ဗျားပြောတော့ တစ်နှစ် အာမခံဆို။ အခု ပြတ်သွားပြီဗျ။
ရောင်းသူ။ ။ဝမ်းနည်းပါတယ်ဗျာ။ အရည်အသွေးကတော့ စစ်မှန်ပါတယ်။ ဒီနေ့ဆိုရင် ခင်ဗျားဖိနပ် ဆိုင်မှာရှိနေတာ တစ်နှစ်တိတိ ပြည့်သွားပါပြီ။
ဇနီးကောင်း
" အချစ်ရေ… ကိုယ့်သူငယ်ချင်းတစ်ဦးကို ညစာလာစားဖို့ ဖိတ်ထားတယ်" ဟု ခင်ပွန်းက ဇနီးကို ပြောသည်။"ဘာရှင့်… ရှင်ရူးနေတာလား။ အိမ်မှာလည်း ရှုပ်ပွနေတယ်။ ဈေးလည်း မသွားရသေးဘူး။
အခန်းအားလုံးလည်း ညစ်ပတ်နေတာပဲ။ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ဖို့လည်း စိတ်မပါဘူးရှင့်"
"ဒါတွေအားလုံး ကိုယ်သိပါတယ်ကွာ"
"ဒါဆိုရင် ဘာကြောင့်များ ညစာဖိတ်ကျွေးရတာလဲ"
"အကြောင်းရင်းကတော့ သနားစရာကောင်းတဲ့ သူငယ်ချင်းငပေါက အိမ်ထောက်ပြုဖို့ စိတ်ကူးနေလို့ဟေ့"
No comments:
Post a Comment