Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 22 August 2012

နှင်းချစ်သူ

နှင်းတွေဝေညောင်း ဟေမာန်ဆောင်းသို့
ရောက်ဖို့ကလဲ နီးပြီနော်
နှင်းမှုံဝေကျ ဒီးကာလမှာ
နှင်းဆီရနံ့ သင်းပျံ့မွှေးကြိုင်
ရနံ့လှိုင်တော့ နှင်းကို ချစ် သလို
နှင်းဆီကိုလဲ
ရင်ထဲစွဲငြိ ချစ်မိ တယ်

နှင်းမှုံဖြူးဖွေး ဟိုသည်ပြေးသလို
နှင်းချစ်သူလဲ ရင်ထဲမငြိမ်
နှင်းတိမ်တောင်လို...ဟိုသည်ရွေ့ရှား
စိတ်ကစားမိ ဘာကြောင့်သိဘူး..

နှင်းမှုံတွေကြား လျှောက်လို့သွားရင်း
နှင်းမှုံ့များနဲ့ ကစားလိုဘိ …နှင်းချစ်မိ၍..

အော် နှင်း နှင်း …နှင်း နှင်း
အေးမြခြင်းတွေ ပြည့်စုံနေသလို
နှင်းဆီကလဲ သင်းပျံမွှေးကြိုင်
ရနံ့လှိုင်၏…မွှေးပါဘိ...
နှင်းကိုချစ်သလို နှင်းဆီကိုချစ်
ဒို့အဖြစ်ကို
အပြစ်တင်ဆို ငြင်ညိုမှာလား.....
ဒါမှမဟုတ်…
စာနာတရား ရင်မှာထားပြီး
အမုန်းမပွား အပြုံးများနဲ့
နှလုံးသားတ၀ိုက် နှင်းဆီစိုက်ကာ
ပြန်ချစ်မှာလား....
အတွေးများနဲ့ ……….
နေခက်ပီ…………..

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့