Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 3 August 2012

ကွန်ဒို တိုက်ခန်းများ ဈေးကွက် အတွင်း အရောင်းအ၀ယ် သွက်နေ


အခု လက်ရှိမှာ အိမ်၊ ခြံ၊ မြေ ဈေးကွက်ဟာ အခွန် သက်တမ်းကြောင့် အရောင်းအ၀ယ် အေးလျက် ရှိပေမယ့်လည်း ကွန်ဒို ရောင်းဝယ်မှု ဈေးကွက်မှာ
အရောင်းအ၀ယ် ကောင်းနေတယ်လို့ Unity အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ကွန်ဒို ၀ယ်ယူသူများ အနေနဲ့ မရမ်းကုန်း၊ မင်္ဂလာတောင်ညွှန့်၊ တာမွေနဲ့ ဒဂုံမြို့နယ်တွေ မှာရှိတဲ့ ကွန်ဒိုများ ၀ယ်ယူမှု များတယ်လို့ သိရပါတယ်။

ဒီလို ၀ယ်ယူရာမှာ ကွန်ဒိုရဲ့ အရည်အသွေး၊ တည်နေရာ၊ ဈေးနှုန်းများ အပြင် ကွန်ဒိုရဲ့ လုံခြုံစိတ်ချရမှု၊ ကားပါကင် ပါရှိမှု အစရှိတဲ့ အချက်များကိုပါ စဉ်းစား ၀ယ်ယူ လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုက်ခန်း ဈေးကွက်များ မှာလည်း ကွန်ဒိုများ ကဲ့သို့ပင် အရောင်းသွက် လျက်ရှိပေမယ့် ငှားရမ်းမှုသာ ပိုမိုများပြား တယ်လို့ သိရပါတယ်။ ကွန်ဒို ၀ယ်သူများ အနေနဲ့ ငွေကျပ်သိန်း ကိုးရာ မှ သိန်း နှစ်ထောင့် ငါးရာ အတွင်းရှိ ကွန်ဒိုများ ကိုသာ ၀ယ်ယူမှု များတယ်လို့ သိရပါတယ်။

လုံးချင်း တိုက်ရောင်းဝယ်မှု အနေနဲ့ ငွေကျပ်သိန်း ခြောက်ထောင် အောက်ရှိ လုံးချင်းတိုက် များသာ အရောင်းအ၀ယ် ဖြစ်နေတယ်လို့ သိရပါတယ်။ အခု လက်ရှိ မှာတော့ ငွေကျပ်သိန်း သုံးရာမှ သိန်းခြောက်ထောင် အတွင်းရှိ အိမ်၊ ခြံ၊ မြေများ ကိုသာ အများဆုံး ရောင်းချနေရ တယ်လို့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

မိုးတွင်း ကာလတွင် ထိုင်း၊ စင်ကာပူ၊ မလေး အစရှိသည့် နိုင်ငံများသို့ ခရီးသွား လာမှုများ ရှိနေ


မိုးတွင်း ကာလတွင် ထိုင်းနိုင်ငံ၊ စင်ကာပူ နိုင်ငံ၊ မလေးရှား နိုင်ငံ အစရှိတဲ့ နိုင်ငံတွေကို သွားရောက် အပန်းဖြေမှုတွေ ရှိနေတယ်လို့ ပြည်တွင်း ခရီးသွား လုပ်ငန်း
ကုမ္ပဏီတစ်ခု ဖြစ်တဲ့ New Motion မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ပြည်ပ ခရီးသွားရာ မှာတော့ ထိုင်း၊ စင်ကာပူနဲ့ မလေးရှား အစရှိတဲ့ နိုင်ငံတွေကို ၁ လလျှင် ခရီးသွား ၅၀ ကျော် အထက် သွားရောက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာ ကုမ္ပဏီ အချို့က ၀န်ထမ်းများနဲ့ ကုမ္ပဏီ ကုန်ပစ္စည်းများကို ရောင်းချပေးတဲ့ ဆိုင်မှ ၀န်ထမ်းများ၊ Customer များကို အပန်းဖြေ ခရီးများ ပို့ပေးတဲ့ ခရီးစဉ်တွေ ပိုမိုများပြားတာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒါ့အပြင် မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ် စတဲ့ လတွေဟာ Low Season ဖြစ်တဲ့အတွက်  ပြည်ပသို့  ခရီးသွားရောက်မှု ကတော့ အရင်လတွေ ကထက် နည်းပါးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုလက်ရှိ မှာလည်း ပြည်တွင်း မှာတော့ မန္တလေး၊ ပုဂံအစရှိတဲ့ ဒေသတွေကို အများဆုံး သွားရောက်မှု ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်း ငွေကြေး ဈေးကွက် ခိုင်မာစေရန် Master Plan ရေးဆွဲ ဆောင်ရွက်မည်



ပြည်တွင်းမှာ ငွေကြေး ဈေးကွက် ခိုင်မာစေဖို့အတွက် ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းကာ Master Plan ရေးဆွဲ ဆောင်ရွက် လျက်ရှိတယ်လို့ ဘဏ္ဍာရေးနှင့်
အခွန်ဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်းရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ပြောကြားမှုကို သြဂုတ်လ ၁ ရက်နေ့က ဗဟိုဘဏ်မှာ ပြုလုပ်ခဲ့တဲ့ ထုတ်လုပ်မှု ကဏ္ဍမှာ ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေး လုပ်ငန်း စီမံချက် အကောင်အထည် ဖော်ရေး အတွက် အခွန် စည်းကြပ်မှု ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီနဲ့ ငွေကြေး အရင်းအနှီးများ ပိုမို လွတ်လပ်စွာ စီးဆင်းနိုင်ရေး ကော်မတီတို့ စီးပွားရေး လုပ်ငန်း တွေ့ဆုံပွဲမှာ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီတွေ့ဆုံပွဲ မှာတော့ ဘဏ်လုပ်ငန်းနဲ့ ငွေရေးကြေးရေး ဆိုင်ရာ လုပ်ငန်းရပ်များ ဖွံ့ဖြိုး တိုးတက်လာမှု အခြေအနေ၊ အခွန် နှစ်ထပ်ကွမ်း စီးကြပ်မှုများ ရှောင်ရှားရေးနဲ့ အာဆီယံ ဒေသ အတွင်း ၀န်ဆောင်မှု လုပ်ငန်းများ လွတ်လပ်စွာ စီးဆင်း နိုင်ရေး အစရှိတဲ့ အကြောင်းအရာ များကို ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိ သူများက ရှင်းလင်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ငွေရေး ကြေးရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်မှု များစွာ ရှိနေပြီး အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေ ကိုလည်း ပြဋ္ဌာန်း သွားဖို့ ရှိတယ်လို့ သိရပါတယ်။


ရန်ကုန်မြို့ မိလ္လာသန့်စင် စနစ်အား အဆင့်မြှင့်တင်မှု ပြုလုပ်နေ


ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ရန်ကုန်မြို့တွင်း မှာရှိတဲ့ မိလ္လာသန့်စင်
စနစ်ကို အဆင့်မြှင့် တင်ကာ ပြုပြင် မှုတွေ လုပ်ဆောင် နေတယ်လို့ သိရပါတယ်။ ဒီလို အဆင့်မြှင့်တင် ပြုပြင်ရာမှာ ရန်ကုန်မြို့တွင်း ၆ မြို့နယ်ရှိ မိလ္လာစက်အိုး အချို့ကို မူလ လက်ရာ မပျောက်စေဘဲ ပြုပြင်နေတာ ဖြစ်ပါတယ်။ ဒီလိုပြုပြင် ရာမှာတော့ ယခင်မိလ္လာစက် အိုးရဲ့ စက်မှုစနစ်မှ လျှပ်စစ် စနစ်ကို ပြောင်းလဲ ပြုပြင်တာ ဖြစ်ပါတယ်။

အခုလို စက်မှု စနစ်မှ လျှပ်စစ် စနစ်ကို ပြောင်းလဲ ပြုပြင်ရာမှာ မိလ္လာစက်အိုး တိုင်းကို ပြောင်းလဲတာ မဟုတ်ဘဲ ပြုပြင်ဖို့ လိုအပ်တဲ့ မိလ္လာစက်အိုးများ ကိုသာ မူလလက်ရာ မပျောက်စေဘဲ ပြောင်းလဲ ပြုပြင်ကာ ပြုပြင်ဖို့ မလိုအပ်တဲ့ မိလ္လာစက် အိုးများ ကိုတော့ ထိန်းသိမ်း စောင့်ရှောက်လျက် ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မြို့တွင်း ၆ မြို့နယ်မှာ မိလ္လာစက်အိုးပေါင်း ၃၅ လုံးရှိပြီး ၁၇ လုံးကို စက်မှုစနစ်မှ လျှပ်စစ် စနစ်သို့ ပြုပြင် ပြောင်းလဲခဲ့ ပြီးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ မိလ္လာစက်အိုးထဲ ၀င်ရောက်တဲ့ သန့်ရှင်းရေး ၀န်ထမ်းတွေ အန္တရာယ် မရှိစေဖို့ အတွက် ဓာတ်ငွေ့ ကာကွယ် နိုင်တဲ့ ၀တ်စုံများ ထုတ်ပေးထားတဲ့ အပြင် ဓာတ်ငွေ့တိုင်း ကိရိယာများ၊ သတ္တုရှာ ကိရိယာများ ကိုလည်း ထားရှိပေး ထားတယ် လို့လည်း သိရပါတယ်။

နေပြည်တော် ဟိုတယ်ဇုန်၌ ဟိုတယ်အလုံး ၅၀ အထိ တည်ဆောက် သွားရန်ရှိ


၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ အတွက် နေပြည်တော် ဟိုတယ်ဇုန် အတွင်း ဟိုတယ်အလုံးပေါင်း ၅၀ အထိ တည်ဆောက် သွားမှာ ဖြစ်တယ်လို့ နေပြည်တော်
ဟိုတယ်ဇုန် တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိ မှာတော့ နေပြည်တော် ဟိုတယ်ဇုန် အတွင်း ဟိုတယ် အလုံးပေါင်း ၃၁ လုံး ဆောက်လုပ် ပြီးစီးနေပြီး အလုံး ၅၀ ပြည့်အောင် ဟိုတယ် ၁၉ လုံးခန့် ထပ်မံ တည်ဆောက် သွားမှာ ဖြစ်ပါတယ်။

အခုလို ဟိုတယ်များ တိုးမြှင့် တည်ဆောက်မှုကို ၂၀၁၃ ခုနှစ် မေလ လောက်မှာ အပြီးသတ် ဆောက်လုပ် သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောက်လုပ် ပြီးစီးတဲ့ ဟိုတယ် အလုံး ၃၁ လုံးမှာတော့ ဟိုတယ် အခန်းပေါင်း တစ်ထောင့် ကိုးရာကျော်သာ ရှိတာ ဖြစ်ပါတယ်။ ၂၀၁၃ ဆီးဂိမ်း ကာလမှာ နေပြည်တော် ဟိုတယ်ဇုန်မှ ဟိုတယ် အခန်း လေးထောင် ခန့်ကို အသုံးပြုမှာ ဖြစ်လို့ ဟိုတယ် အသစ် တည်ဆောက်မှု တွေကို ထပ်မံ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ထပ်မံ ဆောက်လုပ်မယ့် ဟိုတယ်တွေ ကိုတော့ ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမယ့် နေရာတွေနဲ့ အနီးဆုံး ဖြစ်အောင် တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆီးဂိမ်း ကာလ ရောက်ရှိလာတဲ့ အခါ အသုံးပြုမယ့် ဟိုတယ် အခန်းပေါင်း လေးထောင်ကို အားကစား ၀န်ကြီး ဌာနနဲ့ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး ဌာနတို့ ပူးပေါင်း ခန့်ခွဲပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

သံဃာတော် အပါး နှစ်ထောင် အထိ သင်ကြားနိုင်သည့် တိပိဋက စာတိုက် ဖွင့်လှစ်


မင်္ဂလာဒုံ မြို့နယ်၊ ပုလဲမြို့သစ်၊ ရွှေနံ့သာရပ်မှာ သံဃာတော် အပါး ၂၀၀၀ အထိ စာသင် စာချ ပြုလုပ်နိုင်တဲ့ တိပိဋက စုဆန်းလီ စာသင်တိုက်ကို သြဂုတ်လ
၂ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စာသင်တိုက်ကို ထိုင်ဝမ် နိုင်ငံ ဇာတိဖွား ထိုင်းနိုင်ငံ၊ မယ်ဆိုင် မြို့မှာ ကျောင်းထိုင်၊ ကျောင်းပိုင် အဖြစ် သီတင်း သုံးတော်မူတဲ့ ဆရာတော် ဘဒ္ဒန္တသုဘနနဲ့ တပည့်ဒါယကာ၊ ဒါယိကာမ တို့က အဆင့်မြင့် ပရိယတ္တိ သာသနာ ပြုနိုင်ဖို့အတွက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကို လွှဲအပ် လှူဒါန်း ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆရာတော် ဘဒ္ဒန္တသုဘနဟာ သာသနာရေး ၀န်ကြီးဌာန ကိုလည်း လှူဒါန်းငွေတွေ ပေးအပ်ခဲ့တဲ့ အပြင် ဆရာတော် သံဃာတော်များ အတွက် သင်္ကန်း အစရှိတဲ့ လှူဖွယ်များကို လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ တိပိဋက စုဆန်းလီ စာသင်တိုက်မှာ စာသင်သား သံဃာ ၅ ဦးခန့်သာ စာသင် စာချပြု လျက်ရှိပြီး နောက်ပိုင်း မှာတော့ စာသင် သံဃာ အများအပြား လက်ခံကာ သာသနာတော် ထွန်းကား ပြန့်ပွားဖို့အတွက် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ဆရာတော် ဘဒ္ဒန္တသုဘန အနေနဲ့ အဆိုပါ စာသင်တိုက်ကို ဆောက်လုပ် လှူဒါန်းရ တာဟာ တိပိဋက စာမေးပွဲ အတွက် ကြိုးစားလိုတဲ့ ရဟန်း သံဃာတော်များ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ပြီး စာပေ သင်ကြား နိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ကျောင်းဖွင့်ပွဲနဲ့အတူ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်မြတ်ကို ဗုဒ္ဓါဘိသေက အနေကဇာ တင်ခြင်း၊ ပင့်သံဃာ ဆရာတော် အပါး ၁၀၀ တို့ကို ၀ါဆိုသင်္ကန်း၊ ၀ါဆိုဆွမ်းများ လှူဒါန်းခဲ့ခြင်း စတဲ့ ကုသိုလ်ပြုမှု တွေကို ဆောင်ရွက် ခဲ့ကြတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့