Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 10 August 2012

နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်သော ဘဏ်စနစ်များ တိုးချဲ့မည်


ရန်ကုန်မြို့ သမ၀ါယမဘဏ်ရုံးချုပ်ရှိ အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်း ၀န်ဆောင်မှုဌာနကို တွေ့ရစဉ်။
ဓာတ်ပုံ - ကိုတိတ်
ပြည်တွင်း ဘဏ်လုပ်ငန်းများအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အတွက် ပြင်ဆင်မှုအဖြစ် ခေတ်မီစနစ်ကျနသော ဘဏ်စနစ်တစ်ခု မြန်မာပြည်၌ ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိရာ ၂၀၁၃ အရှေ့တောင်အာရှအားကစား ပြိုင်ပွဲမတိုင်မီ ဘဏ်စနစ်များအားပြီး ပြည့်စုံအောင် အပြီးသတ်ဆောင်ရွက် သွားမည်ဖြစ်သည်ဟု ပြည်တွင်း ဘဏ်လုပ်ငန်းရှင်များက ပြောသည်။
"ဘဏ်စနစ်က သိပ်အများကြီးမရှိပါ ဘူး။ ဒါပေမယ့် အဆင့်ဆင့် ပြုလုပ် သွားဖို့ပဲ လိုတယ်။ ကနဦးအနေနဲ့ နိုင်ငံခြားက အလုပ်သမားတွေ ပြည်တွင်းကို ငွေလွှဲနိုင်အောင် စီစဉ်တယ်။ ပြည်တွင်းမှာလည်း နိုင်ငံခြားငွေစာရင်းတွေဖွင့်ပေးပြီး အချင်းချင်း ငွေရွှေ့ပြောင်းနိုင်တယ်။
အရေးကြီးဆုံးအဆင့်ဖြစ်တဲ့ ဗီဇာကတ်နဲ့ မာစတာကတ်၊ China Union Pay (CUP)နဲ့ Japan Credit Bureau (JCB) ကတ်တွေကို သုံးနိုင်အောင် လုပ်ပေးပြီးရင် ဘဏ်လုပ်ငန်းရဲ့ တစ်ဝက်ကျော် လောက် အောင်မြင်ပြီ လို့ ပြောလို့ရတယ်" ဟု သမ၀ါယမဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့် က ဩဂုတ်လ ၆ ရက်နေ့တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ ပြောသည်။
ပြည်တွင်းဘဏ်လုပ်ငန်း ငါးခုဖြစ် သော အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ သမ၀ါယမဘဏ်၊ ကမ္ဘောဇဘဏ်နှင့် မြန်မာ့ရှေ့ဆောင် ဘဏ်များသည် ဩဂုတ်လဒုတိယပတ်မှ စတင်ခါ Giro Billing payment System(GBPS) နှင့် Point of sale (debit) စနစ်တို့ကို စတင်ဆောင်ရွက် သွားမည်ဟု အဆိုပါသတင်းစာရှင်းလင်း ပွဲတွင် ဦးဖေမြင့် က ပြောသည်။
" GBPS စနစ်က Online ကနေ ဖုန်း အသုံးပြုခငွေပေးချေတာကို ၀န်ဆောင် မှု ပေးတဲ့စနစ်ပါ။ GBPS အကောင့် တစ်ခုကနေ ဖုန်းလိုင်း ၁၀ လိုင်းအတွက် ငွေပေးသွင်းနိုင်ပါတယ်။ ဖုန်းရုံးမှာ သွားတန်းစီဖို့ မလိုပါဘူး။ ဒီအတွက် ၀န်ဆောင်ခ အနေနဲ့ ဖုန်းတစ်လုံး ကို ကျပ် ၅၀၀ ဘဏ် ကိုပေးသွင်းရပါမယ်။ ဩဂုတ်လ ဒုတိယ ပတ်လောက်မှာ ဖုန်းလိုင်းငွေပေးချေတဲ့စနစ် စတင်ပါမယ်။ ဒီ GBPS ကတ်နဲ့ပဲ နောက်ပိုင်းမှာ မီတာခပေးဆောင်တဲ့ ၀န်ဆောင်မှုတွေကိုပါ တိုးချဲ့ပြီး လုပ်ကိုင်သွားမှာပါ" ဟု သမ၀ါယမဘဏ် လက်ထောက်အထွေထွေမန်နေဂျာ ဦးသိန်းမြင့်က ပြောသည်။
Point of sale (debit) ကတ်စနစ် သည် ဘဏ်တွင် ငွေစာရင်းဖွင့်ကာ ကြိုတင်ငွေဖြည့်ရသောစနစ်ဖြစ်ပြီး အဆိုပါကတ်ကို အသုံးပြု၍ စားသောက် ဆိုင်၊ ဈေးဝယ်စင်တာများ၌ အသုံးပြုပါက စာရင်းတစ်ခုမှ နောက်တစ်ခုသို့ ငွေလွှဲ ပြောင်းပေးသည့်ဝန်ဆောင်မှုအား ဘဏ်မှ ပြုလုပ်ပေးသည့် စနစ်ဖြစ်သည်။
"Point of sale (debit)ကတ် စနစ်ကို အရင်စတင်ဆောင်ရွက်မှာပါ။ ကိုယ့်ငွေစာရင်းထဲက ရှိသလောက် ငွေပမာဏအတိုင်း သုံးခွင့် ရှိမယ်။ အကြွေးဝယ်တဲ့ ကတ် Credit) ကတ်ကိုတော့ ဗဟိုဘဏ် က ခွင့်မပြုသေးဘူး။ ခွင့်ပြုတာနဲ့ စမှာပါ။ အကြွေးဝယ်ကတ်ကျတော့ စာရင်းထဲမှာ ရှိတဲ့ငွေထက် ပိုသုံးနိုင်တယ်။ လစဉ် ၂၁ ရက်နေ့အထိ အကြွေးဝယ်ကတ်နဲ့ သုံးထားပြီး ၂၁ ရက် နေ့ နောက်ဆုံးထားငွေ ဖြည့်ပေးရင် အတိုးတစ်ပြားမှ ဘဏ်ကို ပေးစရာမလိုဘဲနဲ့ သုံးလို့ရတယ်။ ၂၁ ရက် နေ့မှာ ကိုယ်ပိုသုံးလိုက်တဲ့ငွေကို မဖြည့် ပေးနိုင်ရင် တော့ အတိုးပေးရမယ်" ဟု ဦးဖေမြင့်က ပြောသည်။
အဆိုပါ Point of sale (debit) ကတ် စနစ်သည် Myanmar Payment Union (MPU)နှင့် အတူတကွပူးပေါင်း ဆောင်ရွက်ကာ သုံးစွဲရ မည့်စနစ်ဖြစ်ပြီး ငွေစာရင်းတစ်ခုမှ ဘဏ်အားလုံးနှင့် ချိတ်ဆက်အသုံးပြုနိုင်သည့် စနစ်လည်း ဖြစ်သည်ဟု သမ၀ါယမဘဏ်အဖွဲ့မှ ပြောသည်။
နိုင်ငံခြားမှ လာရောက်ကြသူများ အနေဖြင့် ပိုက်ဆံများထည့်လာစရာမလို ဘဲ ဗီဇာကတ်တစ်ခုတည်းကို ယူဆောင်လာပြီး ပြည်တွင်း အေတီအမ်စက်မှ မြန်မာငွေကိုထုတ်ယူနိုင်ရန် စီစဉ်သွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းအားပြီး မြောက်အောင် လုပ်ဆောင်နိုင်ရန် အနည်းဆုံး အချိန်ကိုးလကြာမြင့်မည် ဖြစ်သည်ဟု ဦးဖေမြင့်က ပြောသည်။
"ဂျပန်ကတ်(JCB) နဲ့ တရုတ်ကတ် CUP ကို အရင်သုံးနိုင်အောင်လုပ်မယ်။ဗီဇာကတ်တို့၊ မာစတာကတ်တို့ကတော့ နိုင်ငံတကာ သုံးနေတဲ့ ကတ်တွေဆိုတော့ ဒါတွေကို လုပ်နိုင်ပြီဆို မြန်မာနိုင်ငံသားတွေ ဘယ်သွားသွား ပိုက်ဆံထည့်သွားစရာ မလိုတော့ဘူး။ ကတ်ယူပြီး သွားရုံပဲ။ ထိုင်းရောက်ရင် အဲ့ဒီကတ်နဲ့ ဘဏ်ကနေ ထိုင်းဘတ်ငွေ ထုတ်နိုင်မယ်။ တရုတ်ရောက်ရင် တရုတ်ငွေကြေး ဖြစ်တဲ့ ယွမ်ငွေထုတ်နိုင်မယ်" ဟု ဦးဖေမြင့်က ပြောသည်။
မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ် သမားများငွေလွှဲရာတွင် လုံခြုံစိတ်ချစွာ ငွေလွှဲနိုင်ရန်အတွက် ပြည်တွင်းပုဂ္ဂလိက ဘဏ်များဖြစ်သည့် ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်နှင့် သမ၀ါယမဘဏ် များမှ နိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက် ပြီးငွေလွှဲများကိုစတင်ကာ လုပ်ကိုင်နေ ပြီဖြစ်သော်လည်း ပြည်တွင်းမှ နိုင်ငံခြား သို့ ငွေလွှဲပြောင်းရာတွင် ကန့်သတ်ချက် များရှိနေသည်ဟု သမ၀ါယမဘဏ် အုပ်စုမှ ရှင်းလင်း ပြောကြားခဲ့သည်။
"သွင်းတာတော့ ဘယ်လောက်သွင်း သွင်းရတယ်။ ပို့မယ်ဆိုရင်သာ ကန့်သတ်ချက်ရှိတယ်။ အခုထိတော့ပို့တာ မရှိသေးဘူး။ သွင်းတာ တွေပဲ ရှိသေးတယ်" ဟု သမ၀ါယမဘဏ် နိုင်ငံတကာဘဏ် လုပ်ငန်းဝန်ဆောင်မှုဌာနမှ အထွေထွေ အုပ်ချုပ်ရေးမှူး ဒေါ်သိင်္ဂီနွယ်က မြန်မာတိုင်း(မ်) ကိုပြောသည်။
မြန်မာနိုင်ငံဘဏ်လုပ်ငန်းတွင် အစိုးရဘဏ်သုံးခုနှင့် ပုဂ္ဂလိကဘဏ် ၁၉ ခု လုပ်ကိုင် လျက်ရှိပြီး ပုဂ္ဂလိကဘဏ် ၁၁ ခု မှာ နိုင်ငံတကာ ဘဏ်လုပ်ငန်းများသို့ တိုးမြှင့်ကာ အဆင့်ဆင့်ပြောင်းလဲလုပ် ဆောင်နေပြ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့