Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 3 August 2012

ကိုကိုသာပိုချစ်လာမယ်ဆိုရင် ..


ကိုကို သာပိုချစ်လာမယ်ဆိုရင် ..

မိုးစက်တွေ ဘ၀ကိုပြောင်းပြီး
ကိုကိုရဲ့ ပူပန်မှုတွေကို ငြင်သာစွာ
ဖယ်ရှားပေးခွင့် ရပါရစေ .. ။

နေမင်းကြီး ဘ၀ကိုပြောင်းပြီး
အေးစက်နေတဲ့ ကို့ကို
နွေးထွေးမှုနဲ့ လွှမ်းခြုံပေးထားပါရစေ .. ။

မုန်တိုင်းတစ်ခု အဖြစ်ပြောင်းလဲပြီး
ကိုကိုရဲ့ ၀မ်းနည်းမှုတွေ ၊ နာကျင်ခံစားမှုတွေ
ဒဏ်ရာတွေကို သယ်ဆောင်ယူသွားခွင့် ပြုပေးပါ .. ။

ပြီးရင် လေပြည်လေညှင်းလေး အဖြစ်
ကြင်နာတဲ့ ဂရုစိုက်မှုတွေနဲ့ ကိုကို အနားကို ပြန်လာပြီး
အရမ်းချစ်တယ် လို့ တိုးတိုးလေးပြောပါရစေ .. ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့