Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 August 2012

****ငါနင့်ကိုမချစ်တော.တာနင်.အပြစ်*****


နင်က ငါ့ကိုလွတ်လပ်ခွင့်ပေးလိုက်တာတဲ့
ငါ့နှလုံးသားက ဆုပ်ကိုင်ထားသလိုပဲ
အသက်ရှုတောင်မ၀တော့ဘူး….
နင်စုတ်ဖြဲပစ်လိုက်တဲ့ အချစ်ကို
စက္ကူတစ်စလောက်သာသာ အခွင့်အရေးပေးပါ…
နင့်ဘက်ကတိတ်ဆိတ်သွားတဲ့ အချိန်
ငါအော်ဟစ်နေတာလည်း အသံတိတ်ပါပဲ
'ငါနင့်ကိုမချစ်တော့တာ နင့်အပြစ်'တဲ့
ခပ်ကြမ်းကြမ်းဇာတ်သိမ်းခမ်းမှာ
ကျန်ခဲ့သူ ကမျက်ရည်လေးတော့လည်သင့်တာပေါ့
ဘာကြောင့် ငြိမ်သက်နေရပါလဲ ……
ငိုကြွေးခြင်းတောင့်မေ့ပစ်အောင် လေပြင်းတိုက်နေခဲ့သူကို
လှည့်မပြန်ခင် တစ်ခွန်းပြောချင်တယ်
မုန်တိုင်းတိုက်နေတာဆိုရင်တောင် ငါဆက်ရပ်နေမှာ
တဒိတ်ဒိတ်ရင်ခုန်သံက ခပ်ယဲ့ယဲ့ပြုံးတယ်
နင်ရှုံးတော့မယ်တဲ့ ….
အပြုံးတွေလား အမုန်းတွေလား ဆန္ဒတစ်ချို့လား
ဆုတံဆိပ်က သိပ်မလှပေမဲ့
သတိရတဲ့ အခါထုတ်ထုတ်ကြည့်လို့ ရတာပေါ့လေ…
(ငါရေးနေတာကဗျာပါ
ဒါပေမဲ့ မျက်ရည်ဘာကြောင့်လည်လာရသလဲ..)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့