Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 4 August 2012

စကားလေးသုံးခွန်း


သူငယ်ချင်းတို့ရေ
ယနေ့ခေတ် လူတော်တော်များများဟာ စကားလေးသုံးခွန်းကို အမြဲပြောတတ်ကြပါတယ်။ အဲဒီစကားကိုပြောတဲ့ သူတွေကကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိ တဲ့သူတွေသာဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဒီစကားသုံးခွန်းရဲ့အဓိပ္ပါယ်ကလေးနက်တာကြောင့်သာဖြစ်ပါတယ်။


ဒီစကားလေးသုံးခွန်းကတော့ မလုပ်တတ်ဘူး၊ မဖြစ်နိုင်ဘူး၊ အချိန်မရှိဘူး သာဖြစ်ပါတယ်။ မလုပ်တတ်ဘူးဆိုတာဟာ ပျင်းတဲ့သူတွေ အမြဲပြောတတ်တဲ့ဆင်ခြေတစ်ခုသာ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အလုပ်တစ်ခုကို မလုပ်ကြည့်ရသေးပဲ မလုပ်တတ်ဘူးလို့ ပြောတဲ့သူတွေဟာ ကိုယ့်ကိုယ်ကို ငါဟာအလွန်ပျင်းတဲ့လူပါလို့ ဖော်ပြလိုက် တာနဲ့အတူတူပါပဲ။ ကောင်းတဲ့အလုပ်မှန်သမျှကို လုပ်ကြည့်ပါ။

အလုပ်လုပ်ရင်းနဲ့ အမှားပါတာဟာ ရှက်စရာမဟုတ်ပါဘူး။ မလုပ်ကြည့်ပဲနဲ့ မလုပ်တတ် ဘူးလို့ပြောတဲ့သူတွေကသာ ရှက်စရာပါ။ ဒါကြောင့် ဘယ်သောအခါမှမလုပ်တတ်ဘူးလို့မပြောပါနဲ့ ဘယ်သူမဆိုမွေးကတည်းက တက်လာတာဘာမှာ မရှိဘူး။ သင်ရင်းနဲ့ပြုလုပ်တတ်သွားတာပါ။ ဒါကြောင့် ဘယ်အရာမဆိုမလုပ်တတ်ဘူးလို့မပြောပဲ လုပ်ကြည့်မယ်လို့သာစဉ်းစားကြပါလို့ တိုက်တွန်းချင် ပါတယ်။ ဒုတိယစကားကတော့ မဖြစ်နိုင်ဘူး တဲ့လေ။ လောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာက မသေချင်တာကလွဲလို့ ကျန်တာအားလုံးဟာ ရှိနိုင်မယ် မထင်ပါဘူး။ မဖြစ်သေးတာပဲရှိတာပါ မဖြစ်နိုင်ဘူးဆိုတာဟာ ဘယ်တော့အခါမှ ရှိလာမှာမဟုတ်ပါဘူး။ ဘယ်အရာကိုပဲလုပ်လုပ် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့

ယုံကြည်ချက်သာအပြည့်အ၀ရှိလျှင် ပြုလုပ်သမျှတိုင်းဟာ အောင်မြင်နိုင်ပါလိမ့်မယ်။ နောက်ဆုံးစကားလေးကတော့ အချိန်မရှိဘူး သာဖြစ်ပါတယ်။ ဒီစကားကတော့ ပိုပြီးလေးနက်မယ်လို့ ယုံကြည်ပါတယ်။ အချိန်ဟာတန်ဖိုးရှိစွာ အသုံးချသင့်သောအရာတစ်ခုသာ ဖြစ်ပါတယ်။ အချိန်နှင့် ဒီရေသည် လူကိုမစောင့်ဆိုတဲ့ဆိုရိုးစကားအတိုင်း အချိန်ကတော့တစ်ရွေ့ရွေ့ကုန်ဆုံးနေမှာပဲလေ။ ဒါပေမဲ့အချိန်က လူကိုမစောင့်တာမဟုတ်ပါဘူး။ လူတွေကသာ အချိန်ကိုထိုင်စောင့်နေကြတာပါ။

အချိန်မရှိဘူးလို့ ပြောနေတဲ့သူတွေအတွက်တော့ အရမ်းကိုနှမြောတသ ဖြစ်မိပါတယ်။ ဘာကိုမှသေချာစွာမလုပ်ချင် တဲ့သူတွေကတော့ အချိန်မရှိဘူးလို့ပြောနေမှာပါပဲလေ။ ကြိုးစားပြီးအလုပ်လုပ်နေတဲ့ သူတွေအတွက်တော့အချိန်ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာ တစ်ပါးသာဖြစ်ပါတယ်။ ဒါကြောင့် အချိန်မရှိဘူးလို့ မပြောနေပဲရရှိသော အချိန်တိုင်းမှာ တန်ဖိုးရှိသောအရာတွေကို ပြုလုပ်ရင်းဘ၀မှာ အောင်မြင်မှုတွေ ရရှိနိုင်ကြစေလို့တောင်းဆုပြုရင်း........

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့