Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 24 August 2012

ဆောင်းညအလွမ်း


နှင်းမှုန်တွေပက်ဖျန်းတဲ့
ရွာအ၀င်ကုက္ကိုတန်းမှာ
နောက်ဆုံးနုတ်ဆက်စဉ်က
ကြွေကျလုမျက်ရည်
ဖြေမဆည်အလွမ်းတွေနှင့်
တို့နှစ်ယောက်ရဲ့ဇာတ်လမ်း
မခမ်းနားဘူးဆိုတာသိလည်း
နောင်တစ်ချိန်ပြန်ဆုံဖို့အရေး
ကတိလေးတော့ပေးခဲ့ပါ
ငါ့ရင်ကိုဖြိုခွင်းမဲ့မြားတစ်စင်း
မင်းပစ်သွင်းခဲ့တယ်။
နေ့နေ့ညညမေ့မရတဲ့အခါတိုင်း
ငါရေးနေကျကဗျာတွေက
အလွမ်းဝါကျတွေချည်းပါပဲ
ကံကြမ္မာရဲ့လှည့်ကွက်အောက်
ဒူးထောက်ခဲ့ရပေမယ့်
ရူးသွပ်စွာ စွဲလန်းခဲ့ရမင်းကို
တစ်သက်တာထာဝရထိ
ချစ်မြဲချစ်နေခဲ့တယ်ဆိုတာ
နင်မသိလည်း
နှင်းမှုန်ဖွေးဖွေးကြားက
ကြယ်ကလေးတွေသိပါတယ်။   ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့