Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 15 August 2012

......လေလှိုင်းထဲကတိတ်တခိုးအချစ်........


အဝေးဆုံးမှာ ရှိနေပေမယ့်လည်း
နှလုံးသားတစ်စုံကတော့ အနီးဆုံးမှာ
တဖါဝါးမှမခွာတဲ့ အရိပ်လိုလိုက်ရင်း
ချစ်တဲ့စိတ်ကိုတော့ ဖုံးကွယ်ထားပါရစေ…

မညီညာတဲ့ ကာရံတွေနဲ
ကဗျာတွေကို ရေးစပ်နေတဲ့
အချစ်ငတ်တဲ့ ငါ့အတွက်တော့
ခံစားချက်တွေက ခါးသီးလွန်းတယ်…

ကံတရားများရဲ့ အောက်မှာ
တိတ်ဆိတ်ခြင်းတွေကို ခုံမင်တယ်
ဆုံနိုင်ခြင်းမရှိတဲ့ ငါ့တို့ဘ၀ကတော့
လေလိုင်းထဲမှာ အခမ်းနားဆုံးပေါ့…

နှုတ်ခမ်းဖျားက စကားလုံးတွေက
ငါ့နှလုံးသားကို ရူးသွပ်စေတယ်
ပုံရိပ်တွေထဲက အပြုံးတွေကတော့
ငါ့နှလုံးသားကို မူးယစ်စေတယ်
သူဟာ ဘယ်လိုလူလဲ…

ဒီကမ္ဘာမှာ သူဟာအလှဆုံး
ဖြစ်ချင်မှ ဖြစ်မှာပါ…
ဒါပေမယ့်
ကျနော့် မျက်လုံးမှာတော့
ပြောစရာမရှိအောင် လှတဲ့
နတ်သမီးလေးလိုပါပဲ…

ပုံပြင်တစ်ပုဒ် မဟုတ်ခဲ့လဲ
အခုတော့ ပုံပြင်တစ်ပုဒ်လိုပဲ
ဖူးစာဆိုတာ ဦးရာလူတဲ့
ကျနော် ဘာတတ်နိုင်ဦးမှာလဲ…
 
ဘယ်တော့ ရပ်သွားမလဲမသိတဲ့
ဒီလိုတခန်းရပ်ပြဇာတ်မှာ
အလွမ်းတွေအထပ်ထပ်နဲ့ပါ
အရောင်အဆင်း ကင်းတဲ့
အဖြူရောင် ချစ်ခြင်းတွေကတော
ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတာ
ငါ့ဘ၀နဲ့ လောင်းကြေးထပ်ရဲပါတယ်…လေလှိုင်းထဲကတိတ်တခိုး ခိုးချစ်၇တဲ့ချစ်သူလေး၇ယ်.........

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့