Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 17 August 2012

လွှတ်တော်ကိုယ်စားလှယ်က အုပ်ချုပ်ရေးပိုင်းတွင် ၀င်ရောက် စွက်ဖက်နေဟု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်ထံစာပို့

ကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး
အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) လွှတ်တော် ကိုယ်စားလှယ် တစ်ဦးသည် အုပ်ချုပ်ရေး ကိစ္စရပ်များတွင် ၀င်ရောက်စွက် ဖက် ဆောင်ရွက် နေသဖြင့် ဥပဒေနှင့်အညီ စိစစ်ကြပ်မတ် ပေးပါရန်ဟုဆိုကာ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်က ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌထံသို့ ဇူလိုင်လ ၂၄ ရက်နေ့စွဲ ဖြင့် စာပေးပို့ခဲ့သည်ဟု သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဇူလိုင်လ ၁၂ ရက် ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့စာတင်ပြလာပြီးနောက် ကော်မရှင်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ ဆက်လက် ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းသည် ဇွန်လ ၁၅ ရက်က မအူပင်မြို့နယ်၊ ဌာန ဆိုင်ရာအကြီးအကဲများကို ဖိတ်ကြား၍ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့များ အား အုပ်ချုပ်ရေးဆိုင်ရာကိစ္စများသည် အစိုးရတာဝန်သာဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်များက ဖိတ်ကြားပါက သွားရောက်ရန် မလိုဘဲ လွှတ်တော်အတွေ့ အကြုံရှင်းလင်းခြင်း၊ လွှတ်တော်ဆိုင်ရာ နှင့် ဥပဒေပိုင်းဆိုင်ရာ ရှင်းလင်းခြင်းကိစ္စများ ဖိတ်ကြားပါက တက်ရောက်နိုင်သည်ဟု ခရိုင်၊ မြို့နယ်များကို အကြောင်း ကြားထားသည်ဟု တိုင်းဒေသကြီး အစိုးရက ရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

"ကျွန်တော် မြို့နယ်က ဌာနဆိုင်ရာ တွေနဲ့တွေ့တယ်ဆိုတာ ဒေသဖွံ့ဖြိုးရေး အတွက် တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ ဖြစ်ပါတယ်" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ယခုလ ၁၃ ရက်တွင် မြန်မာတိုင်း(မ်)ကို ဖြေကြားသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တစ်ဦးအနေဖြင့် ပြည်သူလူထုက ၎င်းထံ အားကိုးစွာဖြင့် တိုင်ကြားထားသည့် မြေယာအမှု၊ အင်းလေလံအမှု၊ တရားစီရင်ရေးနှင့်ဆိုင်သော ကိစ္စများ၊ လူမှုရေးကိစ္စများ၊ ပညာရေးကိစ္စများ စသည့် စုစုပေါင်း ကိစ္စ ၁၂၄ မှုအနက် ၁၄ မှုအား ဖြေရှင်းပြီးဖြစ်၍ ကျန်အမှု ၁၁၀ အား ဌာနဆိုင်ရာများနှင့် ညှိနှိုင်း ဆွေးနွေး အဖြေရှာရန်သာဖြစ်သည်ဟု ၎င်းကပြော သည်။

ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ များ အခန်း (၄)တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်များတွင် နိုင်ငံသား များ၏ မူလအခွင့်အရေးများ ရရှိခံစားနိုင် ရေးကို ရှေးရှုဆောင်ရွက်ခြင်းဟု ပြဋ္ဌာန်း ထားသည်ဟု ၎င်းက ပြောသည်။

"လယ်ယာမြေဆုံးရှုံးတာတွေက နိုင်ငံ သားတွေရဲ့ မူလအခွင့်အရေးဆုံးရှုံးတာ ဖြစ်လို့ ကာကွယ်ပေးဖို့တာဝန်ရှိပါတယ်" ဟု ၎င်းက ပြောသည်။ လွှတ်တော်တွင် တင်ပြဆွေးနွေးသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်း ထားသော အဖွဲ့အစည်းများနှင့် ယင်းတို့ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ၊ သို့မဟုတ် ပုဂ္ဂိုလ်များ၏ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဖြစ်စေ မေးမြန်း ခြင်းနှင့် ဆွေးနွေးခြင်းဟူ၍ လုပ်ပိုင်ခွင့် များကို ပြဋ္ဌာန်းထားသည်ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ကိုယ်စားပြုမဲဆန္ဒနယ်၌ ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းတိုင်ပင် ခြင်းသည် ကောင်း မွန်သောလုပ်ရပ်ဟု ယူဆကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာ သုံးရပ်ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲ ရန်နှင့် အချင်းချင်း အပြန်အလှန် ထိန်း ကျောင်းခြင်းပြုရန် လမ်းညွှန်ထားသဖြင့် လွှတ်တော်ကိုယ်စားလှယ်၏ လွှတ်တော် ဆိုင်ရာ ဆောင်ရွက်ချက်များသည် အုပ်ချုပ်ရေးအာဏာပိုင်များ၏ အုပ်ချုပ်ရေးအာဏာကို စွက်ဖက်သည့်သဘောမျိုး ပုံစံမဖြစ်စေရန် သတိချပ် ရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ပြည်သူ့လွှတ်တော်သို့ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

ဒေသဖွံ့ဖြိုးရေးအတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လိုပါကလည်း ဦးဆောင်၍ အစည်းအဝေးခေါ်ယူခြင်း မပြုဘဲ အုပ်ချုပ်ရေး အဖွဲ့အစည်းများက ဦးဆောင်ကျင်းပသည့် အစည်းအဝေးများတွင် ၎င်း၏ အမြင်သဘောထားများနှင့်လွှတ်တော် ကိုယ်စားလှယ်၏ တာဝန်များကို တင်ပြ ဆွေးနွေးအဖြေရှာခြင်းက ပိုမိုသင့်လျော် မှန်ကန်မည်ဟု ယူဆမိပါသည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်၏စာတွင် ဖော်ပြထားသည်။

လွှတ်တော်ကိုယ်စားလှယ်အသီးသီး ၏ ကျင့်ဝတ်နှင့် တာဝန်၊ လုပ်ပိုင်ခွင့်များကို သတ်မှတ်ဆောင်ရွက်ပေးရသည့် သက်ဆိုင်ရာ ပြည်သူ့လွှတ်တော်မှ ဥပဒေ နှင့်အညီ လိုအပ်သလို ညွှန်ကြားဆောင် ရွက်ပေးနိုင်ပါရန် ဧရာဝတီတိုင်းဒေသကြီးမှ တင်ပြသည့် တင်ပြ စာများအား လွှဲပြောင်းပေးပို့ပါသည်ဟု ကော်မရှင်က ပေးပို့သည့်စာတွင် ဆက်လက်ရေးသား ထားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့