Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 4 August 2012

မိုး



မိုး.....................
အပြင်မှာ ရွာနေတဲ့မိုးက
အချိန်တန်ရင် တိတ်သွားမှာပါ့
ရင်ထဲမှာရွာနေတဲ့ မိုးကတော့
သည်းလို့ ကောင်းနေတုန်း.့
ရာသီစက်ဝန်းထဲမှာ
တနှစ်မှာ ဘယ်နှစ်ရာသီ ရှိလဲဆိုတာ
မစဉ်းစား ချင်တော့ဘူ့း့
ရင်ထဲ မှာတော့ မုတ်သုန်မိုးတွေ
၁၂ရာသီလုံး သည်းနေတော့တာပဲ.့
သူမရဲ့ အပြစ်ကင်းတဲ့ရယ်သံတွေက
မိုးစက်တွေပေါ်တွဲလွဲခိုလို့ 
ရင်ခွင်ပြတင်းပေါက်ကို
လာလာခေါက်တယ်.့
အကြင်နာငွေ့ ရည်ဖွဲ့  ရွာသွန်းတဲ့ မိုးစက်တွေနဲ.့ အတူ
သူမရဲ.့ မျက်ဝန်းတစ်စုံက.
အိမ်မက်တံခါးကို
လာလာခေါက်တဲ့
တိမ်တွေပေါ် သူမညင်သာစွာ
ခြေလှမ်းတလှမ်း. လှမ်းတိုင်း
ထစ်ချုန်းမိုးတွေက
ကျွန်တော့် နှလုံးသား မိုးခေါင်လွင်ပြင်ကြီးတခုလုံး
ပွက်ပွက်ကို ညံလို့  ။. ။. ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့