***ချစ်သူရေ***

နင့်နှလုံးသားထဲမှာ သူ့ကိုချစ်နေတယ်ဆိုတာ
ကျေးဇူးပြုပြီး ငါ့ကိုပေးမသိပါနဲ့...
ငါ့နှလုံးသားက နင့်အချစ်မရရင်
ကွဲကြေပျက်စီးနိုင်တယ်ဆိုတာလေး နငိသတိရပေးပါ..
နင်သူ့ကို ငါ့ထက်ပိုဂရုစိုက်တယ်ဆိုတာ
ကျေးဇူးပြုပြီး ငါ မကြုံပါရစေနဲ့...
ငါ့ဘ၀မှာ နင်အရိပ်မရရင်
ခြောက်သွေ့နိုင်တယ်ဆိုတာလေး သတိရပေးပါ…
တစ်ကယ်လို့များ
ငါ့ထက်ချစ်ရမဲ့ ဒုတိယအချစ်
ပြိုင်တူအချစ်တွေ ကြုံခဲ့ရရင်………..များ ချစ်သူရယ်
နင်ပြောလိုက်ပါ ငါ့တစ်ယောက်တည်းချစ်တာလို့
ကျေးဇူးပြုပြီး ညာပြောပါလားချစ်သူ...
*ငါက နင့်စိတ်နဲ့အသက်ရှင်နေရတယ်ဆိုတာလေး နင်သတိရပေးပါ*
No comments:
Post a Comment