Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 25 August 2012

သတင်းတိုများ


ရန်ကုန်မြို့တွင်းတွင် အမှိုက်ကန် အသစ်များ စတင် ဆောက်လုပ်

ရန်ကုန် မြို့တွင်းမှာ နေထိုင်တဲ့ ပြည်သူများ အမှိုက်များကို စနစ်တကျ စွန့်ပစ် နိုင်စေဖို့ ရည်ရွယ်ပြီး အမှိုက်ကန် အသစ်တွေကို ထပ်မံ ဆောက်လုပ်
လျက်ရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို အမှိုက်ကန်များ ဆောက်လုပ်မှုကို ယခုလ လဆန်းပိုင်းက စတင် ဆောက်လုပ် ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို အမှိုက်ကန် အသစ်များ ဆောက်လုပ် ရာမှာ ရန်ကုန် အရှေ့ပိုင်း ခရိုင်မှာ ၅၆ ကန်၊ ရန်ကုန် အနောက်ပိုင်း ခရိုင်မှာ ၂ ကန်၊ ရန်ကုန် တောင်ပိုင်း ခရိုင်မှာ ၈ ကန်၊ ရန်ကုန်မြောက်ပိုင်း ခရိုင်မှာ ၁၃ ကန် စုစုပေါင်း ၇၉ ကန် ထပ်မံ တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ လှိုင်သာယာ၊ ဗဟန်း၊ စမ်းချောင်း၊ ဒဂုံဆိပ်ကမ်း အစရှိတဲ့ မြို့နယ် တွေမှာ ဆောက်လုပ် လျက်ရှိတာ ဖြစ်ပြီး အမှိုက်ကန် ၁၅ ကန် ဆောက်လုပ် ပြီးစီးပြီ ဖြစ်တယ်လို့ သိရပါတယ်။

အသစ် တည်ဆောက်မယ့် အမှိုက်ကန် တွေရဲ့ အကျယ်အ၀န်းဟာ အလျား ၁၀ ပေ၊ အနံ ၇ ပေ၊ အမြင့် ၅ ပေရှိပြီး အဲ့ဒီ အမှိုက်ကန်များ ကိုတော့ ယခုဘဏ္ဍာနှစ် အတွင်းမှာ အပြီး ဆောက်လုပ် သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့နေ ပြည်သူများ စွန့်ပစ်တဲ့ အမှိုက်စွန့်ပစ်မှုမှာ လက်ရှိမှာ တစ်နေ့ကို တန်ချိန် တစ်ထောင့် ခုနှစ်ရာ နီးပါး စွန့်ပစ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
 

မြန်မာနိုင်ငံ သဘင် ပညာရှင်များ အစည်းအရုံး ဗဟိုကို နိုဝင်ဘာလတွင် ပြန်လည် ဖွဲ့စည်းမည်

မြန်မာနိုင်ငံ သဘင် ပညာရှင်များ အစည်းအရုံး ဗဟိုမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ မြန်မာနိုင်ငံ သဘင် ပညာရှင်များ အစည်းအရုံး ဗဟိုရဲ့
အလုပ် အမှုဆောင် ပြန်လည် ရွေးချယ် ဖွဲ့စည်းမှုကို လာမယ့် နိုဝင်ဘာလ ထဲမှာ ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပြန်လည် ရွေးချယ် ရခြင်းဟာ လက်ရှိ ကျင့်သုံးနေတဲ့ စနစ်များအရ လည်းကောင်း၊ သဘင် အစည်းအရုံးရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းများနဲ့ သဘင်လောက သားများရဲ့ ဆန္ဒအရ လည်းကောင်း၊ မြန်မာနိုင်ငံ သဘင် အစည်းအရုံးကို ပြန်လည် ဖွဲ့စည်းဖို့ လိုအပ်လာ တာကြောင့် အခုလို အလုပ်အမှုဆောင် ပြန်လည် ရွေးချယ်မှုကို ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။

ဒီလို ရွေးချယ်ရာ မှာတော့ သဘင်လောက သားများ ကိုယ်တိုင် ဒီမိုကရေစီ စနစ်နှင့်အညီ လွတ်လပ်စွာ ရွေးချယ် ဆောင်ရွက် သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ယခု လက်ရှိ မှာတော့ အလုပ်အမှုဆောင် ပြန်လည် ရွေးချယ်ဖို့ အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးရှိ မြို့နယ် များမှာပါ အစည်းအရုံး မြို့နယ် အလိုက် ရွေးချယ်မှုတွေနဲ့ အစည်းအဝေး၊ ဆွေးနွေး အကြံပြုမှုတွေ လုပ်ဆောင် လျက်ရှိနေ ပါတယ်။ လက်ရှိ မှာတော့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတ အစည်းအရုံးနဲ့ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့များကို ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။



အခမဲ့ မသင်မနေရ မူလတန်း ပညာရေး စနစ် အပါအ၀င် အခြေခံပညာ ကဏ္ဍ အတွက် အကြောင်းအရာ ၁၄ ချက်ကို အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ် ဆွေးနွေး

ပညာရေး ၀န်ကြီးဌာန၊ အမှတ် ၁ အခြေခံပညာ ဦးစီးဌာနနဲ့ အမှတ် ၃ အခြေခံပညာ ဦးစီး ဌာနတို့က ပူးပေါင်းပြီး အခြေခံပညာ ကဏ္ဍ အတွက် ဒေသန္တရ
အဆင့် ပညာရေး ဆွေးနွေးပွဲမှာ အခမဲ့မသင် မနေရ မူလတန်း ပညာရေး စနစ် အပါအ၀င် အခြေခံပညာ ကဏ္ဍ တိုးတက်ရေး အတွက် လိုအပ်တဲ့ အကြောင်းအရာ ၁၄ မျိုးအပေါ် မူတည် ဆွေးနွေးတဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို စမ်းချောင်း မြို့နယ်၊ အမှတ် ၂ အခြေခံပညာ အထက်တန်း ကျောင်းမှာ သြဂုတ်လ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့ အထိ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။

ဒီလို ဆွေးနွေးရာမှာ အခမဲ့မသင် မနေရ မူလတန်း ပညာရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည် ဖော်ရေး၊ အခြေခံပညာ သင်ရိုး ညွှန်းတမ်းနဲ့ သင်ရိုး မာတိကာ များကို နိုင်ငံတကာ အဆင့်မီ မြှင့်တင် ဆောင်ရွက်ရေးနဲ့ လိုက်လျော ညီထွေတဲ့ ပညာရေး စစ်ဆေး တိုင်းတာမှု စနစ် ပေါ်ထွန်းရေး၊ ကလေးဗဟိုပြု ပညာရေး စနစ် ထွန်းကား လာရေး စတဲ့ အချက်တွေကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပညာရေး ၀န်ဆောင်မှု လုပ်ငန်းများမှာ ပုဂ္ဂလိကမှ ပါဝင် ဆောင်ရွက်နိုင်ရေး၊ အခြေခံပညာသင်ဆုနဲ့ ပညာသင် ထောက်ပံ့ရေး အစီအစဉ် များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးနဲ့ အရည်အသွေးမီ ဆရာ၊ ဆရာမများနဲ့ အရည်အသွေးမီတဲ့ ကိုယ်ပိုင် ကျောင်းများ ဖွင့်လှစ် နိုင်ရေး အတွက် စနစ်တကျ ကြီးကြပ်ရေး စတဲ့ အချက်တွေ အပါအ၀င် အချက် ၁၄ ချက်ပေါ် မူတည်ကာ ပြည်တွင်း ပညာရှင်များမှ အုပ်စု ၃ စုဖွဲ့ပြီး ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။

ဒီလို ကျင်းပတဲ့ ဒေသန္တရ အဆင့် ပညာရေး ဆွေးနွေးပွဲမှ ရရှိလာတဲ့ အချက်အလက် များကို စာတမ်း ပြုစုပြီး လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့ ကနေ ၁၉ ရက်နေ့ အထိ နေပြည်တော်မှာ ကျင်းပ ပြုလုပ်မယ့် အမျိုးသား အဆင့် ပညာရေး ဆွေးနွေးပွဲမှာ တင်ပြသွားမှာ ဖြစ်ပါတယ်။ ယခုလို ကျင်းပတဲ့ ဒေသန္တရ အလုပ်ရုံ ဆွေးနွေးပွဲများကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့  ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပဲခူးတိုင်း ဒေသကြီးတွင် လယ်ဧက ၂ သိန်းနီးပါး ရေလွှမ်းမိုးမှု ခံရ

ပဲခူးတိုင်း ဒေသကြီးရှိ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သြဂုတ်လ ၂၂ ရက်နေ့ အထိ
ပဲခူးတိုင်း ဒေသကြီး အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ မြစ်ရေလျှံခြင်း တို့ကြောင့် ရေလွှမ်းမိုးမှု ခံရတဲ့ လယ်ဧကပေါင်း နှစ်သိန်း နီးပါး ရေလွှမ်းမိုးခံ တယ်လို့ သိရပါတယ်။ အဆိုပါ ရေလွှမ်းမိုး ခံရမှုမှာ ရေကျပြီး ပြန်ပေါ်လာတဲ့ လယ်ဧကမှာ တစ်သိန်း ငါးသောင်း ခုနှစ်ထောင် ကျော်ရှိပြီး ရေလွှမ်းဆဲ လယ်ဧကမှာ သုံးသောင်း လေးထောင်ကျော် ရှိပါတယ်။

ဒါ့အပြင် အနည်းငယ် ပျက်စီးခဲ့ရတဲ့ လယ်ဧကမှာ လေးသောင်း နှစ်ထောင် ကျော်ရှိပြီး ပျက်စီး ဆုံးရှုံး သွားတဲ့ လယ်ဧကမှာ တစ်သောင်း ခြောက်ရာ ကျော်ရှိနေတာ ဖြစ်ပါတယ်။ ပဲခူးတိုင်း ဒေသကြီး အတွင်း အရှေ့ပိုင်း ခရိုင်မှာ မြို့နယ် ၁၄ မြို့နယ်နဲ့ အနောက်ပိုင်း ခရိုင် မှာလည်း ၁၄ မြို့နယ်ရှိကာ အရှေ့ပိုင်းခရိုင် အတွင်းရှိ ၁၄ မြို့နယ်စလုံး ရေလွှမ်းမိုးမှု ခံရပြီး အနောက်ပိုင်း ခရိုင် မှာတော့ ရွှေတောင် မြို့နယ်နဲ့ သာယာဝတီ မြို့နယ် ၂ မြို့နယ်သာ ရေလွှမ်းမိုးခံခဲ့ ရတာ ဖြစ်ပါတယ်။ ယခု ရေလွှမ်းမိုးခြင်း ခံရမှု မှာတော့ ပဲခူးတိုင်း ဒေသကြီး အရှေ့ပိုင်း ခရိုင်နဲ့ အနောက်ပိုင်း ခရိုင် နှစ်ခုမှာ အရှေ့ပိုင်း ခရိုင်မှာ ရေလွှမ်းမိုး ခံရမှု အများဆုံး ဖြစ်ပါတယ်။

အဆိုပါ ရေလွှမ်းမိုးမှု ခံရတဲ့ တောင်သူ လယ်သမားများကို သြဂုတ်လ ၂၃ ရက်နေ့ အထိ ရွှေကျင် မြို့နယ်မှာ ကယ်ဆယ်ရေး စခန်း ၁၅ ခု ဖွင့်လှစ်ကာ လူဦးရေ တစ်သောင်း တစ်ထောင်ကျော်နဲ့ က၀မြို့နယ် အတွင်းမှာ ကယ်ဆယ်ရေး စခန်း ၁၅ ခု ဖွင့်လှစ်ပြီး လူဦးရေ လေးထောင် နီးပါး အတွက် လိုအပ်တဲ့ စားသောက် နေထိုင်မှုတွေကို ပြုလုပ်ပေး ထားတယ်လို့ ပဲခူးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးမှ တာဝန်ရှိ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒါ့အပြင် စေတနာရှင် များက လာရောက် လှူဒါန်းတဲ့ ဆန်၊ ဆီ၊ စား၊ ပဲ အစရှိတာတွေ အပြင် အဓိက ကျတဲ့ မျိုးစပါးများ ကိုလည်း အစိုးရ အဖွဲ့နဲ့ ပူးပေါင်းပြီး ကူညီ ထောက်ပံ့မှုတွေ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်း ပို့ဆောင်ရေး လုပ်ငန်း လိုအပ်မှု အတွက် လေ့လာ ဆွေးနွေးမှုကို ဂျပန်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ပြုလုပ်မည်

မြန်မာနိုင်ငံရဲ့ ပို့ဆောင်ရေး ကဏ္ဍမှာ အဆင့်မြင့် နည်းပညာများကို အသုံးချ နိုင်ရေး အတွက် ဂျပန်နိုင်ငံမှ ကူညီ ဆောင်ရွက် ပေးလျက်ရှိပြီး ဒီလို ကူညီ
ပေးရာမှာ ပိုမို ထိရောက်စွာ ဆောင်ရွက် ပေးနိုင်ဖို့ အတွက် ပြည်တွင်း ပို့ဆောင်ရေ လုပ်ငန်း လိုအပ်မှုနဲ့ ပတ်သက်တဲ့ နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးမှုကို ယနေ့ သြဂုတ်လ ၂၄ ရက်နေ့က ချက်ထရီယံ ဟိုတယ်မှာ ပြုလုပ်ခဲ့ ပါတယ်။

အဲ့ဒီလို ဆွေးနွေး ကြရာမှာ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်း လမ်းနဲ့ ပို့ဆောင်မှု လွယ်ကူ ချောမွေ့စေရေး လုပ်ငန်းများမှာ ထောက်ပံ့ ပို့ဆောင်ရေး၊ ဘေးကင်း လုံခြုံရေး၊ ပတ်ဝန်းကျင် ရေးရာနဲ့ အခြေခံ အဆောက်အအုံ ပိုင်းဆိုင်ရာ အပါအ၀င် ပို့ဆောင်ရေး ကဏ္ဍရဲ့ ပင်မ မဏ္ဍိုင်ကြီး လေးရပ်ကို ဂျပန်နိုင်ငံ အနေနဲ့  အာဆီယံ နိုင်ငံ အပါအ၀င် မြန်မာနိုင်ငံ ကိုလည်း ကူညီ ဆောင်ရွက် ပေးနိုင်ဖို့ အတွက် လေ့လာ ဆွေးနွေးတာ ဖြစ်ပါတယ်။ ဒီလို လေ့လာ ဆွေးနွေးမှုမှာ ဂျပန်နိုင်ငံ အနေနဲ့ ပြည်တွင်းရဲ့ ပို့ဆောင်ရေး လုပ်ငန်းမှာ အဆင့်မြင့် နည်းပညာများ အသုံးချနိုင်ရေး အတွက် ကိုလည်း ပို့ဆောင်ရေး ၀န်ကြီးဌာနနဲ့ ဂျပန်နိုင်ငံ ကုန်းလမ်း အခြေခံ အဆောက်အအုံ၊ ပို့ဆောင်ရေးနဲ့ ခရီးသွားလာရေး ဆိုင်ရာ ၀န်ကြီး ဌာနတို့ ဆွေးနွေး ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် အနာဂတ် ပို့ဆောင်ရေး အစီအမံများ ချမှတ်ပြီး ၂ နိုင်ငံ ရေရှည် ပူးပေါင်း ဆောင်ရွက်ရေး အတွက် ပေါင်းစည်း ညီညွတ်တဲ့ ပို့ဆောင်မှု စနစ် ဖြစ်ထွန်းရေး၊ ဘေးအန္တရာယ် ကင်းရှင်းစွာ ပို့ဆောင်နိုင်ရေးနဲ့ ပို့ဆောင်ရေး ကဏ္ဍကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ တာဝန် ရှိသူများနဲ့ ပုဂ္ဂလိက အဖွဲ့အစည်း များမှ ဆွေးနွေးတာ ဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေးပွဲ မှာတော့ ပို့ဆောင်ရေး ၀န်ကြီး ဌာနမှ ပြည်ထောင်စု ၀န်ကြီးနဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်များ အပါအ၀င် စုစုပေါင်း ကိုယ်စားလှယ် ၁၇၀ ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။

အခမဲ့ မသင်မနေရ မူလတန်း ပညာရေး စနစ် အပါအ၀င် အခြေခံပညာ ကဏ္ဍ အတွက် အကြောင်းအရာ ၁၄ ချက်ကို အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ် ဆွေးနွေး

ပညာရေး ၀န်ကြီးဌာန၊ အမှတ် ၁ အခြေခံပညာ ဦးစီးဌာနနဲ့ အမှတ် ၃ အခြေခံပညာ ဦးစီး ဌာနတို့က ပူးပေါင်းပြီး အခြေခံပညာ ကဏ္ဍ အတွက် ဒေသန္တရ
အဆင့် ပညာရေး ဆွေးနွေးပွဲမှာ အခမဲ့မသင် မနေရ မူလတန်း ပညာရေး စနစ် အပါအ၀င် အခြေခံပညာ ကဏ္ဍ တိုးတက်ရေး အတွက် လိုအပ်တဲ့ အကြောင်းအရာ ၁၄ မျိုးအပေါ် မူတည် ဆွေးနွေးတဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို စမ်းချောင်း မြို့နယ်၊ အမှတ် ၂ အခြေခံပညာ အထက်တန်း ကျောင်းမှာ သြဂုတ်လ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့ အထိ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။

ဒီလို ဆွေးနွေးရာမှာ အခမဲ့မသင် မနေရ မူလတန်း ပညာရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည် ဖော်ရေး၊ အခြေခံပညာ သင်ရိုး ညွှန်းတမ်းနဲ့ သင်ရိုး မာတိကာ များကို နိုင်ငံတကာ အဆင့်မီ မြှင့်တင် ဆောင်ရွက်ရေးနဲ့ လိုက်လျော ညီထွေတဲ့ ပညာရေး စစ်ဆေး တိုင်းတာမှု စနစ် ပေါ်ထွန်းရေး၊ ကလေးဗဟိုပြု ပညာရေး စနစ် ထွန်းကား လာရေး စတဲ့ အချက်တွေကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပညာရေး ၀န်ဆောင်မှု လုပ်ငန်းများမှာ ပုဂ္ဂလိကမှ ပါဝင် ဆောင်ရွက်နိုင်ရေး၊ အခြေခံပညာသင်ဆုနဲ့ ပညာသင် ထောက်ပံ့ရေး အစီအစဉ် များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးနဲ့ အရည်အသွေးမီ ဆရာ၊ ဆရာမများနဲ့ အရည်အသွေးမီတဲ့ ကိုယ်ပိုင် ကျောင်းများ ဖွင့်လှစ် နိုင်ရေး အတွက် စနစ်တကျ ကြီးကြပ်ရေး စတဲ့ အချက်တွေ အပါအ၀င် အချက် ၁၄ ချက်ပေါ် မူတည်ကာ ပြည်တွင်း ပညာရှင်များမှ အုပ်စု ၃ စုဖွဲ့ပြီး ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။

ဒီလို ကျင်းပတဲ့ ဒေသန္တရ အဆင့် ပညာရေး ဆွေးနွေးပွဲမှ ရရှိလာတဲ့ အချက်အလက် များကို စာတမ်း ပြုစုပြီး လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့ ကနေ ၁၉ ရက်နေ့ အထိ နေပြည်တော်မှာ ကျင်းပ ပြုလုပ်မယ့် အမျိုးသား အဆင့် ပညာရေး ဆွေးနွေးပွဲမှာ တင်ပြသွားမှာ ဖြစ်ပါတယ်။ ယခုလို ကျင်းပတဲ့ ဒေသန္တရ အလုပ်ရုံ ဆွေးနွေးပွဲများကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့  ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


စီးပွားရေး တွေ့ဆုံမှု သာမက ပြပွဲများမှာပါ အကျိုးတူ ပူးပေါင်းဖို့ မြန်မာ-အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံကြမည်

အိန္ဒိယနိုင်ငံ အရှေ့မြောက် မီဇိုရမ် ပြည်နယ်နဲ့ ကာလကတ္တားမြို့ရှိ အိန္ဒိယ ကုန်သည်ကြီးများ ဦးဆောင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ၁၂ ဦး ပါဝင်တဲ့
ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာ စီးပွားရေး လုပ်ငန်းရှင်များနဲ့ စီးပွားရေး ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းများ အကျိုးတူ ပူးပေါင်းဖို့ အတွက် လာမယ့် သြဂုတ်လ ၃၀ ရက်နေ့မှာ UMFCCI မှာ တွေ့ဆုံကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆွေးနွေးရာမှာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှု အပြင်  လာမယ့် စက်တင်ဘာလ ၄ ရက်နေ့နဲ့ ၅ ရက်နေ့မှာ UMFCCI မှာ နှစ်ရက်ကြာ ပြုလုပ်မယ့် အိန္ဒိယ ထုတ်ကုန် ပြပွဲ အတွက်ပါ ဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

အဲ့ဒီပြပွဲ ကိုတော့ အိန္ဒိယ သမ္မတ နိုင်ငံသို့ ပို့ကုန် လုပ်ငန်း အဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံ မှာရှိတဲ့ အိန်္ဒိယ သံရုံးနဲ့ ပူးပေါင်းပြီး ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ လုပ်ငန်းရှင်များ အနေနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မယ့် စီးပွားရေး လုပ်ငန်းတွေ ဆွေးနွေးမှု မှာတော့ စိုက်ပျိုးရေး လုပ်ငန်း၊ အကြီးစား ဆောက်လုပ်ရေး လုပ်ငန်း၊ ရာဘာ လုပ်ငန်း၊ ခဲမဖြူနဲ့ ထုံးကျောက် လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်တဲ့ လုပ်ငန်း စတာတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သတင်း အချက်အလက်နဲ့ နည်းပညာ ဆက်သွယ်ရေး လုပ်ငန်း၊ စီးပွားရေး ဆိုင်ရာ အခြား အကြံပေး လုပ်ငန်း၊ ပညာရေး လုပ်ငန်း၊ ခရီးသွား လုပ်ငန်းနဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းများမှာ အကျိုးတူ ပူးပေါင်း တွေ့ဆုံကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန် ရွှေဈေးကွက် ကျပ် ခုနှစ်သိန်း ငါးသောင်း ကျော်အထိ ဈေးနှုန်း ရောက်ရှိ

ရန်ကုန်ရွှေ ဈေးကွက်မှာ အခုတစ်ပတ် အတွင်း အခေါက်ရွှေ တစ်ကျပ်သား ဈေးနှုန်းမှာ ကျပ် ခုနှစ်သိန်း ငါးသောင်း ကျော်အထိ ဈေးနှုန်းမြင့်တက် ရောက်ရှိ
လာတယ်လို့ ဆုမွန်အေး ရွှေဆိုင်ရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို ဈေးနှုန်း မြင့်တက်ခဲ့ ရာမှာတော့ ပြီးခဲ့တဲ့ အပတ်က အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ခုနှစ်သိန်း သုံးသောင်း ကျော်သာ ရှိခဲ့ရာက ယခု တစ်ပတ်မှာ ကျပ် ခုနှစ်သိန်း လေးသောင်း ကျော်အထိ ဈေးမြင့်ခဲ့ရာက သြဂုတ်လ ၂၄ ရက်နေ့ဈေးနှုန်းမှာ ကျပ်ခုနှစ်သိန်း ငါးသောင်း ကျော်ကို ရောက်ရှိ ခဲ့တာ ဖြစ်ပါတယ်။

အခုလို ရန်ကုန်ရွှေ ဈေးကွက်မှာ ဈေးနှုန်း မြင့်တက် ရတာဟာ ကမ္ဘာ့ရွှေ ဈေးနှုန်း အပေါ်မှာ မူတည်နေပြီး ကမ္ဘာ့ရွှေ ဈေးနှုန်းမှာ အခုတစ်ပတ် အစက တစ်အောင်စကို အမေရိကန် ဒေါ်လာ တစ်ထောင် ခြောက်ရာ့ နှစ်ဆယ် ကျော်သာ ရှိခဲ့ရာက အခုအခါ တစ်ထောင့် ခြောက်ရာ့ ခြောက်ဆယ် ကျော်အထိ မြင့်တက် လာတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ ရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေ ဈေးကွက်နဲ့နှိုင်းယှဉ်တဲ့ အခါမှာလည်း ဈေးနှုန်းကွာဟ လျော့နည်း နေတာကြောင့် အခုလို ဈေးနှုန်း လိုက်ပါမြင့်တက် လာရတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြည်တွင်းရဲ့ အခေါက် ရွှေတစ်ကျပ်သား ဈေးနှုန်း ကျပ်ခုနှစ်သိန်း ငါးသောင်း ကျော်အထိ မြင့်တက်မှုဟာ အခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းက တစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးပြီး ဈေးကွက် တလျှောက်လုံး ယခုကဲ့သို့ ဈေးနှုန်း မြင့်တက်မှုမျိုး မဖြစ်ပေါ် ခဲ့ဖူးဘူးလို့ ဈေးကွက် ကျွမ်းကျင်သူ တွေရဲ့ လေ့လာ သုံးသပ် ပြောကြားချက် အရ သိရပါတယ်။

ဒုတိယအကြိမ် အလုပ်အကိုင်ပြပွဲတွင် အလုပ်အကိုင် အခွင့်အလမ်း ပြခန်း တစ်ရာကျော် ပါဝင်

မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင် လုပ်ငန်းရှင်များ အသင်းမှ ကြီးမှူး ကျင်းပတဲ့ ဒုတိယ အကြိမ် အလုပ်အကိုင် အခွင့်အလမ်း ပြပွဲမှာ ပြခန်းပေါင်း ၁၃၀ ကျော်ရှိပြီး
အဆိုပါ ပြခန်းတွေ အနက် အခန်းပေါင်း ၁၀၀ ကျော်ဟာ အလုပ်အကိုင် အခွင့်အလမ်း ပြသတဲ့ ပြခန်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ အလုပ်အကိုင် အခွင့်အလမ်း ပြပွဲကိုတော့ သြဂုတ်လ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့ အထိ ပြုလုပ်လျက် ရှိနေတာ ဖြစ်ပါတယ်။

ဒီလို ပြသရာ မှာတော့ အလုပ်အကိုင် ပြခန်းတွေ အပြင် ပြပွဲ အတွင်း မှာပင် လာရောက် လျှောက်ထားတဲ့ အလုပ်အကိုင် အတွက် လိုအပ်တဲ့ အင်တာဗျူး ခေါ်ယူဖို့ အင်တာဗျူး သီးသန့် အခန်းတွေပါ ပြုလုပ်ထား ပါတယ်။ အဆိုပါ အလုပ်အကိုင် အခွင့်အလမ်းတွေ အတွက် ကုမ္ပဏီပေါင်း ၄၀ ကျော် ပါဝင်ပြသ လျက်ရှိတာလည်း ဖြစ်ပါတယ်။ အခုလို ပြည်တွင်းမှာ အလုပ်အကိုင် ရှာဖွေလိုသူတွေ အတွက် ပြုလုပ်ပေးတဲ့ အလုပ်အကိုင် အခွင့်အလမ်း ပြပွဲတွေကို ရန်ကုန်မှာ သာမက အခြားနယ် မြို့တွေမှာပါ ဆက်လက် ပြုလုပ်သွားဖို့ စီစဉ်လျက် ရှိတယ်လို့သတင်း ရရှိပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဘုန်းတော်ကြီးသင် ပညာရေး တက်ရောက်သူ လေးသောင်း ရှစ်ထောင်ကျော်ရှိ

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဘုန်းတော်ကြီးသင် ပညာသင်ကြားရေး ကျောင်းတွေမှာ တက်ရောက် သင်ကြား နေတဲ့ ကျောင်းသား၊ ကျောင်းသူ ဦးရေမှာ
လေးသောင်း ရှစ်ထောင်ကျော် ရှိနေတယ်လို့ သြဂုတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများသို့ ကျောင်းသုံး ပစ္စည်းများ ပေးအပ် လှူဒါန်းတဲ့ အခမ်းအနားမှ သိရပါတယ်။ ဒါ့အပြင် ဘုန်းတော်ကြီးသင် ပညာရေး သင်ကြားပေးနေတဲ့ ကျောင်းကတော့ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ၁၈၀ ကျော်ရှိတာ ဖြစ်ပါတယ်။

အဲ့ဒီကျောင်းတွေ ထဲကမှ ရန်ကုန် အနောက်ပိုင်း ခရိုင် အတွင်း ဘုန်းတော်ကြီးသင် ပညာသင်ကျောင်း ၂၄ ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူပေါင်း လေးထောင့် ခြောက်ရာကျော် သင်ကြားလျက် ရှိတာ ဖြစ်ပါတယ်။ အခုလို ဘုန်းတော်ကြီး ပညာသင် ကျောင်းတွေ ဖွင့်လှစ် ထားမှုမှာ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့တော့ ကျောင်းပေါင်း ၁၅၀၀ ကျော်ရှိပြီး ကျောင်းသား၊ ကျောင်းသူပေါင်း နှစ်သိန်း သုံးသောင်း နှစ်ထောင်ကျော် ပညာသင်ကြား လျက်ရှိတယ်လို့ သိရပါတယ်။ အခုလို သင်ကြားနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူတွေရဲ့ ထောက်ပံ့မှုတွေ သာမက ပြင်ပ အလှူရှင်တွေ ကလည်း လာရောက် လှူဒါန်းမှု တွေရှိတာ ဖြစ်ပါတယ်။

အဲ့ဒီလို လှူဒါန်းရာ မှာတော့ ရန်ကုန် အနောက်ပိုင်း ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ရုံးက ကြီးမှူးပြီး အဆိုပါခရိုင် အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေကို ကျောင်းသုံး ပစ္စည်းတွေ လှူဒါန်းမှု ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ လှူဒါန်းမှုကို မရမ်းကုန်း မြို့နယ်မှာရှိတဲ့ ကုမာရရာမ ကျောင်းတိုက်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို လှူဒါန်း ရာမှာ ကျောင်းသုံး ပစ္စည်းများ သာမက သာမဏေ ၀တ်စုံများ၊ သီလရှင် ၀တ်စုံများ အတွက်လည်း ကျပ်ရှစ်ဆယ့် လေးသိန်း ကျော်ဖိုး လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ လှူဒါန်းပွဲ အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးသန်းမြင့်၊ လူမှုရေး ၀န်ကြီး ဒေါက်တာ မြင့်သိန်းနဲ့ ရန်ကုန် အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးတို့ တက်ရောက် လှူဒါန်းခဲ့ ကြတယ်လို့ သတင်း ရရှိပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့