Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 19 October 2012

ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများတွင် ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များ ယခင်နှစ်ထက် ပိုမို ရင်းနှီးမြှုပ်နှံလာ


အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြ ချက်အရ ပြည်တွင်းရဲ့ စီးပွားရေး လုပ်ငန်း တွေမှာ ကိုရီးယား
လုပ်ငန်းရှင် များရဲ့ ရင်းနှီး မြှုပ်နှံမှုမှာ ယခင်နှစ်များ ထက်စာရင် ယခုနှစ် ဘဏ္ဍာနှစ်မှာ ၂ ဆ ပိုမိုရင်းနှီးမြှုပ်နှံ လာတယ်လို့ သိရပါတယ်။ ဒီလို ယခုနှစ်မှာ ပိုမိုမြှုပ်နှံ လာကြ ခြင်းဟာ ပြည်တွင်းရဲ့ စီးပွားရေးဟာ ပိုမိုပွင့်လင်း လာပြီ ပြည်ပရဲ့ရင်းနှီး မြှုပ်နှံမှု များကို ဖိတ်ခေါ်နေ တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ယခု စက်တင်ဘာ လကုန်အထိ ကိုးရီးယား လုပ်ငန်းများ အနေနဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်း တွေမှာ လုပ်ငန်း အမျိုးအစားပေါင်း ၅၈ ခုနဲ့ အမေရိကန် ဒေါ်လာသန်း နှစ်ထောင့် ကိုးရာ ခြောက်ဆယ့် ငါးသန်းကျော် အထိ မြှုပ်နှံထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ယခုလပိုင်း အတွင်းမှာ ကိုရီးယား နိုင်ငံကို သွားရောက်ခဲ့ပြီး သင်္ဘော တည်ဆောက်ရေး လုပ်ငန်း၊ သင်္ဘောကျင်း လုပ်ငန်းနဲ့ လျှပ်စစ်စွမ်းအင် ကဏ္ဍနဲ့ အကြီးစား စက်မှု လုပ်ငန်း များမှာ သွားရောက် လေ့လာခဲ့ကာ ပြည်တွင်းရဲ့ လက်ရှိ ဆောင်ရွက် လျက်ရှိနေတဲ့ အထူး စီးပွားရေး ဇုန်များတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက် နိုင်ရေး တို့ကိုလည်း ကိုရီးယား နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် များကို ဖိတ်ခေါ် ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခု လက်ရှိမှာ ကိုရီးယား လုပ်ငန်းရှင် တွေဟာ အထည်ချုပ် လုပ်ငန်း၊ စွမ်းအင် လုပ်ငန်း၊ သဘာဝ ဓာတ်ငွေ့နဲ့ ရေနံ လုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်း၊ သတ္တုတွင်း လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ စက်မှုကုန်ထုတ် လုပ်ငန်းများနဲ့ ကိုရီးယား အလှကုန် လုပ်ငန်းများ မြန်မာနိုင်ငံမှာ လက်ရှိ မြှုပ်နှံလျက် ရှိနေတာပဲ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုရီးယား နိုင်ငံရဲ့ ပြည်တွင်းမှာ ရင်းနှီး မြှုပ်နှံမှုဟာ အဆင့် ၄ ဆင့် နေရာမှာ ရှိနေတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့