Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 27 October 2012

သူ့မျက်ဝန်းမှာမျက်ရည်စတွေနဲ့


ငါမသိတဲ့ငါ့မိုးကောင်းကင်မှာ

အလွမ်းတွေငွေ့ရည်ဖွဲ့

နင့်မျက်နှာကိုမှန်းမျှော်ကြည့်ရင်းနဲ့

ငါ့မျက်ဝန်းမှာ

မျက်ရည်တွေနဲ့ပါလား

ငါ့ကိုငါတောင်မသိခဲ့

ရူးမိုက်စွာနဲ့

စိတ်ကိုအလိုလိုက်
နင့်ကိုယုံကြည်စွာနဲ့

နင့်ကိုငါဖွင့်ပြောမိခဲ့ပါတယ်......

နင်ကအလွမ်းတွေကိုပိတ်လှောင်

ငါ့စိတ်ကိုလှောင်ဖွဲ့ပြီး

နင့်ရဲ့သူငယ်ချင်းဆိုတဲ့စကားနဲ့

ဖြေသိမ့်ခါ
နေပေးခဲ့ပေမယ့်

မလုံတဲ့ ငါ့စိတ်ကတွေဝေ

နင့်အချစ်ကို

အချိန်တိုင်းတွေးလို့

ငါလေ နေတိုင်း

မပျော်ရဲ တော့ပါဘူး....
နင်မျက်ရည်ကျတဲ့ အခါ

ငါ ၀မ်းနည်းနေပေးပါ့မယ်

ငါ မျက်ရည်ကျတဲ့အခါ

ငါ့အတွက်ဆိုပြီး

နင်မငိုမိအောင် ထိန်းပေးပါလား

နင်ငိုရင်

ငါ့ရင်တွေ ကွဲကြေ

နင့်ငိုသံတွေက

ငါ့ရင်ကို ပေါက်ကွဲတော့မယ့်
မီးတောင်ပမာဆိုတာ

နင်မသိခဲ့ဘူးလားချစ်သူ...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့