Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 27 October 2012

မင်းနှင်စရာမလိုပါဘူး


ခံစားချက်တွေက တူချင်တူနေပါ့မယ်

ငါက နင့်ကိုချစ်တာ

ငါ့နလုံးသားနဲ့ရင်းခဲ့တာလေ

ပေးဆပ်တာမသိသလို

ရယူတာမသိအောင်

ငါ့အသိစိတ်တွေ ပျောက်ခဲ့တာပါ

ချစ်ခြင်းတွေတူရင်တောင်

ငါက

ငါ့ကိုငါပေးဆပ်

င့ါနှလုံးအိမ်မှာ

နင်မျှော်လင့်ချက်မဲ့မယ်ဆိုရင်း

ငါ့အသက်ကိုပေးဆပ်

နင့်ဘ၀တစ်သက်လုံး

ငါ့ မျက်ရည်တွေနဲ့

နင်ပျော်အောင်
ပေးဆပ်ချင်ခဲ့သူပါ ချစ်သူ

ချစ်သူ

မင်းအတွက်ငါက အတ္တကြီးချင်ကြီးပါမယ်

ငါ့ကိုယ်ငါ မသိအောင်

မင်းကိုငါချစ်တာတော့ မင်းမသိသလို
ငါလည်းမသိခဲ့ဘူးလေ

နင့်ကိုငါရည်စူးပြီး ငါ တေးဆိုနေပါ့မယ်

ညအမှောင်ကိုနာစွင့်ရင်း နင်လွမ်းဆွတ်တဲ့အခါ

ငါတေးဆိုသံကို

နင်ရင်ကကြားနေရပါမယ်


ချစ်သူ ငါဟာ နင့်အတွက်တော့
စေလိုရာစေပါ...

နင့်အတွက်ပျော်တော်ဆက်မဟုတ်ရင်တောင်

နင့်အတွက် နင်ကမယ့် ဇာတ်မှာ

ငါ ဘီးလိန်တော့မဖြစ်စေရပါဘူးချစ်သူ
မင်းအတွက် မလိုဘူးဆိုရင်

မင်းနှင်စရာမလိုပါဘူး

ငါအလိုက်သိနေပါမယ်...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့