Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 October 2012

စက်တင်ဘာလ အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၆ သန်းကျော် ရှိခဲ့


အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ပြီးခဲ့တဲ့ စက်တင်ဘာ လအတွင်း ပြည်ပမှ
ပြည်တွင်းမှာ လာရောက် ရင်းနှီး မြှုပ်နှံထား မှုမှာ အမေရိကန် ဒေါ်လာ ၆.၇၃၃ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလို လာရောက် ရင်းနှီး မြှုပ်နှံမှုတွေ ထဲမှာ ဂျပန်နိုင်ငံနဲ့ ကိုရီးယား နိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင် များဟာ အများဆုံး လာရောက် မြှုပ်နှံကြတာ ဖြစ်ပြီး လုပ်ငန်း လုပ်ကိုင်ခွင့် ၅ ခုကို ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ ပြည်ပ နိုင်ငံများမှ လာရောက် ရင်းနှီးမြှုပ်နှံ ထားတဲ့ နိုင်ငံတွေ ထဲမှာ တရုတ် နိုင်ငံမှ အများဆုံး ရင်းနှီးမြှုပ်နှံ ထားပြီး ထိုင်းနိုင်ငံမှ ဒုတိယ နေရာမှာ ရင်နှီးမြှုပ်နှံမှု ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခွင့်အလမ်း များဟာ ယခင်ကထက် ပိုမိုပွင့်လင်း လာတဲ့ အတွက် ယခု လက်ရှိမှာ အမေရိကန်၊ ဒိန်းမတ် စတဲ့ ဥရောပ နိုင်ငံများနဲ့ EU နိုင်ငံများ မှလည်း ပြည်တွင်းမှာ လာရောက် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရပါတယ်။

အခုလက်ရှိ ပြည်တွင်းမှာ ပြည်ပ နိုင်ငံများမှ ရင်းနှီးမြှုပ်နှံ ထားတဲ့ လုပ်ငန်းများ အနေနဲ့ စွမ်းအင် လုပ်ငန်း၊ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း၊ သဘာဝ ဓါတ်ငွေ့နဲ့ ရေနံ လုပ်ငန်း၊ သတ္တုတွင်း လုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး လုပ်ငန်းနဲ့ အခြား ၀န်ဆောင်မှု လုပ်ငန်းများမှာ လာရောက် ရင်းနှီးမြှုပ်နှံ ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့