၁။ ချိုသောစကား၊ပျူငှာမှုများ အမြဲတမ်းရှိနေစေပါ
မိန်းကလေးတွေဘက်က ယောက်ျားလေးကိုအပိုင်ရပြီလို့ထင်ရတဲ့အခြေအနေဆိုရင်
မိန်းကလေးတွေက စကားမချိုတော့တာ၊အမူအရာမပျူငှာတော့တာ အဲဒါတွေကို
ကိုကိုတွေက မကြိုက်ကြပါဘူး၊လှလှပပ ပြင်ပြင်ဆင်ဆင်မနေတော့တာတွေကိုလည်း
မောင်မောင်တွေက မကြိုက်ကြပါဘူး။
၂။ လွန်းကျူးစွာမချုပ်ချယ်ပါနဲ့
ယောက်ျားလေးဆိုတာမျိုးက လွတ်လွတ်လပ်လပ်နေရတာကိုနှစ်သက်တဲ့သဘာဝရှိတယ်။
အဲဒီတော့ ပျိုမေတို့အနေနဲ့လည်း သူ့ကိုလွတ်လပ်မှုကို ပါးပါးလေးပညာရှိစွာပေးထားရမယ်။
မဟုတ်ရင်သူသင့်ကိုရှောင်ပြေးသွားလိမ့်မယ်။
၃။ ကိုယ်ဖြစ်ချင်တဲ့လောဘ၊ဆန္ဒတွေကို သတိထားပါ
သူများတွေနဲ့ယှဉ်ပြီး လိုချင်ဖြစ်ချင်တာတွေကို ခဏခဏ အပူတိုက်တာမျိုးမလုပ်မိပါစေနဲ့။
သူတတ်နိုင်သလောက်ကိုပဲ ပူစာပါတောင်းဆိုပါ။သူ့ကိုမနိုင်ဝန်ထမ်းခိုင်းတာမျိုးမလုပ်မိပါစေနဲ့။
အဲလိုမဟုတ်ပဲ ခဏခဏနားပူတိုက်နေရင်ကြာလာတော့ ယောက်ျားလေးတွေခမျာ သနားစရာ
ချစ်လျက်နဲ့ရှောင်ပြေးသွားတတ်ပါတယ်။
၎။ ကိုယ်ကထုတ်မပြောပဲ ကိုယ့်ဆန္ဒကိုနားလည်ပေးစေချင်တာမျိုးမလုပ်ပါနဲ့
"မင်းဘာဖြစ်နေတာလဲ"ဆိုရင်"ကျွန်မ ဘာဖြစ်နေလဲ ရှင်မသိဘူးလား"ဆိုတာမျိုး
ဘုခနဲလုပ်တာမျိုးမလုပ်မိပါစေနဲ့။ အဲလိုဆိုရင်ယောက်ျားလေးတွေက သူငါ့ကို
အလကားနေရင်းကွိုင်ရှာတယ်ဆိုပြီး၊ ပေါက်ကွဲပြီး ရှောင်ပြေးသွားတတ်တယ်။
၅။ အခြားယောက်ျားတစ်ယောက်ရဲ့အကြောင်းကိုပါးစပ်ဖျားကမချတာမျိုးမလုပ်ပါနဲ့
အရေးကြီး သတိထားရမယ့်အချက်ပါ။ယောက်ျားလေးဆိုတာ ကိုယ့်ထက်တခြားယောက်ျားတစ်ယောက်ကို
အထင်ကြီးတာမျိုးကိုဘယ်ယောက်ျားလေးကမှ သဘောထားမကြီးတတ်ပါ။
စိတ်ထား ပြည့်ဝတဲ့ယောက်ျားလေးတွေတောင်ရှောင်ပြေးသွားမှာသေချာပါတယ်။
၆။ အလကာနေရင်းဂရုစိုက်ခံချင်တာမျိုးမလုပ်ပါနဲ့
ကိုယ့်လူကအလုပ်ရှုနေလားလည်းမသိနားမလည်
တစ်ချိန်လုံးကိုယ့်ကိုဂရုစိုက်နေတာပဲလိုချင်နေတယ်ဆိုရင်
ကြာရင် အဲဒီအပြုအမူက ယောက်ျားလေးတွေကို စိတ်ကုန်စေတဲ့အချက်တစ်ချက်ပါပဲ။
၇။ မလိမ်မိ၊မညာမိပါစေနဲ့
ယောက်ျားလေးတို့ရဲ့သဘာဝက လိမ်ခံရတာ၊ညာခံရတာကို သူတို့သိသွားပြီဆိုရင်
ရှက်သွားပြီးတစ်သက်လုံး
မကျေတော့ဘူး၊မမေ့တော့ဘူး၊ခွင့်လွှတ်တယ်ဆိုရင်တောင် မယုံတော့ဘူး။မိန်းကလေးတွေက
လိမ်လိုက်ရင်သူယုံမှာပါလို့ ထင်တတ်ကြတယ်။
အေး......ဒါပေမယ့်အလိမ်ပေါ်တဲ့နေ့က သူရှောင်ပြေးဖို့လမ်းဖွင့်ပေးလိုက်တဲ့နေ့ပဲ။
ကိုကိုတို့ကိုချုပ်ထားချင်တယ်ဆိုရင်တော့ အပေါ်ကအချက်တွေကိုလိုက်နာနိုင်မှရမယ်နော်...
No comments:
Post a Comment